သက္ကရာဇ် ၂၀၇၀ ကျရင် ရန်ကုန်မြို့ရေမြှပ်သွားနိုင်ကြောင်း ဦးထွန်လွင်သတိပေး

ပင်လယ်ရေ မျက်နှာပြင်မြင့်တတ်မူကြောင့် သက္ကရာဇ် ၂၀၇၀ခုနှစ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့က ရေမြှပ်သွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားထားပါတယ်။

“ပင်လယ်ရေ မျက်နှာပြင်မြင့်တတ်မူကြောင့်ရေမြှပ်မဲ့စာရင်းမှာ မြန်မာက ပါနေတယ်။ သက္ကရာဇ် ၂၀၇၀ မှာမြန်မာ့ကမ်းရိုးတန်းမှာ ရေအားက ပေ၂၀ လောက်မြှင့်တတ်လာမယ်။ ပေ ၂၀ လောက်တတ်လာရင် ရန်ကုန်မြို့က ရေမြှပ်မယ်။ ကမ္ဘာစာရင်းမှာ ရန်ကုန်က အမှတ်စဉ် ၂၁ မှာပါနေတယ်။ မကြာခင် ရေမြှပ်ပြီး ပျောက်ကွယ်တော့မယ့်မြို့ အာရှမှာ ၄ မြို လောက်ရှိတယ်။ ဥပမာ ဂျကာတာတို့ ဘန်ကောက်တို့ပေါ့။

အနည်းဆုံး မြို့တွေ ရွေ့ရမယ့်ပေါ့နော်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဖြစ်ရင် တို့လည်းဖြစ်မယ်ဆိုတာ နားလည်သင့်တယ်။ဒါတွေ အားလုံးအတွက့် ဆရာအကြံပေးချင်တာကတော့ လူတွေ မြင်စေချင်တာပေ့ါ။ ဒါတွေကို လူတွေမေ့မထားသင့်ဘူူး လေ့လာသင့်တယ်ပေါ့။အထူးသဖြင့် လူငယ်တွေကို စိတ်ဝင်စားစေချင်တယ်။နေရာတကာ ငွေရဖို့ဘဲ မကြည့်ပါနဲ့ အတတ်ပညာနဲ့ နိုင်ငံလူမျိုးကို အကျိုးပြုနိုင်တဲ့ ပညာရှင်တွေပေါ်လာအောင် စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲမူတွေလိုမယ်။ စာဖတ်ပါ လေ့လာပါ” လို့ဆရာကြီး ဦးထွန်းလွင်က အကြံပေးထားသည်။

Credit to MyanmarCelebrity