အရက်သောက်ခြင်းက နိုင်ငံခြားဘာသာစကားပြောနိုင်စွမ်းကို တိုးမြှင့်စေနိုင်

ကိုယ်တို့အတွက်တော့ သတင်းကောင်းတစ်ခုပါပဲနော်။ အယ်ကိုဟောသုံးစွဲထားခြင်းဟာ နိုင်ငံခြားဘာသာစကားပြော စွမ်းရည်ကို တိုးတက်မှုပြစေတယ်လို့ သုတေသနရလဒ်တစ်ခုက ဆိုလိုက်ပါတယ်။

တွေ့ဖူးကြမှာပါ။ အသိမိတ်ဆွေတစ်ယောက်ဟာ မမူးခင်က စကားပြောဆိုဖို့ ရှက်ကြောက်နေပြီး နိုင်ငံခြားဘာသာစကားပြောဖို့ ရွံ့နေခဲ့ပေမယ့် မူးသွားတဲ့အခါမှာတော့ ဘာကိုမှ အမှုမထားဘဲ ချောချောမွေ့မွေ့ပြောထွက်တာကို။ဒီစမ်းသပ်မှုကိုတော့ ဗြိတိန်နဲ့ ဒတ်ချ်သုတေသနပညာရှင်တွေက ပူးပေါင်းပြီး ဆေးပညာရပ်ဆိုင်ရာဂျာနယ် တစ်ခုထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အယ်ကိုဟောပမာဏ အနည်းငယ်သုံးစွဲထားတဲ့သူတွေဟာ ပုံမှန်လူတွေထက် ပိုပြီး နိုင်ငံခြားဘာသာကို ချောမွေ့စွာပြောနိုင်လာတယ်ဆိုတာ တကယ်ပဲလို့ သူတို့ကဆိုပါတယ်။

ဒီစမ်းသပ်မှုကိုတော့ ဂျာမန်နယ်စပ်နားက နယ်သာလန်နိုင်ငံရဲ့ မြို့လေးတစ်ခုမှာ လူဦးရေ ၅၀ နဲ့ စမ်းသပ်ပြုလုပ်ခဲ့တာပါ။ သူတို့ဟာ ဂျာမန်ဘာသာစကားကို မိခင်ဘာသာအဖြစ် သုံးစွဲပြောဆိုကြသူတွေဖြစ်ပြီး အယ်ကိုဟောနဲ့ ဘာသာစကားပြောဆိုမှုစွမ်းရည်အကြား ဆက်နွယ်မှုကို လေ့လာခဲ့ကြပါတယ်။စမ်းသပ်ခံလူတွေကို အုပ်စုနှစ်ခုခွဲခြားကာ တစ်စုကို ဘီယာအနည်းငယ်ပေးပြီး နောက်တစ်စုကိုတော့ ရေကိုသာ သောက်သုံးစေပါတယ်။ အဲ့ဒီနောက်မှာ ဒတ်ချ်ဘာသာစကားကို စမ်းသပ်ပြောဆိုစေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအခါမှာ အယ်ကိုဟောသောက်သုံးထားသူတွေဟာ ဒတ်ချ်စကားလုံးတွေကို ပိုမိုကြွယ်ဝသွက်လက်စွာ အသုံးပြုတာ၊ အသံထွက်ပိုကောင်းတာ စတဲ့ ကွာခြားမှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သုတေသနပညာရှင် တွေက ဆိုတယ်။ဒါကြောင့် သုတေသနပညာရှင်တွေက နိုင်ငံခြားသားတွေနဲ့ စကားပြောဆိုဆက်ဆံမယ်ဆိုရင် အယ်ကိုဟောအနည်းငယ်သောက်ထားတာဟာ ဦးနှောက်ကို ပိုသွက်လက်ပြီး စကားပိုပြောနိုင်တယ်လို့ အကြံပေးခဲ့ပါတယ်။

credit to ပြောချင်လွန်းလို့