ဒူးရင်းသီး ပေါ်ချိန်မို့ ဒူးရင်းသီး ကြိုက်သူများး သတိပြုစရာ

“အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်” ဆိုတဲ့ စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင် ဒုက္ခ ရောက်တတ်တာ ကို ဖော်ပြနေ တာ ပါ။

ဒူရင်းသီးဟာ စားတတ်ရင် အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေ ထက် တောင် အဆိပ်ပြင်း တဲ့ အသီး လို့ လည်း ပြောလို့ ရပါတယ်။

(၁)။ ဒူရင်းသီးနှင့် အရက် တွဲဖက် မစားသုံး သင့် ပါဘူး။ ဘာလို့လည်း ဆိုတော့ နှစ်ခုစလုံး အပူစာတွေ ဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ နှလုံးသွေးကြော ပေါက်ခြင်း၊ သွေးကြောများ ရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်း တို့ကြောင့် တွဲဖက် စားသုံးခြင်း မပြုဖို့ တိုက်တွန်း လိုပါတယ်။

(၂)။ အပူများ တဲ့ ခန္ဓာကိုယ် အဖွဲ့အစည်း ရှိသူများ၊ လည်ချောင်းနာ ချောင်းဆိုး သူများ၊ ဖျားနာ သူများ၊ လေပြွန်ရောင်ရောဂါ ရှိသူများ အနေဖြင့် ဒူရင်းသီး စားသုံးပါ က ရောဂါ အခြေအနေ ပိုမို ဆိုးရွား တတ်တာ ကြောင့် မစားသုံး သင့်ပါဘူး။

(၃)။ ဒူရင်းသီး မှာ အပူဓာတ် နှင့် သကြားဓာတ် ကြွယ်၀ စွာ ပါဝင်သော ကြောင့် အဝလွန် ရောဂါရှိ သူများ နှင့် ကိုယ်အလေးချိန်များ သူများ စားသုံးရန်မသင့်ပါဘူး။

(၄)။ ပိုတက်စီယမ်ဓာတ် အလွန်မြင့်မား စွာ ပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူ များအတွက် မသင့်လျော် ပါဘူး။

(၅)။ ဒူရင်းသီးကို တစ်ကြိမ် စား တိုင်း အများအပြား မစားသုံးသင့် သည့် အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ ထွက်နေ ပြီ ဆို ရင်လည်း စားသုံး ဖို့ မသင့် တော့ ပါဘူး။

(၆)။ ဒူရင်းသီး ထိပ်ပွင့် နေရင် အကြာကြီး ထားရန် မသင့် သည့် အပြင် အနံ့ လည်း ပြောင်းလဲ တော့မှာ ဖြစ်တာ ကြောင့် မဝယ်ယူ သင့်ပါဘူး။

(၇)။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက် အများ သောက်သုံး ပေး သင့် ပါတယ်။

ဒူရင်းသီးအတွင်း အာဟာရ ဓာတ် အလွန် ကြွယ်၀ စွာ ပါဝင်တာ ကြောင့် အမြောက်အများ စားသုံး ခြင်းဟာ ခန္ဓာကိုယ် ကို ဒုက္ခ ဖြစ် စေရုံ သာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံး သင့် ပါတယ်။ ဒူရင်းသီး အမြောက်အများ စားသုံး မိ ပါက မင်းကွတ်သီး စားသုံးပေး ခြင်း ဖြင့် အပူဓာတ် ကို လျော့ ချ ပေးနိုင် ပါတယ်။

ဒါကြောင့် ဒုရင်းသီး ကြိုက်နှစ်သက်ကြသော သူတွေ အနေ နဲ့ ဆင်ခြင် စားသောက်နိုင်ဖို့ အန္တရာယ် ကင်းစေခြင်း အကျိုးငှာ တင်ဆက် ပေးလိုက်ပါတယ် ရှင် ။

Credit : မူရင်းရေးသားသူ