အန်တီဆွေဇင်ထိုက် ပြောလာတဲ့ မြန်မာနိုင်ငံမှာ ပြင်ရမယ့်အချက်…

မြန်မာ့ အနုပညာလောကရဲ့ ဝါရင့်တစ်ယောက်လဲ ဖြစ်ပြီး ထူးချွန်တဲ့ ဖန်တီးပုံဖော်မှုတွေနဲ့ အနာဂတ်ရုပ်ရှင်လောကကို အကောင်းဆုံးဖန်တီးပုံဖော်နေသူတစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဆွေဇင်ထိုက်ဟာ မြန်မာနိုင်ငံရဲ့ အဓိကပြောင်းလဲသင့်တဲ့ အကြောင်းအရာတွေနဲ့ ပြည်သူတွေကြားက ဆင်းရဲမှု ၃ခုရှိပြီး ပြင်ဆင်သင့်တဲ့ ဆင်းရဲနုချာမှုအကြောင်းကို လဲပြောပြခဲ့ပါတယ်။

အန်တီ ဆွေဇင်ထိုက် ပြောခဲ့တာကတော့ “ ဆင်းရဲချင်းသုံးမျိုးရှိတယ်။ ဆင်းရဲတာက ငတ်မွတ်တယ်ဆိုရင် ကိုယ်စားတဲ့ထဲက ခွဲကျွေးလို့ရတယ်။ ဆင်းရဲလို့ နွမ်းသွားရင် ဝတ်စရာနဲ့ နေစရာနဲ့ အဆင့်အတန်းမမှီဘူး ဆိုလဲဘဲ ဘာဖြစ်ဘဲ မီးမရှိရင်ဖယောင်းတိုင်နဲ့ ထွန်းနေလိုက်မှာဘဲ လုပ်ယူလို့ရတယ်ပေါ့။ တစ်ယောက်ကိုတစ်ယောက်လဲ ကူညီလို့ရတယ်”

“အဆိုးဆုံးတစ်ခုကတော့ ဆင်းရဲနုံချာတာဘဲ အတွေးတွေက ဆင်းရဲလွန်းအားကြီးတဲ့ အခါကြတော့ လူတွေကနုံပြီးတော့ အဖြစ်အပျက်တွေ အကုန်လုံးက ခြာသွားတာ အဲ့ဒီ အဖြစ်အပျက်တွေ အကုန်လုံးကိုတော့ ရှောင်ရလိမ့်မယ် ထင်တယ်” လို့ မီဒီယာတွေမေးမြန်းတဲ့ နိုင်ငံခြားကရုပ်ရှင်ကားကြီးတွေ လာရောက်ရိုက်ကူးတဲ့ အခါမှာ မြန်မာနိုင်ငံကဘာတွေပြင်ဆင်ထားဖို့ လိုလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်ဟာ ၁၉၇၁ ခုနှစ်က စေလိုရာစေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့ပြီး ၁၉၇၇ ခုနှစ်က မိန်းကလေးရှင်ရဲ့ ဆန္ဒ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့ပြီး ရုပ်ရှင်ကားပေါင်း(၁၅၀)ေ ကျာ်ကို ရိုက်ကူး ပုံဖော်ခဲ့ပြီး ယခုအချိန်မှာတော့ မြန်မာရုပ်ရှင် ဖွဲ့ဖြိုးတိုးတက်မှုအတွက်ကို အစွမ်းကုန်ကြိုးစား လုပ်ကိုင်ပေး နေသူလဲ ဖြစ်ပါတယ်။

ဖတ်ရှု့မိတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay