သင့်ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာရှိနေပြီ ဆိုတာပြတဲ့အချက် ( ၈ ) ချက်

ကျွန်ုပ်တို့ရဲ့ကိုယ်ကအရာအများကြီးကိုတပြိုင်တည်းလုပ်နိုင်တဲ့ပြီးပြည့်စုံတဲ့ယန္တရားတစ်ခုပါပဲ။ထို့အပြင်ကျန်းမာရေးပြဿနာရှိလို့အကူအညီလိုပြီဆိုရင် အချက်ပြချက်တွေလဲပေးပါတယ်။BrightSideကသင်မှတ်ထားသင့်တဲ့တချို့အချက်ပြချက်တွေကိုပြောပြချင်ပါတယ်။

၈။အိပ်မပျော်သည့်ရောဂါ စိတ်ရှုပ်ခြင်းနဲ့ ခြေထောက်ကြွက်တက်ခြင်း

ဒီလက္ခဏာတွေဖြစ်ပြီဆိုသင်ကမဂ္ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်လိုအပ်နေတာပါ။ဒီအရေးကြီးတဲ့ဓာတ်တွေဖြစ်ဖို့ကတော့ ခရမ်းချဉ်သီး ငှက်ပျောသီး လိမ္မော်သီးနဲ့ ဟင်းနုနွယ်တွေနေ့တိုင်းစားပါ။

၇။အရေပြားခြောက်သွေ့ခြင်း

ရပြားခြောက်သွေ့ခြင်းကတော့ဗီတာမင်အီးချို့တဲ့ခြင်းကိုပြတာပါ။ထို့ကြောင်ဟင်းသီးဟင်းရွက်အစေ့အဆံနဲ့ငါးတွေကိုပိုစားသင့်ပါတယ်။

၆။ချိုနေသောသွား

တကယ်လို့သင်ကအချိုကိုအရမ်းစားချင်နေရင် စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုသို့မဟုတ်မောပန်းခြင်းတွေကအကြောင်းရင်းပါပဲ။သင့်ကိုယ်ကသကြားဓာတ်ကိုတောင်းဆိုနေတာပါ။၎င်းကိုရှောင်ပြီးအလေးချိန်တိုးတာရှောင်ချင်ရင်တော့ချောကလက်အမဲ ဖြစ်ဖြစ်ပျားရည်ဖြစ်ဖြစ်စားပါ။

၅။ရေခဲစားချင်တဲ့ဆန္ဒ

သင်ကရေခဲစားချင်နေတယ်လို့သတိထားမိရင်တော့သင်သံဓာတ်အားနည်းနေတာပါ။သံဓာတ်ရဖို့အကောင်းဆုံးကတော့ အမဲသား ဥအမျိုးမျိုးနဲ့ခရုတွေပါ။ဒါပေမယ့်လဲသင်ကရေခဲစားချင်နေပြီးအားအင်ကင်းမဲ့နေရင်တော့ဆရာဝန်ဆီသွားဆွေးနွေးတာပိုကောင်းပါတယ်။

၄။သွားဖုံးမှသွေးထွက်ခြင်း

သင်သွားတိုက်တဲ့အချိန်မှာရုတ်တရတ်သို့မဟုတ်ပုံမှန်သွေးထွက်ရင်တော့သင်ကဗီတာမင်စီလိုနေတာပါ။သင့်အစားအသောက်မှာအောက်ပါတို့က်ုထည့်စားပါ။ရှောက်သီး ဟင်းနုနွယ် ငရုတ်သီးအန ခရမ်းချဉ်သီး ဂေါ်ဖီထုတ်ပန်းဂေါ်ဖီနဲ့ပန်းမုန်လာတွေပါ။

၃။ကျိုးလွယ်တဲ့လက်သည်းနဲ့ဆံပင်

သင့်ကိုယ်ကဗီတာမင် ဘီ ချို့တဲ့နေတယ်လို့ပြောတာပါ။နို့ကိုပ်ုသောက်ပြီးရေညှိနဲ့မှိုတွေစားပါ။

၂။မျက်ဝန်းမှာအကွင်းတွေဖြစ်ခြင်း

၎င်းတို့မှာအသက်၅၀ကျော်အရွယ်တွေမှာပေါ်တာဆိုရင် ဒါပုံမှန်ပါပဲ။ဒါပေမယ့်လူငယ်တယောက်မှာဖြစ်ပြီဆိုရင်တော့ သ်ကကိုလက်စထရောလျော့ကျနေတာပါ။ဆရာဝန်နဲ့သွားဆွေးနွေးသင့်ပါတယ်။

၁။ဂရိခြေထောက်

ဂရိခြေထောက်သို့မဟုတ် မော်တန်ခြေချောင်းဆိုတာကသင့်ရဲ့ဒုတိယခြေချောင်းပိုရှည်နေတာကြောင့်ခြေဖဝါးကသက်တောင့်သက်သာမဖြစ်တော့တာမျိုးပါ။၎င်းကသင့်ခြေထောက်အလွန်မသက်သာစေတဲ့အပြင်သင့်ဖိနပ်ကိုလဲဂရုတစိုက်ရွေးရတော့မှာပါ။

Writer -Min Thu (Daily Hot News )