ဩဂုတ် တတိယ ၁၀ ရက်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

ဩဂုတ်လ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အနောက်တောင် မုတ်သုံလေကတော့ အားအသင့်အတင့်မှ အားကောင်းနိုင်တယ်လို့ ဆိုပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး …..

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည် နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း(တောင်ပိုင်း)၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့်၊ နေပြည်တော်၊

စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ ၅ ရက်မှ ၇ ရက်ခန့် ရွာနိုင်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန / ခရက်ဒစ် – DVB