ကျန်းမာရေးအခြေအနေစစ်ဆေးနေရသော်လည်း ရေဘေးအတွက် ထပ်မံသွားလှူဖို့အတွက် ပြင်ဆင်နေတဲ့ ဦးကျော်သူ

ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေပြီး “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”လို့ နှလုံးသွင်းမှတ်ယူထားတဲ့ ကျော်သူဟာဆိုရင် နာရေးကူညီမှုအသင်းကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ကျော်သူကတော့ အကူအညီလိုအပ်နေသူတိုင်းကို တတ်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်နော်။မွန်မြတ်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတဲ့ကျော်သူကို ပရိသတ်တွေက အရမ်းလေးစားပြီး ချီးကျူးနေရတာဖြစ်ပါတယ်။

ကျော်သူတို့အဖွဲ့က ရေဘေးအတွက်လည်း လိုအပ်တဲ့ပစ္စည်းတွေကိုသွားရောက်လှူဒါန်းကြပြီး အခုဆိုရင်လည်း”ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်နေကြပြီး၂၀၁၉ ၊ သြဂုတ် (၁၅)ရက်ယနေ့ ညအချိန်တွင် ဒုတိယ အကြိမ် ကရင်ပြည်နယ်၊ ကြာအင်းဆပ်ကြီးမြို့နယ် ရေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

အများပြည်သူအတွက် အများပြည်သူ ကောင်းမှုနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် (ခ) ဒေါ်မြင့်မြင့်ခင်ဖေ တို့မှ ဦးဆောင်ပြီး အသင်းသား/အသင်းသူများ၊ ပရဟိတ ဝန်ထမ်းများ စွမ်းစွမ်းတမံ ပြင်ဆင်လျှက်ရှိပါသည်။ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းသော အလှူရှင်မိသားစုများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။လုပ်အားဒါနပြုကြတဲ့ အသင်းသူ/သား နှင့် ဝန်ထမ်းများကိုလဲ ကျေးဇူးတင်ပါတယ် ။”လို့ရေးသားကာ နောက်ထပ်တစ်ခါသွားလှူမယ့်ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:နာရေးကူညီမှုအသင်း/ Kyaw Thu