ရာသီအဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ပွဲ ရှာဖွေနိုင် ခဲ့တဲ့ ယူနိုက်တက် 4 – 0 ချဲလ်ဆီး ပွဲစဉ်မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်များ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရာသီ သစ် အဖွင့် ပွဲစဉ် မှာပဲ လမ်းပတ် ဦးဆောင်တဲ့ ပြိုင်ဖက်ကောင်း ချဲလ်ဆီး ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရယူ နိုင်ခဲ့ ပါပြီ ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် တိုက်စစ်မှူး ရပ်ရှ်ဖို့ က နှစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ပြီး မာရှယ် နဲ့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် တို့က တစ်ဂိုးစီ သွင်းယူ ပေးနိုင် ခဲ့ကြ ပါတယ် ။

ပွဲချိန် 17 မိနစ် မှာ ဇူးမား ဟာ ရပ်ရှ်ဖို့ ကို ပင်နယ်တီ ဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ပင်နယ်တီ ရရှိ ခဲ့ပြီး အဆိုပါ အခွင့် အရေး ကိုတော့ အင်္ဂလန် လက်ရွေးစင် က ဂိုး အဖြစ် ပြောင်းလဲ သွားနိုင် ခဲ့ ပါတယ် ။ ချဲလ်ဆီး ဖက်ကလည်း ပထမပိုင်း အတွင်း အခွင့်အရေး ကောင်းတွေ ရရှိ ခဲ့ပေမယ့် တိုင်ထိ ခဲ့တာ တွေက ဧည့်သည် အသင်း ကို နစ်နာ စေခဲ့ ပါတယ် ။

ဒါ့ကြောင့် ပထမပိုင်း 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ယူနိုက်တက် အတွက် ဂိုးတွေ ကို မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ လူစားဝင် လာတဲ့ ဒန်နီယယ် ဂျိမ်းစ် တို့က ကိုယ်စီ သွင်းယူ ပေးခဲ့ ကြတဲ့ အတွက် ယူနိုက်တက် တို့ အဖိုးတန် အနိုင် 3 မှတ်ကို ရယူ နိုင်ခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မှ နှစ်ဖက် အသင်း ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန္ခ်က္စတာ ယူနုိက္တက္

ဒီဂီယာ ( 7 )

တစ်ကယ့်ကို အရေးကြီးတဲ့ အခိုက်အတန့် တွေမှာ အဖိုးတန် ဂိုးပေါက် ကာကွယ်မှု တွေ ပြုလုပ် ပေးသွား ခဲ့ ပါတယ် ။

ဝမ္ ဘစ္ဆာကာ ( 8 )

တစ်ကယ့် ကို အထင်ကြီးဖွယ် ခြေစွမ်းကောင်းတွေ ပြသ နိုင်ခဲ့ ပါတယ် ။ တိုက်စစ် ရော ခံစစ်ပါ အကောင်းဆုံး လိုက်ပါ ကစားပေး နိုင်ခဲ့ သလို ကစားအား ကောင်းမွန် ခဲ့မှု ကြောင့် ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဆန်ကာတင် စာရင်း ထဲ ပါဝင် ခဲ့ ပါတယ် ။

မက္ဂြားယား ( 7 )

ပြီးခဲ့တဲ့ ရာသီ တုန်းက ယူနိုက်တက် ရဲ့ အားနည်းချက် ဖြစ်ခဲ့တဲ့ ခံစစ်ပိုင်း မှာ အမှား အယွင်း မရှိအောင် ကစားပေး နိုင်ခဲ့ သလို အလွတ် တည်ကန်ဘော တွေ ရရှိ တဲ့ အခါ မှာလည်း ပြိုင်ဖက် ဧရိယာ ထဲ ခြိမ်းခြောက် မှု ပြုလုပ် နိုင်ခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ( 7 )

မနှစ်ကလို ခြေစွမ်း ကောင်း တွေကို ဆက်လက် ပြသ သွားနိုင် ခဲ့ပြီး အသင်းဖော် သစ်နဲ့ မက်ဂွားယား နဲ့ အတူ အကောင်းဆုံး ပူးပေါင်း ကစားပေး နိုင်ခဲ့ ပါတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။

လုခ်ရှော ( 7 )

ပွဲစဉ် တစ်လျောက် အတက် အဆင်း မှန်မှန် ကစားရင်း ပတ်ဒရို ကို ထိန်းချုပ် နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ခံစစ် ကစားပုံကိုလည်း ပြသ သွားနိုင် ခဲ့ ပါတယ် ။

မက် တော်မီနေး ( 7 )

ရိုးရှင်းတဲ့ ကစားပုံ နဲ့ အတူ ကွင်းလယ် မှာ အကောင်းဆုံး ခြေစွမ်း ပြသ သွားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ဒီထက် ပိုကောင်း တဲ့ ခြေစွမ်း မျိုး ပြသ နိုင်ဖွယ် ရှိတဲ့ အလားအလာ ကောင်းတွေ ကိုလည်း ပြသ နိုင်ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာ ( 7 )

ကွင်းလယ် ပိုင်းမှာ အကောင်းဆုံး ဘောလုံး ကိုင် ကစားပြ နိုင်ခဲ့ ပြီး အသင်းဖော် တွေ အတွက် နှစ်ကြိမ် ဂိုး ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ အကွက်မြင်မှု တွေ ကတော့ ယူနိုက်တက် ကို အဖိုးတန် နိုင်ပွဲ ရရှိ စေခဲ့ ပါတယ် ။

ပါရဲရား ( 6 )

ကွင်းလယ် တိုက်စစ် ပိုင်းမှာ ကစား ခဲ့ရ ပေမယ့် ထူးခြား ကောင်းမွန် လှတဲ့ ခြေစွမ်း မပြသ နိုင်ခဲ့ ပါဘူး ။ ဂိုး ဖန်တီး မှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ ပါတယ် ။

လင္ဂတ္ ( 7 )

ဘောလုံး ကိုင် ကစားတာ ကောင်းမွန် ခဲ့ သလို ပြိုင်ဖက် တွေကို လှလှ ပပ ကျော်ဖြတ် ပြီး တိုက်စစ် ကစားဟန် ကို ပုံဖော် ပေးနိုင် ခဲ့ ပါတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ရ ပါတယ် ။

မာရွယ္ ( 7 )

တိုက်စစ်ပိုင်း မှာ လင်ဂတ် ၊ ရပ်ရှ်ဖို့ တို့နဲ့ ဟန်ချက် ညီညီ ကစားပေး နိုင်ခဲ့ သလို အသင်း အတွက် ဂိုးလည်း သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် ခံစစ် ကိုလည်း အထူး ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။

ရပ်ရှ်ဖို့ ( MOTM )

အရေး ပါတဲ့ ပင်နယ်တီ ကို တည်တည်ငြိမ်ငြိမ် ဂိုး အဖြစ် ပြောင်းလဲ ပေးရင်း အသင်း အတွက် နှစ်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်ဖို့ ထိုက်တန် ကြောင်း ပြသ သွားခဲ့ ပါတယ် ။

လူစားဝင် ကစားသမား များ …

ဒန်နီယယ် ဂျိမ်းစ် ( 6 )
ဂရင်းဝုဒ် ( ပွဲ ကစား ချိန် မလုံလောက်ခဲ့ )
မာတာ ( ပွဲ ကစား ချိန် မလုံလောက်ခဲ့ )

ချဲလ်ဆီး

ကီပါ ( 5 )

ပထမပိုင်း အတွင်း အတော်လေး ကောင်းခဲ့ ပြီး ယူနိုက်တက် ရဲ့ သွင်းဂိုး သုံးဂိုး မှာ သူ့ရဲ့ အားနည်းချက် ၊ အမှား တွေ မပါဝင်ခဲ့ ပါဘူး ။

အက္ဇ္ပီလီကူတာ ( 4 )

အစောပိုင်း မှာ ခြေစွမ်း ကောင်း ပြသရင်း တိုက်စစ် ပိုင်း လိုက်ပါ ကစား နိုင်ခဲ့ ပေမယ့် ဒုတိယ နဲ့ တတိယ ပေးဂိုး တွေမှာ မာရှယ် နဲ့ ရပ်ရှ်ဖို့ တို့ကို မဟန့်တား နိုင်ခဲ့ ပါဘူး ။

ခရစၥတန္ဆန္ ( 5 )

အသင်းဖော် ဇူးမား ထက် ပိုကောင်းအောင် ကစား နိုင်ခဲ့ ပြီး လျင်မြန် တဲ့ ပြိုင်ဖက် တွေကို လိုက်လံ ဟန့်တား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ခံစစ်ပိုင်း ကို လုံခြုံအောင်တော့ မကာကွယ် နိုင်ခဲ့ ပါဘူး ။

ဇူးမား ( 3 )

သူ့ကြောင့် ပင်နယ်တီ ပေးခဲ့ ရသလို ကစားပုံ မသေသပ် ခဲ့တဲ့ အတွက် အဝါကဒ်ပြား လည်း ပြသ ခံခဲ့ရ ပါတယ် ။ ဒါ့အပြင် ဘောလုံး ပိုင်ဆိုင် မှု တွေကို များစွာ လည်း ဖြုန်းတီး ခဲ့ ပါတယ် ။

အီမာဆင္ ( 7 )

ချဲလ်ဆီး အသင်း အတွက် အကောင်းဆုံး ကစားပေး နိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ပါပဲ ။ တောင်ပံ တစ်လျောက် အတက် အဆင်း မှန်မှန် နဲ့ ကစား နိုင်ခဲ့ သလို ကောင်းမွန် တဲ့ ဂိုးပေါက် ခြိမ်းခြောက် မှုလည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။

ဂျော်ဂျင်ဟို ( 6 )

ပထမပိုင်း အတွင်း ကောင်းမွန် ခဲ့ ပေမယ့် ဒုတိယ ပိုင်းမှာ ဘောလုံး ပေးပို့ မှု မတိကျ ခဲ့ခြင်း ၊ ခြေစွမ်း ကျဆင်း ခဲ့မှု နဲ့ အတူ လူစား လဲခံ ခဲ့ရ ပါတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ရ ပါတယ် ။
ကိုဗာဆစ် ( 4 )

အရေးကြီး တဲ့ အခိုက်အတန့် တွေမှာ အသင်း အတွက် အကျိုး သက်ရောက် မှု မရှိခဲ့ ပါဘူး ။ ဒါ့အပြင် အသင်းဖော် ဂျော်ဂျင်ဟို နဲ့လည်း အပေး အယူ ညီစွာ မကစား ပေးနိုင် ခဲ့ ပါဘူး ။

ပတ္ဒရို ( 5 )

ပွဲချိန် အပြည့် ကစား ခွင့် ရရှိ ခဲ့ပြီး အခွင့် အရေး ကောင်း အချိုါ ရရှိ ခဲ့ ပေမယ့် ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ တာကြောင့် စိတ်ပျက်ဖွယ် ပွဲစဉ် တစ်ပွဲ ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

မာဆွန် မောင့် ( 5 )

အသင်း အတွက် ပရီးမီးယား လိဂ် ပွဲထွက် ကစား ပေး ခဲ့ရာ မှာ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ ပွဲစဉ် အတွင် နေရာ ယူ ကောင်းခဲ့ ပေမယ့် အခွင့်အရေး တွေကို အသုံးချ ရာမှာ အားနည်း နေခဲ့ ပါတယ် ။

ဘာကေလ ( 6 )

ပွဲစဉ် မှ မထွက်ခွာခင် အထိ ခွန်အား အပြည့် နဲ့ ကစား ပေး နိုင်ခဲ့ ပြီး အခွင့် အရေး ကောင်း ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ဂိုးပေါက် ကန်သွင်း မှု နှစ်ကြိမ် လုပ်ခဲ့ ပေမယ် ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။

အေဘရာဟမ် ( 5 )

ကောင်းမွန် တဲ့ အခွင့် အရေး ရရှိခဲ့ ပေမယ့် ဘောလုံး ဟာ ဂိုးတိုင်မှန် ပြီး ပြန်ထွက်ခဲ့ ပါတယ် ။ ဘောလုံး ကိုင် ကစား တာ ကောင်းမွန် ခဲ့ပြီး အသင်းဖော် တွေကို နေရာ လွတ် ရရှိ စေနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အတွက် ပုံမှန် ပွဲထွက် ပေးနိုင် ဖို့ အတွက် ပိုကောင်း တဲ့ ခြေစွမ်း တွေ ပြသ နိုင်ဖို့ လိုအပ် နေပါ သေးတယ် ။ အဝါကဒ်ပြား ပြသ ခံခဲ့ရ ပါတယ် ။

လူစားဝင် ကစားသမား များ …

ပူလီဆစ် – 5
ဂီရော့ – 5
ကန်တီ – 6

Credit to Sports_Myanmar