သင့်ကလေးကို ချစ်ရင် ဟော့ဒေါ့ချောင်း ကျွေးတာ ချက်ချင်း ရပ်လိုက်ပါ

သင့်ကလေးကို ချစ်တယ်ဆိုရင် ဟော့ဒေါ့လို့ခေါ်တဲ့ အသင့်စားအသားချောင်းလေးတွေကို ကျွေးတာ ချက်ချင်း ရပ်လိုက် ပါလို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ သင်သိချင်မှာပါ။ သုတေသနတွေအရ တစ်လကို ဟော့ဒေါ့ ၁၂ ချောင်းကျော် စားတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် သွေးကင်ဆာဖြစ်နိုင်ခြေ ၉ဆ မြင့်မားတာကို တွေ့ရှိထားပါတယ်။ ဒါ့အပြင် တစ်ပတ်ကို ဟော့ဒေါ့တစ်ချောင်းစားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေလဲ ဦးနှောက် အကြိတ် ဖြစ်ပွားနိုင်ခြေရှိတဲ့ ကလေးတွေ မွေးဖွားနိုင်ခြေရှိတယ်လို့လဲ ဆိုပါတယ်။

ဟော့ဒေါ့ဟာ ဘာကြောင့် ဒီလိုရောဂါတွေဖြစ်စေရတာပါလဲ။ ဝက်အူချောင်းတို့ ဟော့ဒေါ့တို့ကို တာရှည်ခံနိုင်ဖို့အတွက် နိုက်ထရိုက်နဲ့ နိုက်ထရိတ်လို ဓာတုပစ္စည်းတွေကို အသုံးပြုရပါတယ်။ နိုက်ထရိတ်ကိုဖြစ်စေတဲ့ နိုက်ထရိုက်ဟာ သဘာဝ အတိုင်းဖြစ်ပေါ်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ အေမင်းနဲ့ ဓာတ်ပြုပါတယ်။ ဒီဓာတ်ပြုမှုကနေ ကင်ဆာကိုဖြစ်စေတဲ့ နိုက်ထရို အေမင်းဓာတ်ကို ထုတ်ပေးလို့ပါပဲ။ နိုက်ထရိုအေမင်းဓာတ်ဟာ နိုက်ထရိုက် သို့မဟုတ် နိုက်ထရိတ် နဲ့ထိတွေ့ထားတဲ့ အသား ဒါမှမဟုတ် အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ထွက်ပေါ်လာပါတယ်။

နိုက်ထရိုက်ဟာ အစာအိမ်ကင်ဆာနဲ့ ဆက်စပ်တယ်ဆိုတဲ့အကြောင်းကို ၂၀၁၀ ခုနှစ်ကတည်းက လေ့လာတွေ့ရှိထားပြီ းဖြစ်ပါတယ်။ တချို့လေ့လာမှုတွေအရဆိုရင်လဲ အစာပြွန်ကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါသေးတယ်။ ဒါတင်မက သေးပါဘူး။ နိုက်ထရိုက်ဟာ ဦးနှောက်နဲ့ သိုင်းရွိုက်ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကိုလဲ သက်သေနဲ့တကွ တွေ့ရှိထားပါသေးတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ သုတေသနနဲ့ ကင်ဆာအဖွဲ့အစည်းကလည်း နိုက်ထရိုက် နဲ့ နိုက်ထရိတ်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေတဲ့ အရာတွေအဖြစ် ၂၀၁၀ မှာ ကြေညာခဲ့ဖူးပါသေးတယ်။ ဟင်းနုနွယ်လို ဟင်းရွက်တွေ မှာလဲ သဘာဝအားဖြင့် နိုက်ထရိတ်ဓာတ်ဟာ မြင့်မားနေတတ်ပေမယ့် အရွက်တွေက ထွက်တဲ့ နိုက်ထရိတ်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆက်စပ်နေတာမရှိဘူးလို့ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ IARC 2010 သုတေသန က ဆိုပါတယ်။

Credit_Mawlamyine Daily,
Ref: Barenaturaltruth