ဆံပင်အရှည်နဲ့ကောင်မလေးတွေကို ကောင်လေးတွေပိုပြီး မြတ်နိုးရတဲ့ အကြောင်းအရင်း

ချစ်သူရဲ့ဆံနွယ်အရှည်တွေဟာ ကိုကိုပုရိသတို့အတွက်တော့ စိတ်ကူးယဉ်ပန်းခင်းကြီးပါပဲ

ချစ်သူရဲ့ဆံနွယ်အရှည်တွေဟာ အမျိုးသားတွေအတွက်တော့ လဲလျောင်းချင်စရာ နူးညံ့လွန်းတဲ့ ကတ္တီပါကောဇောတစ်ခုပါပဲ။ ကိုယ့်ချစ်သူရဲ့ဆံနွယ်ရှည်တွေကို ကိုကိုတို့ဟာ ကာယကံရှင် တွေထက် တောင် ပိုပြီးသည်းသည်းလှုပ်တတ်ကြပါသေးတယ်။ ဆံပင်ဆိုတာ အမျိုးသမီးတွေရဲ့ ဒုတိယမျက်နှာပြင်ပါ လှပလွန်း တဲ့ ကေသာတွေဟာ အမျိုးသားတွေရဲ့အချစ်ကို ဆွဲဆောင်ဖို့ 80% လုံလောက်ပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ထက်ကိုယ့်ရဲ့ဆံပင်ကိုပိုပြီး ချစ်နေတယ် ဆိုရင် ပျိုမေတို့အနေနဲ့ စိတ်မဆိုးပါနဲ့။ ဒါဟာပျိုမေတို့ကိုချစ်လို့ ပျိုမေတို့နဲ့သက်ဆိုင်တဲ့ အစိတ်အပိုင်းလေးတွေအကုန်လုံးကို ချစ်တဲ့သဘောပါပဲ။ ချစ်စရာကောင်းတဲ့ကိုယ့်ချစ်သူရဲ့ ချစ်စရာ အကောင်းဆုံးအစိတ်အပိုင်းလေးကို ကိုကိုတို့အနေနဲ့ တန်ဖိုး ထားမြတ်နိုးတယ်ဆိုတာ သဘာဝပါပဲ။ ကိုယ့်ချစ်သူလေးကို တန်ဖိုးထားတဲ့ အပြင် သူ့ရဲ့ဆံနွယ်တွေကိုပါ ဂရုစိုက်ဖို့ဆိုတာ တော်ရုံမြတ်နိုးမှုနဲ့မရပါဘူး။ ဒါကြောင့် ဆံပင်တွေကိုတန်ဖိုးထား တဲ့ ကိုကိုတွေကိုပိုချစ်ပါ။

လှပလွန်းတဲ့ဆံနွယ်ရှည်တွေဟာ ကိုကိုပုရိသတို့ရဲ့ စိတ်ကူးယဉ် ပန်းခင်းကြီးပါပဲ။ အမျိုးသားအများစု ဟာ အမျိုးသမီးတွေရဲ့ ဆံနွယ်တွေကို အဓိကထားပြီး လေ့လာတတ်ကြပါတယ်။ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတွေကို ပိုပြီးချစ်ခင်စုံမက်တတ်ကြပြီး သူမတို့ရဲ့ဆံနွယ်ကိုလည်း ဂရုတစိုက်ရှိတတ်ကြပါတယ်။ ကိုကိုတို့ရဲ့ ကတ္တီပါကော်ဇောလည်းဖြစ် စိတ်ကူးယဉ်ပန်းခင်းကြီး လည်းဖြစ်တဲ့ ပျိုပျိုမေတို့ရဲ့ ဆံနွယ်ရှည်လေးတွေကို ဂရုတစိုက် ထားဖို့ အကြံပေးလိုက်တယ်နော်။

Credit:marry