ဗစ်တိုးရီးယားအမှု သိန်း (၅၀) ယူတယ်ဆိုပြီး သတင်းဖြန့်ဝေမှုအပေါ် ကိုဘုန်း ရှင်းပြီ

ကျွန်တော်က သိန်း( ၅၀) ယူတယ်ဆိုပြီး ပြည်သူအပေါ်ကို သတင်းအဆိပ်ကျွေးကျတယ်။ ဒါကတော့သူ့အနေနဲ့ မဟုတ်တာမှန်းသိလျက်နဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် တိုက်ခိုက်ပြီးရေးသားတယ်…


ရဲလုပ်သက်တစ်လျေှက်လုံးမှာ လာဘ်ပေးတာလဲမလုပ်ဘူး လာဘ်ယူတာလဲမလုပ်ဘူး မိမိမှာနဂိုရှိတာနဲ့တောင် လူတိုင်းကိုကူညီလိုက် အမြင်မတော်ရင်ကိုယ်ဆီကပြန်ပေးလိုက်နဲ့ နေလာခဲ့တာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ပါပြီ နောင်လည်းဒီလိုပဲသွားနေမှာပါပဲ…

စာဖတ်သူများတွက် အာမခံနိုင်တာကတော့ အဂတိတရား (၄)ပါးလုံးကို ကင်းရှင်းစွာနေထိုင်ပါတယ် ထို့အတွက်ကြောင့် စာဖတ်သူများအနေဖြင့် တဖက်သူရဲ့သက်သေအထောက်ထား အခိုင်အမာမပြနိုင်ပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွင် အသုံးချမခံစေလိုသော စိတ်ဆန္ဒဖြင့် ရှင်းပြရခြင်းဖြစ်ပါတယ်…


အများပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်…

ကိုဘုန်း – ဒုရဲမှူးအောင်ဘုန်းမြင့် (၁၅-၈-၂၀၁၉ )
Ko Bhone – ကိုဘုန်း — feeling confident.