လက်ပြင်ကြောငုတ်ခြင်း ၊ လက်ထုံကျင်ခြင်း လက်ကပ်နေခြင်းအတွက် မိမိကိုယ်တိုင် ကုသနည်းများ

လက်ပြင်ကြောငုတ်နေတာ ဘယ်လိုလုပ်ရပါ့

လက်ပြင်ကြောငုတ်ခြင်းအတွက် ကတော့ မိမိရဲ့ ဝေဒနာ အပြင်းအနိမ့်ပေါ်မူတည်ပြီး မိမိကိုယ်တိုင် လေ့ကျင့်ခန်း အဖိ အဖော့ကို လုပ်ကြည့်ရမှာပါ။ ဖြစ်နေတဲ့ လက်ကို ကြက်တောင်ပံ ပုံသဏ္ဍာန် ခပ်ကွေးကွေးလေး လုပ်ပါ။

(၁) ကြက်တောင်ပံခတ်သလို ညင်ညင်သာသာအထက် နှင့် အောက် ခတ်ပါ။

(၂) ကြက်တောင်ပံ ပုံသဏ္ဍာန်အတိုင်း လက်ကို ဘေးဘက် သို့ တန် း၍ ပုခုံးဖြင့် တတန် းတည် း ကပ်ထား၍၊ ပုခုံးတစ်ခုတည်းကိုသာ အနောက်မှ အရှေ့သို့ခပ်ဖြည်းဖြည်း စက်ဝိုင်းလှည့်ပေးပါ။

(၃) ပြီးရင် အမှတ်စဉ် ၂ နှင့် ပြောင်းပြန် လားရာအတိုင်း ပုခုံးကို စက်ဝိုင်းလှည့်ပေးပါ။

(၄) တစ်ယောက်ယောက်ကို အကူအညီဖြင့် ငုတ်နေသောလက်ပြင်ကြောနေရာကို အကြောပြေ ဒဏ်ကြေလိမ်းဆေးဖြင့် လိမ်းပေးပါ။ ဆေးလိမ်းပေးသောသူက ငုတ်နေသော လက်ပြင်ကြောနေရာကို လက်မလေးဖြင့် ခပ်သာသာ စက်ဝိုင်းပုံသဏ္ဍာန် အကြောဖြေ လိမ်းပေးပါ။

(၅) သွေးလေ ဖောက်ပြန်ခြင်း၊ ပူလွန်း အေးလွန်းရောဂါ၊ အကြောညက် အကြောကပ် ဝေဒနာများအတွက် ဦးစိုင်းအကြောပြေ လိမ်ဆေးက အထူးကောင်းမွန်ပါတယ်။

Credit to မ ပေါက်ပေါက်

လက်ပြင်ကြောငုတ်ခြင်း လက်ထုံကျင်ခြင်း လက်ကပ်နေခြင်းအတွက်မိမိကိုယ်တိုင် ကုသနည်း

ရှေးဦးစွာမတ်တပ်ရပ်လျက် နံရံတစ်ခုတွင် မိမိတံတောင်ဆစ်ကို45ဒီဂရီမျှှထောက်ထား လိုက်ပါ။

ဒုတိယပုံအတိုင်းဦးခေါင်းကိုနံရံဖက်သို့ဖိကပ် ထားလိုက်ပါ

ဖိလိုက် မူလအနေအထားပြန်ယူလိုက်ဖြင့်၁၀ကြိမ်ခန့်လုပ်ပေးပါ။

စတင်လုပ်စဉ်အကြောများတင်းအောင့်နေပြီး မကြာမီအောင့်ခြင်းသက်သာလာပါက ဝေဒနာလျော့ပါးလာပါမည်။

အကယ်၍ပထမ(၁၀)ကြိမ်နှင့်မသက်သာပါ ကနားနားပြီးထပ်မံပြုလုပ်ပေးပါ။ဝေဒနာ သက်သာလာပါမည်။

Shwe La Thar Win