ချစ်သူဖြစ်နေရင်တောင် ဒါမျိုးလာလုပ်ရင် ရဲစခန်းမှာအမှုဖွင့်နိုင်ပါတယ်

ချစ်သူစုံတွဲတွေ အပါအဝင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြင့် ဖြစ်စေ ဘယ်လိုညှင်းပန်းနှိပ်စက်မှုမျိုး မဆို ဥပဒေနဲ့ ငြိစွန်းပါတယ်။ကိုယ်နဲ့ ဘယ်လောက်ချစ်နေတဲ့ ချစ်သူရည်းစားပဲ ဖြစ်နေပါစေ ခုဖော်ပြမယ့် အချက်တွေထဲက တစ်ခုခု လာလုပ်ရင်တော့ ဥပဒေနဲ့ ငြိစွန်းတာကြောင့် ရဲစခန်း ခေါ်သွားလို့ရပါတယ်။ကိုယ့်ကို ညှင်းပန်းနှိပ်စက်တဲ့ ချစ်သူကို သည်းခံနေမယ့်အစား တရားဥပဒေအရ ဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၁) လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေပေါက်ကြားစေခြင်း

တကယ်လို့ သင့်ချစ်သူက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေကို အွန်လိုင်းမှာဖြစ်စေ၊ တခြားဘယ်နေရာမှာ အဆို ပြန့်နှံ့စေခဲ့ရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်ပြီးအမှုဖွင့်နိုင်ပါတယ်။

(၂) ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များပြုလုပ်ခြင်း

ချစ်သူမကလို့ လင်မယားဆိုရင်တောင် တစ်ယောက်က အခြားတစ်ယောက်ရဲ့ ငွေကြေးဘဏ္ဍာ (ဘဏ်အကောင့်) နဲ့ပတ်သက်ပြီး ဝင်စွက်ဖက်ခွင့်မရှိပါဘူး။ ဥပမာ သူတို့မတတ်နိုင်တဲ့ ပစ္စည်းကို အတင်းဝယ်ပေးခိုင်းတာမျိုးပါ။

(၃) ခဏခဏနှိမ်တဲ့အသုံးအနှုန်းသုံးတာ

သင့်ချစ်သူ၊ ခင်ပွန်းက သင့်ကို နှိမ်တာ၊ သင်အသုံးမကျတဲ့ အကြောင်းတွေကို ထပ်ခါထပ်ခါပြောပြီး စိတ်ဓာတ်ကို ချိုးနှိမ်တာမျိုးဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ဖြစ်တာကြောင့် အမှုဖွင့်လို့ရပါတယ်။

(၄) မိဘ၊ သူငယ်ချင်းတွေနဲ့သွေးခွဲတာ

သင့်ချစ်သူ၊ ခင်ပွန်းဟာ သင့်သူငယ်ချင်းတွေ၊ မိဘတွေနဲ့ ပေးမတွေ့တာ၊ သူတို့နဲ့ဆက်သွယ်လို့မရအောင် လုပ်တာမျိုးဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းနေပါတယ်။

(၅) ခြောက်လှန့်တယ်

သင့်ချစ်သူ၊ ခင်ပွန်းဟာ ကိုယ်ထိလက်ရောက်သင့်ကို မနှိပ်စက်ရင်တောင် သင့်ကိုကြောက်လန့်အောင်လုပ်တယ်၊ အော်ဟစ်ဆူပူတယ်၊ ပစ္စည်းတွေကိုင်ပေါက်တယ်၊ နံရံကိုလက်သီးနဲ့ထိုးတယ်၊ သူ့ကိုသူသတ်သေမယ်လို့ ပြောတယ်၊ သင့်ကိုသတ်မယ်လို့ ပြောတယ်၊ သင့်စိတ်ကို ကြောက်လန့်အောင် ခြောက်လှန့်တဲ့ ဘယ်လိုအပြုအမူကိုပဲ လုပ်လုပ် ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်လို့ ရပါတယ်။

(၆) ကိုယ်ရေးကိုယ်တာဝင်စွက်ဖက်ခြင်း

သင့်ချစ်သူ၊ ခင်ပွန်းဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ဘဏ်အကောင့် password၊ Facebook သို့မဟုတ် Email password တွေကို သိဖို့ကြိုးစားတယ်၊ သင့်ရဲု့ကိုယ်ရေးကိုယ်တာတွေကို ဝင်စွက်ဖက်နေတယ်၊ သင့်ကို တိတ်တိတ်လေး အမြဲလိုက်ချောင်းနေတယ် ဆိုရင် ရဲတိုင်လို့ ရပါတယ်။

(၇) သင်မလုပ်ချင်တာကိုလုပ်ခိုင်းတယ်

နှစ်ဦးနှစ်ဖက် စိတ်မပါပဲ လိင်ဆက်ဆံခိုင်းတာ၊ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အတင်းအကျပ် လိုက်နာခိုင်းတာ၊ အဝတ်အစားအပြင်အဆင်ကအစ သူ့သဘောအတိုင်းပဲ လိုက်ခိုင်းတာမျိုးဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်နိုင်ပါတယ်။

(၈) အလွန်အမင်းသဝန်တိုခြင်း

သင့်ချစ်သူ၊ ခင်ပွန်းဟာ လူတိုင်းလိုလိုနဲ့သင့်ကို သဝန်တိုတယ်၊ မသင်္ကာအမြဲဖြစ်နေတယ်၊ သင့်ကိုချုပ်ချယ်ပြီး အမြဲတမ်း ပြသနာရှာ၊ ရစ်နေတယ်ဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းတာကြောင့် ရဲတိုင်လို့ရပါတယ်။

Credit to xyznews