သင်တစ်ခါမှမကြားဖူးသေးမယ့် လောကကြီးရဲ့ ထူးထူးဆန်းဆန်းအမှန်တရားများ

လောကကြီးဟာ ထူးဆန်းတဲ့အရာတွေနဲ့ပြည့်နှက်နေပါတယ်လို့ပြောရင် သင်လက်ခံနိုင်မှာလား။ ဒီတစ်ခေါက်မှာတော့ ဗဟုသုတရစေဖို့အတွက် သင်တို့အနေနဲ့ တစ်ခါမှ ကြားဖူးခြင်းမရှိနိုင်သေးတဲ့ အမှန်တရားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Keyboard မှာရှိတဲ့ ဘတ်တီးရီးယားပိုးမွှားတွေဟာ အိမ်သာခွက်ထက် အဆ ၂၀၀၀ များတာ သင်သိပါသလား။

ချောကလတ်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ သင်ချစ်မိတဲ့အခါဦးနှောက်ကထုတ်လွှင့်တဲ့ ဓာတ်ပစ္စည်းတွေနဲ့တစ်မျိုးစားထဲပါ။

အမေရိကန်အလံရဲ့ဒီဇိုင်းဟာ ၁၇ နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်ရဲ့ B- ရခဲ့တဲ့ ကျောင်းပရောဂျက်ဒီဇိုင်းပါ။

ဓာတ်ပုံရိုက်တဲ့အခါ flash ဖွင့်ရိုက်မိလို့ မျက်လုံးတွေနီရခြင်းဟာ သင့်မျက်လုံးနောက်မှာရှိနေတဲ့ သွေးတွေကြောင့်ဖြစ်ပါတယ်တဲ့။

လက်ဖျံနဲ့ခြေဖဝါးအတိုင်းအတာဟာ အတူတူပါပဲ။

လေယာဉ်ပေါ်က အစားအသောက်တွေအရသာမရှိတာဟာ ရောက်နေတဲ့လေထုဟာသိပ်ခြောက်သွေ့ပြီး ဖိအားလည်းနည်းလွန်းတာကြောင့် အရသာခံအဖုလေးတွေရဲ့လုပ်ဆောင်ချက်ကို ၃၀%တောင်လျှော့ချပေးပါတယ်တဲ့။

ရေသန့်ဗူးတွေမှာ ရေးထားတဲ့ expire date ဟာ အထဲက ရေအတွက်မဟုတ်ဘဲ ရေသန့်ဗူးခွံအတွက်ပါတဲ့။

လိပ်တွေဘာကြောင့် အခွံပြင်မထွက်နိုင်သလဲဆိုတာ သိပြီလား

ဘားကုတ်တွေစကင်ဖတ်တယ်ဆိုတာ အမည်းလိုင်းလေးတွေကို ဖတ်တာမျိုးမဟုတ်ဘဲ အမည်းရောင်လိုင်းလေးတွေကြားထဲက အဖြူရောင်လေးတွေကို ဖတ်တာပါတဲ့။

ခင်ဗျားတို့ရဲ့ကိုယ်တွင်းကလီဆာတွေနဲ့ သွေးနဲ့သက်ဆိုင်တဲ့အရာတွေအကုန်လုံး ရောင်းစားပါက ဒေါ်လာ ၄၅ သန်းလောက်ရှိပါမယ်တဲ့။

အသီးတွေမှာကပ်ထားတဲ့ စတစ်ကာလေးတွေဟာ စားလို့ရတာ သင်သိပါသလား။

ပျော်လို့ကျတဲ့မျက်ရည်နဲ့ ဝမ်းနည်းလို့ကျတဲ့မျက်ရည်တို့ဟာ အဏုကြည်မှန်ပြောင်းထဲမှာ ကွာခြားမှုတွေရှိနေပါတယ်။

Credit to Shwemom