အသည်းကွဲနေတဲ့ကောင်မလေးတစ်ယောက်ကိုမှ ချစ်မိနေတယ်ဆိုရင်…

ကိုယ်ကကောင်မလေးတစ်ယောက်ကို ချစ်မိနေတယ်။ အဲဒီကောင်မလေးကလည်း အသည်းကွဲထားတာ မကြာသေးဘူး။ သူ့ဆီမှာ အချစ်နဲ့ပတ်သက်လို့ ခံစားချက်တွေက မျိုးစုံဖြစ်နေတယ်။ ထပ်ချစ်ရမှာလည်းကြောက်နေတယ်၊ အရင်တစ်ယောက်ထက် ပိုကောင်းတဲ့တစ်ယောက်ကိုလည်း မျှော်လင့်နေတယ်၊ ဒါမှမဟုတ် နွေးထွေးတဲ့အားပေးမှုတစ်ခု လိုအပ်နေတယ်…စသဖြင့် ခံစားချက်မျိုးစုံနဲ့ပါ။ တကယ်လို့သာ ကိုယ်က အသည်းကွဲနေတဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိနေမယ်ဆိုရင် ဘာတွေ လုပ်ပေးဖို့လိုသလဲ..။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး။

(၁)။ သူ့ကိုချစ်တယ်လို့ပြောဖို့ထက် နွေးထွေးတဲ့မေတ္တာကိုပေးပါ

သူက အသည်းကွဲနေတဲ့သူတစ်ယောက်ဆိုတာ အရင်ဆုံး စိတ်ထဲမှာ သတိထားဖို့လိုပါတယ်။ အဲဒီလို အခြေအနေမှာ သူ့ကိုချစ်တယ်လို့ပြောတဲ့အခါ သိပ်ပြီးရင်ခုန်မှာမဟုတ်သလို အချစ်နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို ပြန်စဉ်းစားတာမျိုးတောင် ဖြစ်လာပါလိမ့်ဦးမယ်။ ဒီတော့ သူ့ကိုချစ်တယ်လို့ပြောတာထက် နွေးထွေးတဲ့မေတ္တာကို ပေးဖို့ ကြိုးစားတာက ပိုကောင်းတဲ့ နည်းလမ်းဖြစ်ပြီး သင်က သူ့ကိုပျော်ရွှင်စေမယ့်သူဆိုတာကို သူသိပါစေ။

(၂)။ အချိန်ပြည့်ဂရုစိုက်ပေးပါ

အသည်းကွဲနေတဲ့သူအများစုက ဂရုစိုက်ခံချင်ကြပါတယ်။ အကြောင်းကတော့ သူတို့ တစ်ချိန်တုန်းက ရရှိခဲ့ဖူးတဲ့ ဂရုစိုက်မှုဆိုတာကြီးကို ဆုံးရှုံးထားခဲ့ရတာကြောင့်ပါပဲ။ ဒီတော့ သင့်အနေနဲ့ သူ့ကို အချိန်ပြည့် ဂရုစိုက်ပေးပါ။ သူအဆင်ပြေရဲ့လားဆိုတာကို ဖုန်းဆက်တာမျိုး၊ မက်ဆေ့ချ်ပို့တာမျိုး လုပ်ပြီး မေးမြန်းပါ၊ သူသွားချင်တဲ့နေရာတွေ၊ လုပ်ချင်တာလေးတွေရှိရင်လည်း အတူလုပ်နိုင်ဖို့ ကြိုးစားပေးပါ။ ဒီလိုနည်းလမ်းနဲ့ သင်ဟာ သူ့ရဲ့အသည်းကွဲတဲ့ ခံစားချက်ကို ပြန်ပြီး ပြေပျောက်သွားအောင် လုပ်ပေးနိုင်ပါတယ်။

(၃)။ သူ့ရဲ့ခံစားချက်ကိုနားလည်ပါ

အသည်းကွဲခါက လူတွေက အချစ်ဆိုတာကို ထပ်ပြီး စမ်းသပ်ကြည့်ဖို့ ကြောက်နေတတ်ကြပါတယ်။ အထူးသဖြင့် လူတစ်ယောက်အပေါ် နောက်ထပ် ယုံရမှာကို မဝံ့မရဲဖြစ်နေတတ်တယ်။ ဒီတော့ သင်နဲ့ပတ်သက်လို့ သူ့ရဲ့ခံစားမှုတွေက အေးစက်နေမယ်၊ သင့်ကို မယုံမကြည်ဖြစ်နေမယ်ဆိုရင် အဲဒီအတွက် စိတ်မပျက်ပါနဲ့။ သင့်အနေနဲ့ သူ့ရဲ့ခံစားချက်ကို နားလည်ဖို့ ကြိုးစားရမှာဖြစ်ပြီး အချိန်တစ်ခုတော့ စောင့်ဆိုင်းရမှာပါ။

(၄)။ သူပျော်စေမယ့်ကိစ္စတွေချည်း ရွေးလုပ်ပေးပါ

သူ့ရဲ့လက်ရှိအနေအထားက စိတ်ညစ်ပြီး ကြေကွဲနေတာပါ။ ဒီတော့ သူ ပျော်မယ်ထင်တဲ့အရာတွေချည်း လုပ်ပေးပေါ့။ သူ့အကြိုက်ဆုံးပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးတာ၊ ပန်းစည်းလေးတွေ လက်ဆောင်ပို့ပေးတာ၊ သူသွားချင်တဲ့နေရာတွေဆီ ခေါ်သွားပေးတာ စသဖြင့် သူ့စိတ်ကို ပျော်စေမယ့် ကိစ္စတွေချည်း ရွေးလုပ်ပေးပါ။ ဒီလိုနည်းလမ်းနဲ့ သင်ဟာ သူ့ကိုပျော်အောင် လုပ်ပေးမယ့်သူတစ်ယောက်လို့ ထင်လာစေပါလိမ့်မယ်။

(၅)။ ဘာဖြစ်ခဲ့လဲဆိုတာ အတင်းမမေးပါနဲ့

သူ့ရဲ့အတိတ်အကြောင်းနဲ့ပတ်သက်ပြီး အတင်းမမေးပါနဲ့။ သူ့ရဲ့ချစ်သူဟောင်းနဲ့ ဘယ်လိုပြတ်စဲခဲ့တာလဲ။ ဘယ်လိုဖြစ်ပြီး အသည်းကွဲရတာလဲ..စသဖြင့် သူ့ရဲ့အတိတ်နဲ့ဆိုင်တဲ့ မေးခွန်းတွေကို မမေးတာအကောင်းဆုံးပါ။ အကြောင်းကတော့ အဲဒီမေးခွန်းတွေက သူ့ရဲ့အတိတ်ကို ပြန်သတိရ၊ ကြေကွဲနေရုံကလွဲလို့ ဘာမှ အသုံးမဝင်တာကြောင့်ပါပဲ။

Credit to Shwemom