စိတ်ဒဏ်ရာတွေ ရှိနေတယ်ဆိုရင် ဒီနည်းလမ်းတွေသုံးပြီး ကျော်ဖြတ်ကြမယ်

ဘဝမှာ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိဖူးလား။ အဆင်မပြေတဲ့ မိသားစုတစ်ခု၊ ငယ်ဘဝမှာဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေ…စသဖြင့် လူအများစုဟာ စိတ်ဒဏ်ရာ ကိုယ်စီနဲ့ပါ။ တချို့ကျတော့လည်း စိတ်ဒဏ်ရာတွေကို ကြိုးစားပြီးကျော်ဖြတ်နိုင်ကြသလို တချို့ကျတော့လည်း အဲဒီ စိတ်ဒဏ်ရာတွေနဲ့ပဲ သူတို့ရဲ့ဘဝကို အဆုံးသတ်လိုက်ကြတာပါ။ တကယ်တော့ ဘယ်လိုစိတ်ဒဏ်ရာမျိုးပဲဖြစ်ဖြစ် ကြိုးစားပြီး ကျော်ဖြတ်လို့ရတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ အဲဒါတွေကတော့…

(၁)။ ရင်ဖွင့်ပါ

သင်ခံစားနေရတာတွေကို မြိုသိပ်ထားတာက သင့််အတွက် မကောင်းပါဘူး။ စိတ်ထဲမှာ သိမ်းထားရတာများလေလေ ၊ လူက ပင်ပန်းလေလေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်လာနိုင်တဲ့အထိ ဆိုးသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ သင့်အနားမှာ အမြဲရှိနေပြီး၊ သင်ယုံကြည်ရတဲ့ လူတစ်ယောက်ယောက်ကို ရင်ဖွင့်ဖု့ိပါပဲ။ ကိုယ့်ရဲ့အခြေအနေတွေ၊ အဖြစ်အပျက်တွေကို တစ်ယောက်ယောက်ကို ပြောပြလိုက်ရရင် ခံစားနေရတာတွေလျော့သွားပြီး ကိုယ့်ကို နားလည်နိုင်မယ့်သူ တစ်ယောက်ယောက်ရှိနေပါသေးလားဆိုတဲ့အသိနဲ့ စိတ်ချမ်းသာရမှာပါ။

(၂)။ အတိတ်ကို ပြန်တွေးမနေပါနဲ့

အတိတ်ကို ပြန်တွေးနေလို့ ဘာမှ အကျိုးမရှိပါဘူး။ အတိတ်မှာဖြစ်ခဲ့တဲ့ အဆိုးတွေ၊ စိတ်ညစ်စရာတွေက သင့်ကို ဘာမှ အထောက်အကူပေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အတိတ်ကိုတွေးပြီး ဝမ်းနည်းနေတာ၊ စိတ်ညစ်နေတာတွေကို တတ်နိုင်သလောက် ရှောင်ပါ။ အနာဂတ်အကြောင်းပဲတွေး။ အနာဂတ်မှာ ဘာတွေလုပ်နိုင်မလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာပဲတွေး။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေစမ်းပါ။

(၃)။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်ရှောင်ပါ

ကိုယ်က စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတယ်ဆိုရင် လက်ရှိအချိန်လေးတွေမှာ ပျော်အောင်နေဖို့သာ ကြိုးစားပါ။ တစ်နေ့ချင်းစီကို ပျော်အောင်နေ၊ ကိုယ့်ဆီကိုရောက်လာမယ့် စိတ်ဖိစီးစရာကိစ္စတွေကို တတ်နိုင်သလောက်ရှောင်။ ဒီလိုဆိုရင် နေ့တိုင်းက ပျော်စရာကောင်းနေမှာဖြစ်ပြီး စိတ်ဒဏ်ရာတွေကို သတိရနေဖို့ အချိန်တောင်ရှိမှာမဟုတ်ပါဘူး။

(၄)။ တရားထုိင္ပါ

တရားထိုင်ခြင်းကလည်း သင့်စိတ်ကို ပိုမိုတည်ငြိမ်လာဖို့၊ ပိုမိုရင့်ကျက်လာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ တရားထိုင်ခြင်းကြောင့် သင့်ရဲ့စိတ်က ကြည်လင်လာမှာဖြစ်ပြီး ပြီးခဲ့တာတွေကို အကောင်းဖက်ကနေ တွေးတတ်လာလိမ့်မယ်။

(၅)။ လူတွေကို ချစ်ပါ

သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို တတ်နိုင်သလောက် ကူညီတာ၊ သူတို့ကို တန်ဖိုးထားတာ..စတာတွေကလည်း သင့်ရဲ့ စိတ်ဒဏ်ရာတွေကို မေ့ပျောက်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။ သင့်ရဲ့ လူတွေကို ချစ်တတ်တဲ့စိတ်ကြောင့် သူတို့ဆီက ရလာမယ့် နွေးထွေးတဲ့ မေတ္တာကို ခံစားရမှာဖြစ်ပြီး လောကကြီးကိုလည်း အကောင်းမြင်လာတတ်မှာမို့ပါ။

Credit to Shwemom