တောင်ပြိုသည့်နေရာသို့ လာရောက်လှူဒါန်းကြမည့် အလှူရှင်များ သိစေရန် (မင်းကိုနိုင်)

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ခေါင်းဆောင် ဉီးမင်းကိုနိုင် နှင့် အဖွဲ့သည် သထုံခရိုင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များ နှင့် အတူ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းသို့. လိုအပ်ချက်များကို အကူအညီ ပေးရန် ရောက်ရှိနေပြီ ဖြစ်ပါသည်။

ယခုရောက်ရှိနေသည့် အချိန်တွင် စတင်ကြုံတွေ့ရသော အခက်အခဲမှာ ကူညီလှူဒါန်းလိုသူများ အများအပြား ရောက်ရှိလာပြီး ကားလမ်းပိတ်သည့် အခက်အခဲ နှင့် ကြုံတွေ့နေရပါသည်။ ပထမ ဦးစားပေး အနေဖြင့် ကယ်ဆယ်ရေး အဖွဲ့များ အမြန်ဆုံး ကူညီပေးနိုင်ရန် လမ်းကိုဦးစားပေးရန်ဖြစ်ပါသည်။

ဒုတိယ ဦးစားပေး အနေဖြင့် ရေဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် ဆက်လက် ဖြစ်ပွားမှူများ ကို အခြေအနေ ထိမ်းသိနိးနိုင်ရန် နည်းပညာ ဖြင့် အကူအညီ ပေးအဖွဲ့များ ကို ဦးစားပေးရန် ဖြစ်ပါသည်။

တတိယ အနေဖြင့် ရေဘေးဒုက္ခသည် များ အတွက် လှူဒါန်းလိုသူများသည် အရာရာ ဝတ္ထုပစ္စည်းအသုံး အဆောင်များ သယ်ယူလာသည်ထက် ကယ်ဆယ်ရေး စခန်းများသို့ ဆက်သွယ်ပြီး လိုအပ်ချက်များ မေးမြန်းလှူဒါန်းခြင်းက ရေဘေးဒုက္ခသည် များအတွက် ပိုပြီးအဆင်ပြေလိမ့် မည် ဟု အကြံပြုလိုပါသည်။

ရေဘေးဒုက္ခသည် များကို လှူဒါန်းလိုသူများသည် ကယ်ဆယ်ရေး ပြုလုပ်နေသူများကို ဦးစားပေး စနစ်ဖြင့် သွားပြီး ၎င်းတို့ လုပ်ငန်းများ အနှောင့်အယှက် မဖြစ်စေရန် သတိပြု၍ အခြား အဆင်ပြေစေနိုင်မည့် နည်းလမ်းများကို ရွေးချယ်ပေးကြပါရန် အကြံပြုအပ်ပါသည်။

ကူညီလှူဒါန်းလိုသူများ ပြည်နယ် အစိုးရ နှင့် တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ၾသဂုတ္ ၁၀.။

The 88 Generation
ZN.H