သင့်ကိုယ်မှာ ဗီတာမင်စီကုန်ခမ်းနေတာကို ပြနေတဲ့ရှေ့ပြေးလက္ခဏာ ၁၀ ချက်

ဗီတာမင်စီကသင့်ကိုယ်ကိုကျန်းမာဖို့နဲ့ပုံမှန်လည်ပတ်ဖို့အရေးကြီးတဲ့အရာပါ။သင်က၎င်းကိုနေ့တိုင်းမှန်ကန်တဲ့ပမာဏရအောင်စားပေးရပါမယ်။သင့်ကိုယ်ကတခြားဗီတာမင်တွေလို ဗီတာမင်စီက ကိုယ်မှာကြာကြာမနေလို့ပါ။ သင့်ကိုယ်မှာဗီတာမင်စီ ပြတ်လတ်ခြင်းကဘဝအရည်အသွေးနိမ့်ခြင်းနဲ့ဒုက္ခတွေ့မယ့်လက္ခဏာတွေဖြစ်စေပါတယ်။ဒါပေမယ့်သင့်အစားအသောက်မှာဗီတာမင်စီလုံလောက်အောင်ထည့်စားရင်ဒါတွေကိုပြောင်းနိုင်မှာပါ။

BrightSide က သင့်ကိုယ်ကဗီတာမင်စီကင်းမဲ့မှုကိုသိစေရန်ကူညီပြီးသင့်ကျန်းမာရေးတခုလုံးကိုတိုးတက်စေပါတယ်။

၁။သွားအတွင်းနေမကောင်းဖြစ်ပြီးသွေးထွက်ခြင်း

ဗီတာမင်ဆီကသွားကျန်းမာရေးအတွက်အေုဃံကျတဲ့အရာပါ။သင်ပုံမှန်မစားသုံးဘူးဆိုရင်သင်မှာဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။သင်ကသွားကျနိးမာရေးကိုသေချာဂရိုစိုက်နေပေမယ့်သွေးထွက်တာတွေရှိနေရင်ဗီတာမင်စီပိုစားကြည့်ပါ။သိပ္ပံပညာရှင်တွေအရွယ်ရောက်ပြီးအမျိုးသမီးအတွက်၇၅မီလီဂရမ်နဲ့အမျိုးသားအတွက်၉၀မီလီဂရမ်တရက်စာစားဖို့လိုတယ်လို့ပြောပါတယ်။သင်ကဆေးလိပ်သောက်တတ်သူဆိုရင်အပို၃၅မီလီဂရမ်ထပ်စားရပါမယ်။

၂။ဒဏ်ရာတွေအလွယ်တကူရတတ်ပြီးဒဏ်ရာကျက်ဖို့အရမ်းကြာခြင်း

သင်ကမက်မွန်သီးလို့ဖြစ်နေရင်သင့်မှာဗီတာမင်စီလျော့နေတာဖြစ်နိုင်ပါတယ်။ကံကောင်းတာကနေ့စဉ်ရှောက်သီးနဲ့ဟင်းရွက်တွေစားရင်အဆင်ပြေမှာပါ။ထပ်ပြောရရင်သင့်ရဲ့ကုတ်ရာခြစ်ရာတွေကပျောက်ဖို့အချိန်ကြာနေရင်သင်ဗီတာမင်စီမရှိတဲ့လက္ခဏာပါပဲ။ဗီတာမင်စီကကိုလာဂျင်ဟော်မုန်းထုတ်ဖို့လိုအပ်တာမို့လို့ လိမ္မော်သီးတွေစားပါ။

၃။သင့်ဆံပင်ကကျွတ်ဆတ်ပြီးအလွယ်တကူကျွတ်ခြင်း

သင့်ကဆံပင်ပါးတာကျွတ်တာတွေတွေ့ကြုံရရင်နေ့တိုင်းစားရမယ့်ဗီတာမင်စီမပြည့်လို့ပါ။ဆံပင်ပြင်မယ့်ပစ္စည်းတွေအတွက်ငွေမသုံးခင်ကီဝီသီးကဲ့သိူ့ဗီတာမင်စီများတာတွေစားကြည့်ပါဦး။အစားအသောက်တော်တော်များများမှာဗီတာမင်စီပါနေတာဖြစ်လို့ထပ်ဖြည့်ပြောစရာမရှိပါဘူး။ကျန်းမာရေးနဲ့ညီညွတ်အောင်စားရင်ရပါပြီ။

၄။မကြာခဏအဆစ်နာခြင်း

ဗီတာမင်စီပြတ်လတ်မှာရဲ့ပှေ့ပြေးလက္ခဏာကတော့အဆစ်နာတာပါပဲ။ဗီတာမင်စီကအရမ်းအသုံးဝင်တဲ့အန်တီအောက်ဆီဒန့်ဖြစ်တာမို့လို့ထိုအရာမရှိတာကအဆစ်တွေကိုက်ခဲပြီးရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။အဆစ်နာတာကကုသဖို့ခက်ခဲလို့ဗီတာမင်စီဖြည့်တာကလဲအကြံကောင်းပါ။

၅။သင်ကပုံမှန်လိုဖျားနေတတ်ပြီးသင့်အသက်ရှူစနစ်ဆိုးလာခြင်း

သင်ကမကြာခဏနှာချေခြင်း၊အအေးမိခြင်းနဲ့ကူးစက်မှုတွေဖြစ်ရင်တော့သင့်အသက်ရှူစနစ်ကောင်းကောင်းအလုပ်မလုပ်လို့ပါ။ဗီတာမင်စီကသွေးဖြူဆဲလ်တွေထုတ်ဖို့လှုံ့ဆော်ပေးတာကြောင့်ကူးစက်မှုတွေကိုတိုက်ခိုက်နိုင်ပါတယ်။သင်ကအမြဲဖျားနေတတ်ရင်တော့သင့်အသက်ရှူစနစ်အားနည်းနေပြီးဗီတာမင်စီစားသုံးဖို့လိုနေပါတယ်။

၆။အကြောင်းရင်းသေချာစွာမရှိဘဲကိုယ်အလေးချိန်တိုးခြင်း

သင့်နေထိုင်မှုပုံစံကိုမပြောင်းပဲထားပေမယ့်ကိုယ်အလေးချိန်တိုးလာတယ်ဆိုရင်ဗီတာမင်စီပြတ်လတ်နေတာဖြစ်နိုင်ပါတယ်။ဗီတာမင်စီနဲ့အဆီများတာရဲ့ဆက်သွယ်မှုကိုအစောပိုင်းလေ့လာချက်တွေမှာပြထားပါတယ်။အထူးသဖြင့်ဝမ်းဗိုက်အဆီပေါ့။ဗီတာမင်စီကသင့်ကိုကအဆီတွေကိုအမြန်လောင်ကျွမ်းစေလို့အရွက်တွေများများစားပါ။

၇။သင်ကနေ့ဘက်မှာပင်ပန်းပြီးအိပ်ချင်ခြင်း

သင်ကညဘက်မှာလုံလောက်စွာအိပ်ပေမယ့်နေဘက်မှာထိုင်းမှိုင်းနေမယ်ဆိုရင်သင့်မှာဗီတာမင်စီလိုအပ်နေပါပြီ။မောပန်းခြင်းကလဲဗီတာမင်စီလိုအပ်ခြင်းရဲ့နောက်လက္ခဏာတခုပါ။သင်နေ့စဉ်စားတာတွေထိန်းညှိလိုက်ခြင်းဖြင့်မောပန်းမှုနည်းစေမှာပါ။ကော်ဖီ၁၀ခွက်သောက်မယ့်အစားကီဝီသီးတလုံးသာစားလိုက်ပါ။

၈။သင့်အရေပြားကခြောက်ပြီးမှိန်ခြင်း

Closeup of Asian woman with dark soots and freckles problems.
အရှေ့မှာပြောခဲ့သလိုပဲဗီတာမင်စီကကိုလာဂျင်ထုတ်ဖို့အရေးကြီးပါတယ်။ဆိုလိုတာကဗီတာမင်စီမလုံလောက်ရင်အသားအရေကခြောက်ပြီးမျက်ကွင်းတွေညိုနေစေမှာပါ။အလှကုန်ပစ္စည်းတွေမှာဈေးကြီးတဲ့ ဗီတာမင်စီ အဆီပါတာမထူးဆန်းပါဘူး။

၉။သင်ကမကြာခဏနှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံတာကကျန်းမာရေးတခုလုံးအတွက်တော့အန္တရာယ်မများပေမယ့်မကြာခဏဖြစ်မယ်ဆိုရင်တော့သင့်ကိုယ်ကဗီတာမင်စီလိုတယ်လို့ပြောနေတာပါ။သင့်နှာခေါင်းမှာသေးငယ်တဲ့သွေးငြောလေးတွေပြည့်နေပြီးဗီတာမင်စီက၎င်းတို့အားနည်းတာကိုကာကွယ်ပေးတဲ့နေရာမှာအရေးကြီးပါတယ်။၎င်းတို့ကမသန်မာရင်နှာလောင်းသွေးလျှံမှုအစပြုပါတယ်။

၁၀။သင့်လက်သည်းတွေကပါးပြီးအားနည်းခြင်း

သံဓာတ်ကိုပိုစုပ်ယူဖို့အတွက်ဗီတာမင်စီကိုလိုအပ်ပါတယ်။သင့်ရဲ့စနစ်မှာဗီတာမင်စီကုန်သွားရင်သံဓာတ်ချို့ယွင်းမှုဖြစ်လာလို့လက်သည်းတွေကျွတ်ဆတ်လာပါတယ်။သင်ကလက်သည်းသန်ဆေးလဲသုံးပေမယ့်အကျိူးမထူးရင်တော့တေးန့စဉ်လတ်ဆတ်တဲ့အသီးဟင်းရွက်တွေကိုစားခြင်းဖြင့်ကျန်းမာရေးကိုတိုးတက်အောင်လုပ်ပါ။

Writer -Min Thu (Daily Hot News )