မွေးနေ့မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )နဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေဆန်း

နေဆန်းကတော့ မွန်တိုင်းရင်းသားလေး တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာတာပဲဖြစ်ပြီး ဟာသဗီဒီယိုလေးတွေအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်းတင် ဆက်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယို ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်အားပေးရတဲ့အထိ ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

နေဆန်းဟာ မကြာသေးမီက နေဆန်းဟာဆွမ်းကျွေးအလှူလေးလည်း ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူ အတန်းတွေလည်း မကြာခဏလုပ်လေ့ရှိသူဖြစ်ပါတယ်။ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က Food Boxမှာ မုန့်တွေကိုသွားရောက်လှူ ဒါန်း ခဲ့သေးတာပဲ ဖြစ်ပြီး စကားပြောပွင့်လင်း ရိုးသားတဲ့သူ့ကို မိန်းကလေးပရိသတ်တွေကလည်း အမှန်အကန်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။

မိဘအပေါ်မှာလည်း သိတတ်ကာ အလုပ်အကျွေးပြုစုနေသူဖြစ်တဲ့နေဆန်းကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )ကို သူ့ရဲ့မိဘနှစ်ပါးအား ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ” ဒီနေ့မွေးနေ့မှာ ဒီလစုထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ ) ကို အဖေအမေကိုကန်တော့လိုက်တယ်။ပြီးတော့ မိဘမဲ့ကလေး ဘိုးဘွားရိပ်သာမှာလည်း အလှူတွေလုပ်ခဲ့ပါတယ်။အားပေးတဲ့ချစ်ပရိတ်သက်များအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ” ဆိုပြီး သူ့ရဲ့ ပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးလည်း နေဆန်းရဲ့ အလှူတွေအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source:Nay San