လက်မ ကောက်တဲ့သူနဲ့ဖြောင့်တဲ့သူများ၏ စိတ်နေသဘောထား

ကိုယ့်ရဲ့အမူအရာ ၊ ကိုယ့်ရဲ့ လက်ဗွေရာနဲ့ ကိုယ်နှစ်သက်တဲ့အရောင်တွေဟာ ကိုယ့်အကြောင်းပြောပြနေတယ်ဆိုတာက ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်မရဲ့ ပုံစံက ကိုယ့် ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတယ်ဆိုရင်ရော…။

တစ်ချို့သော လူတွေ လက်မထောင်တဲ့အခါ လက်မက ဆန့်နေပြီး တစ်ချို့သော သူတွေကျတော့လည်း ကွေးနေလေ့ရှိပါတယ်။ လက်မဆန့်နေတဲ့သူတွေဟာ များသောအားဖြင့် စိတ်ဆတ်တဲ့သူတွေဖြစ်ပြီး စိတ်ညစ်ညူးလွယ်ကြတဲ့သူတွေပါ။ထိုသူတွေဟာ ကျန်းမာရေးအလွန်လိုက်စားတဲ့သူတွေ ဖြစ်ပြီး မိသားစုကျန်းမာရေးကိုလည်း အလွန်ဂရုတစိုက်ရှိကြလေ့ရှိပါတယ်။

လက်မကောက်နေတဲ့သူတွေကတော့ အလွန်ပွင့်လင်းတဲ့သူတွေပါ။ကိုယ့်ကိုယ်ထက်အခြားသူတွေအရေးကိုဦးစားပေးပြီးတွေးလေ့ရှိတဲ့သူတွေပါပဲ။နောက်တစ်ချက်ကတော့ လက်မကောက်တဲ့သူတွေဟာ ကိုယ့်ရုပ်ရည်ကို ကိုယ် သိပ်ဂရုတစိုက်ပြုပြင်ကြလေ့ရှိကြပါတယ်။

Writer – Min Thu ( XYZ News )