ထိုင်းနိုင်ငံမှာ ပရဟိတလုပ်ရန်အတွက် အသင်းသားသစ်များကို ပရဟိတအကြောင်းဝေမျှပေးခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ထိုင်းရောက် မြန်မာလုပ်သားများကို ကူညီပေးရန်အတွက် တွေ့ဆုံအစည်းအဝေးလုပ်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။

ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာလုပ်သားများကို အကူအညီပေးနိုင်ဖို့ မြန်မာ လုပ်သားများနဲ့ တွေ့ဆုံ အစည်းအဝေးလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက မြန်မာနိုင်ငံက ရွေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံပရဟိတအသင်းမှာ ပရဟိတလုပ်ငန်းများ ကိုပါဝင်ဆောင်ရွက်ရန်အသင်းသားများကို ပရဟိတ အကြောင်းမျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “ထိုင်းနိုင်ငံ ခိုလမြို့ စီထိုင်းစက်ရုံမှာ ကျမရဲ့ခိုင်နှင်းဝေပရဟိတအသင်းမှ ကြီးမှုးကျင်းပတဲ့ ပရဟိတအကြောင်းဝေမျှပြောဆိုခြင်းနှင့် ထိုင်းရောက်မြန်မာလူငယ်များတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်…၅နှစ်တာဖြတ်သန်းခဲ့တဲ့ကျမရဲ့အတွေအကြုံတွေ, လူငယ်တွေရဲ့ရှိပြီးသားပရဟိတစိတ်တွေကိုအခုထက်ပိုဆောင်ရွက်ချင်စိတ်တွေဖြစ်ပေါ်လာအောင် ကျမတတ်စွမ်းသလောက်ပြောပြခဲ့ပါတယ်.”

“အခုလိုပွဲတွေဖြစ်လာအောင်ကြိုးစားလုပ်ဆောင်ကြတဲ့ ကျမရဲ့ အသင်းသူ/သား တစ်ယောင်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်…ကျမသူတို့နဲ့အမြဲမတွေ့နိုင် စကားမပြောနိုင်ပေမယ့် အသင်းအတွက်သစ္စာရှိရှိ,ရပ်တည်ပြီး ကျမရဲ့အသင်းဝင်များအဖြစ်ရှိနေကြတဲ့အတွက်လည်းဝမ်းသာမိပါတယ်ရှင်… ” ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ လေးစားစရာကောင်းတဲ့ ပရဟိတ စိတ်ဓာတ်လေးက ခုဆိုရင် ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူူတင်ရှိပါတယ်နော်။

credit – momolay