မြေပြိုလူသေဆုံးမှု နှင့်ပတ်သက်ပြီးယနေ့ညအတည်ပြုသတင်း

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွအုပ်စု ရဲပြားကုန်း မြေပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး နှင့် ကား ၈ စီး မြေကြီးထဲမြုပ်နေခဲ့ကြောင်း

သြဂုတ်လ ၉ ရက်နေ့ည ၉နာရီ အထိ သေဆုံးဒဏ်ရာရစာရင်းအား အတည်ပြုမေးမြန်းချက်အရကျား ၁၂ဦး မ ၁၀ ဦးအလောင်းများ ထုတ်ယူရှိ ထားပြီး အလောင်းများကို ပေါင်ဆေးရုံရင်ခွဲရုံ နှင့် မုတ္တမဆေးရုံ ရင်ခွဲရုံများတွင် ထားရှိထား ကြောင်း လောလောဆယ်အလောင်း၂လောင်းတွေ့ထားပြီးယန္တယားဖြင့်ဆွဲထုတ်နေဆဲဖြစ်၍ လူသေဆုံးမှု ၂၄ ဦးဖြစ်နေသည်။

ဒဏ်ရာရသူ စုစုပေါင်း ၇၀ ဦးကို ပေါင် သထုံ မော်လမြိုင်ဆေးရုံများတွင်ခွဲ၍ပို့ဆောင်ကုသပေးနေကြောင်း

ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှုးရဲမှုးအေးဆွေ နှင့် ပေါင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးကိုကိုတို့ အားအတည်ပြုမေးမြန်းခဲ့စဉ်၎င်းတို့၏ထုတ်ပြန်ချက်အရသိရသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များအခင်းဖြစ်နေရာတွင်ဆက်လက်လုပ်ဆောင်နေသေးပြီး လူအသေအပျောက်နှင့် ဒဏ်ရာရသူစာရင်း ထပ်တိုးလာနိုင်ကြောင်းသိရသည်။မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတွင် ကွပ်ကဲမှုအဖွဲ့အသင့်စောင့်ဆိုင်းနေဆဲဖြစ်သည်။ယခုအတည်ပြုချက်မှာ ည၉နာရီ၂၀မိနစ်အထိဖြစ်သည်။

ဝရဇိန် ပေါင် ဓာတ်ပုံ ဝိသကြုံနတ်သား