လိင်ပြောင်းထားတဲ့ အမျိုးသမီးကို ” အကို ” လို့ခေါ်မိလို့ အသရေဖျက်မှုဖြင့် အဖမ်းခံရ

လိင်ပြောင်းထားတဲ့ အမျိုးသမီးကို ” အကို ” လို့ခေါ်မိလို့ အသရေဖျက်မှုဖြင့် အဖမ်းခံရ

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကလေးအမေဟာ လူမှု ကွန်ရက် တစ်ခုဖြစ်တဲ့ တွစ်တာမှာ လိင်ပြောင်းထားတဲ့ အမျိုးသမီးအား ” အကို ” ဟုခေါ်ဆိုမိရာမှ ရ နာရီ ကြာ ထိန်းသိမ်း ဖမ်းဆီးခံခဲ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စရပ်ဖြစ်ပွားခဲ့ပါတယ်။ရဲအရာရှိသုံးယောက်ဟာဆိုရင် အသက် 38 နှစ် ရှိကလေးအမေကို ဟက်ဖို့ဒ် ရှိုင်းယား ပြည်နယ် ဟစ်ချင် မြို့နယ်ရှိ သူမရဲ့နေအိမ်မှာ စောင့်ကြပ်ပိတ်လှောင်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းပြီး နှစ်လခန့်ကြာမြင့်သည်အထိ သူမရဲ့ဟမ်းဖုန်နဲ့ လက်တော့ပ်ကို သူမထံပြန်မပေးပဲ သိမ်းဆည်းထားကြောင်းသိရပါတယ်။

ရဲဝန်ထမ်းတွေဟာဆိုရင် Kate Scottow အမည်ရှိ အမျိုးသမီး တစ်ယောက်ကိူ တွစ်တာ စာမျက်နှာပေါ်မှာ အသရေဖျက်မှုဖြင့် ရဲစခန်းသို့ မဖမ်းစီးမီ အိမ်မှာ ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Kate ရဲ့ ဓာတ်ပုံ၊ ဗီဇ စစ်ဆေးမှာတွေနဲ့ လက်ဗွေရာများပါ သက်သေ ယူခဲ့ကြတယ်လို့်သိရပါတယ်။ဒီဇင်ဘာ ၁ ရက်နေ့၊ သူမကို ဖမ်းဆီးပြီး နှစ်လကြာမြင့်သည်အထိ ဟမ်းဖုန်းနှင့် လက်တော့ပ်များကို ပြန်မပေးတဲ့အတွက် သူမရဲ့ မာစတာဘွဲ့ ယူရန်လေ့လာမှုတွေအတွက် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ရတယ်လို့ သိရပါတယ်။

Mrs.Scottowရဲ့ ဖော်ပြချက်အရ `ကျွန်မကို ရဲသုံးယောက်က ကျွန်မရဲ့ ဆယ်နှစ်အရွယ်ကလေးနဲ့ လသားအရွယ်နို့တိုက်ကလေးရှေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ကျွန်မကို အိမ်မှာပဲ ရ နာရီကြာပိတ်လှောင်ထားခဲ့တယ်။ ကျွန်မလိုအပ်တဲ့ အသုံးအဆောင်တွေလည်း တစ်ခုမှ မပေးဘူး။ ကျွန်မကိုလိုအပ်တဲ့ စစ်ဆေးမှာတွေပြုလုပ်ခဲ့ပြီး တွစ်တာပေါ်မှာ လိင်ပြောင်းထားတဲ့ အမျိုးသမီးကို အမျိုးသားလို့ခေါ်မိလို့ ဖမ်းဆီးခံခဲ့ရတယ်လိူ့ ရှင်းပြကြပါတယ်´ လို့သိရှိရပါတယ်။

ဖမ်းဆီးခံရတာကို အတည်ပြုပြီးတဲ့နောက်မှာတော့ ရဲအရာရှိရုံးက `ကျွန်တော်တို့အနေနဲ့ စစ်ဆေးမှာတွေ ပြုလုပ်နေပါတယ်´လို့ပြောခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာဆိုရင် online ပေါ်မှာ လိင်အရေးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားကြတဲ့ အထဲက နောက်ဆုံး လူသိအများဆုံး သတင်းပဲဖစ်ပါတယ်။Sitcom ရဲ့ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Graham lineham ကတော့ လိင်ပြောင်းသူတစ်ယောက်ဖြစ်တဲ့ Stephanie Hayden အား Mrs.Scottow ကသူမရဲ့ နာမည်အရင်းနဲ့ နောက်ပြာင်ခေါ်ဝေါ် တဲ့ နာမ်စားတို့ကိူ တွစ်တာပေါ်မှာ သုံးနှုန်းမိရာမှ စတင်ခဲ့တဲ့ ကိစ္စဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

Mrs.Scottow ရဲ့ အပြောအဆိုနဲ့ပတ်သက်ပြီး Mrs.Hayden ကတော့ ဖမ်းဆီးသင်ေ့ကြာင်းပြောဆိုတုန့်ပြန်မှုတွေရှိတယ်လို့သိရပါတယ်။တနင်္ဂနွေ နေ့မှာ ရရှိခဲ့တဲ့ Mail အရ Mrs. Scottow ကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်တိုက်ခိုက်မှုဖြင့်စွဲချက်တင် တာဖြစ်ပါတယ်။လိင်အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုတွေဖြစ်ပွားရာမှ Mrs.Scottow ဟာ Miss Hayden ကိူ အသရေပျက်စေမဲ့ အမျိုးမျိုးသော စာတွေကို တွစ်တာ စာမျက်နှာပေါ်ရေးသားပြီး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

သူက Acc နှစ်ခုလောက်တဲ့ ကျွန်မကိုနာမည်ပျက်စေမဲ့ စာတွေ စကားတွေ ပြောဆိုခဲ့တယ်။ ကျွန်မကို အမျိုးသားတစ်ယောက်အဖြစ် သုံးနှုန်းရေးသားပြီး နှောင့်ယှက်မှုတွေလည်း အကြိမ်ကြိမ်လုပ်ခဲ့တယ်´လို့ Mrs.Hayden က ပြောကြားခဲ့ပါတယ်။Mrs.Scottow ကတော့ကျွန်မအနေနဲ့ နှောင့်ယှက်လိုစိတ်လည်းမရှိပါဘူး။ ကျွန်မအထင်တော့ ဒီလိုမျိုး လိင်ပြောင်းလဲမှာတွေကို လက်တွေ့မှာ လက်ခံဖို့ မဖြစ်နိုင်သေးဘူး´လို့ငြင်းဆိုခဲ့ပါတယ်။ ဒီအမှု အတွက် လက်ထောက်တရားသူကြီးဖြစ်တဲ့ Jason ကတော့ `Mrs.Scottow အနေနဲ့ Miss Hayden နဲ့ ပတ်သက်တဲ့ ဘယ်လို တစ်စုံတစ်ရာကိုမှ နောက်ထပ် တွစ်တာမှာ ပြောဆိုခွင့်မရအောင် ထိန်းသိမ်းမှုတွေ ပြုလုပ်မှာပါ´လို့ပြောကြားခဲ့ပါတယ်။

Writer – Min Thu ( XYZ News )