သင် မသေခင်မှာ မြင်သွားသင့်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကား ( ၅ ) စီး

ပထမပိုင်းမှာတုန်းကတော့ ဈေးအရ အစဉ်လိုက်ရှိတဲ့ ကားငါးမျိုးကို ဖော်ပြပြီးသွားပြီဆိုတော့ နောက်ထပ် ဈေးကြီးတဲ့ ကားအမျိုးအစား ငါးစီးကဘာတွေဖြစ်မလဲ။ ကားတွေကလည်း မြင်လိုက်တာနဲ့ကို ဈေးအရမ်းကြီးမှန်း သိသာပါတယ်။ တော်တေ်ာများများကတော့ အနက်ရောင်တွေ ဖြစ်ပြီး အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ကြတာ များပါတယ်။ ကဲ ဈေးတွေ ဘယ်လောက်ရှိလဲ ကြည့်ရအောင်။

(၅) မက်လာရန် ပီဝမ်းအယ်လ်အမ် (McLaren P1 LM) £2.58 million

မြင်းကောာင်ရေ (၁၀၀၀) အားအထိ ထုတ်နိုင်ပြီး စတီကိုယ်ထည်နဲ့ ဒီကားကတော့ စံချိန်တွေ မြောက်မြားစွာကိုလည်း တင်ထားပါတယ်။ အရောင်အနေနဲ့ အနက်ရောင်နဲ့လာပြီး ဈေးကတော့ ပေါင် (၂.၅၈) သန်းရှိပါတယ်။ မြန်မာငွေကတော့ သိန်းလေးသောင်းကိုးထောင် လောက်ရှိမယ်လို့ သိရပါတယ်။

(၄) လဘော်ဂနီ ဗီနီရို ရုဒ်စတား Lamborghini Veneno Roadster – £3.23 million

ကဲ ကားတကာ့ ထိပ်ခေါင် လဘော်ဂနီကြီးကတော့ ဒီကားကို ပေါင် (၃.၂၃)သန်းနဲ့ ခေါ်ထားပြီး နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ထားတာပါ။ ပျင်းစရာကောင်းနေရင်တော့ တစ်ခါလောက် သွားစီးသင့်ပြီး မြန်မာငွေကတော့ သိန်းခြောက်သောင်း တစ်ထောင်လောက်နဲ့တော့ တန်ကြေးဖြတ်လို့ ရပါတယ်။

(၃) ကိုအန်နင်ဆန့် စီစီအိက်ခ်ျအာ ထရီဗီတာ Koenigsegg CCXR Trevita – £3.45 million

ကာဗွန်ဖိုက်ဘာ ဘော်ဒီနဲ့ တည်ဆောက်ထားပြီး စိန်သွားနဲ့ အလှဆင်ထားလို့ အနက်ရောင်မှာ လက်နေမှာပါ။ စလုပ်တုန်းကတော့ သုံးစီဆောက်ဖို့ ရည်မှန်းထားပေမဲ့ ကုန်ကျစရိတ် များလို့ နှစ်စီးပဲ ထုတ်ထားတာပါ။ ပေါင် (၃.၄၅)သန်း ရှိပြီး မြန်မာငွေ သိန်းခြောက်သောင်းငါးထောင်ကျော် ကို ပါးပါလေး စွန်းပါတယ်။

(၂) မာစီးဒီ ဘင့် အက်စ်ဆယ်လီယို Mercedes-Benz Maybach Exelero – £5.74 million

မြန်မာငွေ သိန်းတစ်သိန်း တစ်သောင်း နီးပါးရှိတဲ့ ပေါင်(၅.၇၄)သန်းတန် ကားကတာ့ မားစီးဒီးထုတ် အမျိုးအစားဖြစ်ပြီး ဈေးနှုန်းအရ ကြည့်မယ်ဆိုရင် ကားတစ်စီးရဲ့ တန်ကြေးက သူဌေးတစ်ယောက်လို နေလို့ရလောက်တဲ့ အနေအထားပါ။ မာစီးဒီးကတော့ လောလောဆယ် ဇိမ်ခံကား အဖြစ် သတ်မှတ်ထားပါတယ်။

(၁) ဆွတ်ဖ်တေးဘိုင် ရိုးရွိုက်စ် (Sweptail by Rolls Royce) £9.33 million

ဒီကားကတော့ ၁၉၂၀-၁၉၃၀ နှစ် ဝန်းကျင်လောက်က ဇိမ်ခံကားကို တည်ဆောက် ခဲ့တဲ့ ပညာရှင်နဲ့ ပူပေါင်းပြီး လက်နဲ့ပဲ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ နောက်တော့ အမည်မသိ သူဌေးတစ်ဦးက ဝယ်သွားခဲ့ပြီး ကားက သတင်းမရတော့ပါဘူး။ တန်ဖိုးကတော့ ပေါင် (၉.၃၃)သန်းရှိပြီး မြန်မာငွေ သိန်းတစ်သိန်း ခုနှစ်သောင်း ခြောက်ထောင် ကျော် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Credit:MyanmarNote