ချစ်သူစုံတွဲတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ခေါင်းအုံး

အုံးစက်ပါ ဘုန်းလကျ်ာဆိုတာဟာ ချစ်ခြင်းသင်္ကေတတစ်ရပ်ပါ။

ချစ်သူနှစ်ဦး နှစ်ကိုယ်ယှဉ်တွဲ အိပ်စက်ရာမှာ ချစ်သူ ကိုယ့်လက်မောင်းပေါ် ခေါင်းတင်မှေးစက်စေပြီး ထွေးပွေ့နွေးထွေးရင်း အတူ တီဗီကြည့်တာ၊ မျက်နှာချင်းဆိုင် စကားစမြည်ပြောတာနဲ့ ချစ်တေးသီကျူးကြတာပါ။

ဒီလို လက်မောင်းပေါ် ခေါင်းအုံးထားတဲ့ ချစ်သူကြောင့် လက်မောင်း ကျင်တာမျိုးမှာ ချစ်ရေးချစ်တာမှာ အနှောင့်အယှက်ပါပဲ။

ချစ်ကြည်နူးတဲ့ အတူအိပ်စက်ချိန် အခါသမယလေးကို ဘယ်လို အနှောင့်အယှက်မျိုးမှ မရှိရအောင် ချစ်သူ အုံးစက်တဲ့ လက်မောင် မကျင်အောင် အထူးခေါင်းအုံးကို တီထွင်ထုတ်လုပ်လာပါတယ်။

ဒီ ခေါင်းအုံးဟာ အခုံးပုံ ခေါင်းအုံးဖြစ်ပြီး လက်မောင်းအပေါ် ထားရင်း ကိုယ့်ရဲ့ ချစ်သူအဖော်က ခေါင်းအုံးအပေါ် ခေါင်းချ အိပ်ချိန် ကိုယ်လက်မောင်းက ခေါင်းအုံးအကွေးအောက်မှာ သက်သောင့်သက်သာ ရှိနေစေတဲ့ coodle လို့ခေါ်တဲ့ ခေါင်းအုံးပါပဲ။

“ဒီ ခေါင်းအုံးကို အသုံးပြုပြီး ချစ်သူအဖော်ကို ကိုယ့်လက်မောင်းပေါ် အိပ်စက်စေလို့ ထွေးပွေ့ထားနိုင်ပါတယ်။”လို့ ခေါင်းအုံးကို တီထွင်ထုတ်လုပ်တဲ့ စွန့်ဦးတီထွင်သူ Bob နဲ့ Shirley ပြောပါတယ်။

ဒီ coodle ခေါင်းအုံးနဲ့ အိပ်စက်ရင်း တီဗီကြည့်တာဖြစ်ဖြစ် စမတ်ကိရိယာသုံးတာပဲ ဖြစ်ဖြစ် ပိုပြီး အဆင်ပြေ သက်သောင့်သက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ထုတ်လုပ်ပြီး အခုဆိုရင် ဗြိတိန်နိုင်ငံမှာပါ တင်သွင်းရောင်းချနေပြီဖြစ်တဲ့ ဒီ coodle ခေါင်းအုံးရဲ့ တန်ဖိုးကတော့ ပေါင် ၅၀ ဒသမ ၅၄ ပေါင်(အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ) ပဲ ဖြစ်ပါတယ်။

Rf; The Sun
Writer_မောင်သံဆင့်(XYZ News)