မိန်းကလေးတွေ ချစ်သူဆီကနေ လိုချင်တဲ့ အရာ ( ရ ) ခု

နှစ်ဦးသားလက်တွဲတဲ့အခါ အမျိုးသမီးတွေဘက်က လိုချင်တာ၊ မျှော်လင့်တာတွေ ရှိပါတယ်။ တချို့အချက်တွေက နားလည်ပေးနိုင်ပေမဲ့ တချို့အချက်တွေကတော့ နှစ်ဦးသားလမ်းခွဲတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။

ဒီမျှော်လင့်ချက်တွေက ဘာတွေလဲဆိုတာ ကြည့်ကြည့်ရအောင်ပါ။

၁။ အခ်စ္ခံခ်င္တယ္

အချစ်ခံချင်တယ်ဆိုတာ အမျိုးသားတွေ ထင်သလို ဂရုစိုက်ခံချင်တာမျိုး မဟုတ်ပါဘူး။ အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ရတဲ့အခါ စိတ်ထဲမှာ တင်းကြပ်နေတာတွေ ပြေလျော့သွားပြီး ပျော်ရွှင်သွားလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ချစ်တဲ့လူနဲ့ အတူရှိနေရင်း လုံခြုံမှုရှိတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။

၂။ လုံခြုံမှု

ငယ်ရွယ်စဉ်ဘဝကတည်းက အမျိုးသမီးတွေဟာ ချုပ်တည်းမှုတွေ ရှိဖို့ ပိုသင်ကြားခံရလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်ချင်တာ၊ တိုင်ပင်ချင်တာတွေ ရှိပါတယ်။ ဒါကြောင့် လက်တွဲဖော်ဆီက လုံခြုံမှုကို မျှော်လင့်တတ်ပါတယ်။ လက်တွဲဖော်နဲ့ အတူရှိတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုရှိတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ်။

၃။ အျမင္ခံခ်င္တယ္

ဝတ်လာတာကို လှတယ်လို့ အပြောခံချင်တာမျိုး မဟုတ်ပါဘူး။ တစ်ဖက်လူစိတ်ထဲ ဘာတွေခံစားနေရလဲ မြင်စေချင်တာ ဖြစ်ပါတယ်။ တစ်ဖက်လူပြောချင်တဲ့ စကားတွေကို မပြောဘဲနဲ့ ကြားစေချင်တာ ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ ခံစားချက်အခြေအနေကို သိရှိနားလည်စေချင်တာ ဖြစ်ပါတယ်။

၄။ ပူးပေါင်းပါဝင်ချင်တယ်

အမျိုးသားတွေဟာ ဦးဆောင်ရမယ်ဆိုတဲ့ သင်ကြားမှုတွေ ရှိတာကြောင့် အမျိုးသားတွေက အမြဲတမ်းရှေ့က ဦးဆောင်ချင်ကြပါတယ်။ ဦးဆောင်တာကနေ ကြီးစိုးတဲ့အဆင့်ထိ ဖြစ်လာတတ်ပါတယ်။ ဒါမျိုး မလိုချင်ပါဘူး။ ဘယ်ကိစ္စမဆို နှစ်ဦးသား ပူးပေါင်းဖြေရှင်းတာမျိုးပဲ ကြိုက်ပါတယ်။ ဝမ်းနည်းစရာတွေရှိရင် ဖွင့်မပြောတာမျိုးကို သဘောမကျပါဘူး။ နှစ်ဦးသား ဝေမျှခံစားချင်ပါတယ်၊ ကူညီနိုင်တာတွေ ကူညီချင်ပါတယ်။

၅။ လိင်ပိုင်းဆိုင်ရာ

လိင်ပိုင်းဆိုင်ရာအရလည်း ဆွဲဆောင်မှုရှိတယ်လို့ အထင်ခံချင်ကြပါတယ်။ အထင်မခံရဘူးဆိုရင်တောင်မှာ လိင်ပိုင်းဆိုင်ရာအရ သူတို့က ဆွဲဆောင်မှု မရှိဘူးလို့ ပြောတာမျိုးကို မကြိုက်ပါဘူး။

၆။ တန္ဖိုးထား

မိန်းကလေးဟာလည်း သူတို့ကို တန်ဖိုးထားစေချင်ကြပါတယ်။ တန်ဖိုးထားကြောင်းပြဖို့ ယောကျာ်းလေးတွေလောက် အလုပ်ရှုပ်ခံစရာတောင် မလိုပါဘူး။ သူတို့ကို ချစ်ကြောင်းပြတဲ့အပြုအမူလေးတွေကတစ်ဆင့် တန်ဖိုးထားတယ်လို့ သူတို့ခံစားရပါတယ်။

၇။ အားကိုးခ်င္တယ္

ကိုယ်တွဲတဲ့လူဟာ အားကိုးရတဲ့လူဖြစ်စေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အားကိုးထိုက်တယ်လို့ ဘယ်အချိန်မှာ ခံစားရတယ်ဆိုတာကတော့ တစ်ဦးချင်းဆီပေါ် မူတည်ပါတယ်။ သူတို့မှာက သူတို့နှစ်သက်တဲ့ ပုံစံမျိုးတွေ ရှိပါတယ်။

Credit: loveshop