လက်ချောင်းအတိုအရှည်ကပြောတဲ့ လူတစ်ယောက်ရဲ့စိတ်နေသဘောထား

၁။လက်သူကြွယ်ကလက်ညှိုးထက်ပိုရှည်တဲ့လူတွေဟာဆွဲဆောင်မှုရှိတယ်ဩဇာရှိတယ်၊နှစ်လိုဖွယ်ကောင်းတယ်။သူတို့တွေဟာအပြောအဆိုဆက်ဆံရေးကောင်းပြီးattention ဘယ်လိုရအောင်လုပ်ရမလဲသိတဲ့လူတွေဖြစ်တယ်။ရည်မှန်းချက်လည်းကြီးပြီးအောင်မြင်တဲ့လူတွေလဲဖြစ်တယ်။ဘာလုပ်လုပ်ထူးထူးချွန်ချွန်လုပ်တတ်တယ်။

၂။လက်သူကြွယ်ကလက်ညှိုးထက်ပိုတိုတဲ့လူတွေဟာကိုယ့်ကိုကိုယုံကြည်မှုရှိပြီးတင်းတိမ်တတ်တဲ့လူတွေဖြစ်တယ်။သူတို့ဟာခေါင်းဆောင်ကောင်းတွေဖြစ်ပြီးဦးဆောင်နိုင်စွမ်းရှိတယ်။သူတို့တွေဟာစိတ်တည်ငြိမ်စွာထားတတ်တဲ့သူတွေဖြစ်ပြီးတစ်ခုခုကိုစလုပ်ရင်လည်းအဆုံးထိတာဝန်ယူတတ်တဲ့သူတွေဖြစ်တယ်

၃။လက်သူကြွယ်နဲ့လက်ညှိုးတစ်ညီတည်းရှိနေတဲ့လူတွေဟာဂရုစိုက်ပေးတတ်တယ်၊မျှတမှုရှိတယ်၊ငြိမ်းချမ်းစွာနေထိုင်တတ်သူတွေဖြစ်တယ်။သူတို့တွေဟာနူးညံ့သိမ်မွှေ့တဲ့သူတွေဖြစ်ပြီးပဋိပက္ခတွေကိုရှောင်ရှားတတ်တဲ့သူတွေဖြစ်တယ်။သူတို့တွေဟာသူငယ်ချင်းကောင်းတွေဖြစ်ပြီးတစ်ပါးသူကိုကူညီဖို့အမြဲအသင့်ဖြစ်နေတတ်တယ်။အလုပ်မှာဖြစ်ဖြစ်၊သူငယ်ချင်းအချင်းချင်းဖြစ်ဖြစ်၊အချစ်ရေးမှာဖြစ်ဖြစ်သစ္စာရှိတဲ့သူတွေဖြစ်တယ်။အကောင်းမြင်တတ်ပြီးဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အကောင်းမြင်ရန်ကြိုးစားတတ်ပါတယ်။

Writer – Min Thu ( XYZ NEWS )