တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း ပညာရှင်များ လေ့လာတွေ့ရှိ

တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက်အသစ်များအရသိရသည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

Credit to original writer