အစ္စဏီ အပေါ် စွဲဆိုထားတဲ့ အမှုကို မော်ဒယ် စူးရှထက် ကျေအေးပေးခဲ့

အဆိုတော်အစ္စဏီ အပေါ် မုဒိမ်းမှုနဲ့ တရားစွဲဆိုထားမှုကို မော်ဒယ် စူးရှထက်က ကျေအေး ပေးခဲ့ပါတယ်။

သြဂုတ်လ (၅) ရက် ဒီနေ့ နေ့လယ် ပိုင်းတွင်စွဲဆိုထားသောအမှုများကို ရန်ကုန်မြို့ တာမွေမြို့နယ် တရားရုံးမှာ မော်ဒယ်စူးရှထက်က ကျေအေးလွှာ လက်မှတ်လာရောက်ထိုးပေးခဲ့ပါတယ်။

အဆိုတော်အစ္စဏီကို ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်က ဥပဒေ ပုဒ်မ ၃၇၆၊ ၃၄၂၊ ၃၂၃ တို့နဲ့ တာမွေ မြိ့ုနယ်တရားရုံးမှာ မနှစ် ၂၀၁၈ ခုနှစ် ဧပြီလက တည်းက စွဲဆိုထားခဲ့တာပါ။

ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း

ဘီဘီစီမြန်မာပိုင်း