ကယ်ရီငှားစီးသူ မှ ပိုက်ဆံမပေးဘဲ ကယ်ရီသမား ကို ဓါး နှင့် ထိုး

အင်းစိန်မြို့နယ် ၌ ဆိုင်ကယ် ကယ်ရီ ငှားစီးသူမှ ကယ်ရီခမပေးဘဲ ကယ်ရီသမားကို ဓါး နှင့် ထိုးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခု သြဂုတ် ၁၁ ရက်နေ့ ညနေ(၆)နာရီကျော်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် နေသူ ကိုသူရအောင် မှ ပေါက်တောဝ ဂိတ်၌ ကယ်ရီဆွဲရန်စောင့်နေစဉ် ပွကြီးဆိုသူရောက်လာပြီး ကယ်ရီငှားသဖြင့်လိုက်ပို့ပေးခဲ့ရာ

အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် ငြိမ်းသာယာလမ်းကြားတွင် ဆိုင်ကယ် ကယ်ရီခ တောင်းရာ ပွကြီးဆိုသူ မှ ပိုက်ဆံ မပါကြောင်း နောက်ရက်မှယူရန်ပြောသည်ကို လက်မခံဘဲတစ်ယောက်တစ်ခွန်းစကားများ ၍ ပွကြီး က အသင့်ပါလာသော ဓါးမြှောင်ဖြင့် ထိုးခဲ့ကြောင်း သတင်းရရှိသည်။

ဓါးထိုးခံရမှုကြောင့် သူရအောင်၌(၂၆)နှစ် ပတ္တမြားလမ်း ကမ်းနားအနောက်ရပ်ကွက် အင်းစိန်မြို့နယ်နေသူ ၌ ဝဲနံဘေးထိုးသွင်းဒဏ်ရာ (၁)ချက် ဝဲခါးစောင်း ထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဂျိုစောင်း ပေါက်ပြဲဒဏ်ရာ(၁)ချက် မေးစေ့ ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံ၌အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် တက်ရောက် ကုသနေရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက် ၍ ပွကြီးဆိုသူ အား အင်းစိန်မြို့မရဲစခန်း မှ (ပ)၁၈၉၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ(လႈိင္သာယာ) Real News Distribution Agency