ဖြစ်စဉ်ခြင်းမတူလို့ အမှုကျေအေးပေးမှာမဟုတ်ဘူးဆိုတဲ့ သင်းသင်း

သင်းသင်းနဲ့ ဝေဠုကျော်ရဲ့အမှုဟာဆိုရင်နှစ်နဲ့ချီကြာလာခဲ့ပြီဖြစ်သလို ရုံးချိန်းတစ်ခုပြီးတစ်ခုချိန်းပြီး အမှှုသွားအမှုလာကလည်းတော်တော်လေးကိုအရှိန်ရနေပြီးအမှုကအတော်ခရီးရောက်နေပြီလို့ဆိုရမှာပါ။ ပရိသတ်တွေစောင့်ကြည့်နေရတဲ့အမှုပြိုင်တွေဖြစ်တဲ့ သင်းသင်းနဲ့ ဝေဠုကျော်အမှုအပြင် အစ္စဏီနဲ့ စူးရှထက်တို့ရဲ့အမှုတွေမှာ စူးရှထက်ကတော့ အစ္စဏီဘက်ကတောင်းပန်လို့ အမှုကိုကျေအေးပေးလိုက်ပါပြီ။ အဲဒီလိုကျေအေးပေးလိုက်တာနဲ့ပတ်သက်ပြီး သင်းသင်းရော ကျေအေးပေးဖို့ရှိမလားလို့ ပရိသတ်တွေသိချင်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သင်းသင်းက 8days TV နဲ့ အင်တာဗျူးမှာ ဖြေကြားထားခဲ့ပါတယ်။

သင်းသင်းက ဟိုတလောက account hack ခံလိုက်ရတဲ့အကြောင်း “အစ်မ account ကို ခိုးယူလိုက်တာပါ။ Hack တဲ့အဆင့်အထိတော့ သူတို့မှာအဆင့်မရှိသေးပါဘူး။ အကောင့်ကတော့ 31 ရက်နေ့ညကဖြစ်သွားတယ်။ အစ်မလည်းသိပ်နားမလည်တော့နောက်တစ်နေ့မနက်မှပြကြည့်ရတယ်။ နာမည်တော့ထည့်မပြောတော့ပါဘူး။ ခိုးယူတဲ့လူကိုအစ်မသိပါတယ်။ အစ်မလည်းအစ်မရဲ့ အကောင့်လေးမှာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့လူတွေရှိတယ်။ အဲဒါကို ဘလော့လိုက်လားပေါ့။မေးကြတယ်။ အဲဒါကို ဒီကနေပဲပြောချင်ပါတယ်။ ဘလော့လိုက်တာမဟုတ်ပါဘူး”လို့ ပြောပြထားပါတယ်။

အကောင့်ထဲမှာ ရေဘေးအလှူအတွက် အလှူရှင်တွေဆက်သွယ်ထားတာပါသွားလို့စိတ်မကောင်းဘူးလို့ “ထိခိုက်မှုရှိတာကတော့ တော်တော်များများ ကိုယ့်ရဲ့ account လေးမှာ Friend တွေအများကြီးရှိလာတယ်။ ရေဘေးနဲ့ပတ်သက်ပြီးအလှူရှင်တွေပေါ့နော်။ ဆက်သွယ်ထားတာတွေရှိတယ်။ အစ်မကနှစ်တိုင်းလိုမျိုး သဘာဝဘေးအန္တရာယ်တွေအတွက်အလှူတွေလုပ်လေ့ရှိတော့ အလှူရှင်တွေပါသွားတဲ့အတွက် စိတ်တော့မကောင်းပါဘူး။ ပြန်ဖွင့်ဖို့ကို စိတ်ထဲမှာမရှိတော့ဘူး။ ပြန်ဖွင့်မှအဆင်ပြေမှာဆိုတော့ ဖွင့်တော့ဖွင့်ရမှာပါပဲ”လို့ ပြောထားပါတယ်။

ကမ်းခြေမှာ အားလုံးကို မုန်းတယ်ဆိုပြီး အော်ထားတဲ့ Tiktok video လေးအကြောင်းကို သင်းသင်းက “ကမ်းခြေရောက်တော့ အဲဒီနေ့က ဘာရယ်လို့မဟုတ်ပါဘူး။ ကိုယ်လည်း စိတ်ထဲမှာရှိတဲ့အတိုင်း အော်လိုက်တာ။ ဘေးက ညီမလေးက သူ Tiktok လေးရိုက်ပေးမယ်ဆိုတော့ ရိုက်လိုက်တာ။တစ်ခါတစ်လေ ဒီလိုပါပဲ။ လွှတ်ချလိုက်တာ ဘာရယ်လို့မဟုတ်ပါဘူး”လို့ ဖြေကြားထားပါတယ်။

စူးရှထက်တို့အမှုက ကျေအေးသွားပြီဆိုတော့ အမှုကျေအေးဖို့ရှိလားဆိုတဲ့မေးခွန်းတွေကိုလည်း သင်းသင်းက “မေးကြတဲ့လူတွေကိုလည်း နားလည်ပါတယ်။ ဘာလို့နားလည်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ချင်းမတူတော့ သူတို့က ဘေးကကြည့်တော့လည်း တောင်းဆိုတဲ့အပေါ်ကို အပြစ်မပြောပါဘူး။ ဖြစ်စဉ်ချင်းဖြစ်ပုံချင်းကမတူကြဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်က မတူကြတော့ စိတ်ခံစားချက်ချင်းကလည်း တူချင်မှတူမှာဆိုတော့ သူတို့ဘက်ကကြည့်ရင်လည်းနှစ်ဦးနှစ်ဖက်အတွက်ဖြစ်ကောင်းဖြစ်မှာပေါ့လေ။ အစ်မဘက်ကကြည့်ရင်လည်း နှစ်ဦးနှစ်ဖက်က ဖြစ်စဉ်မတူဘူးလေ။ ဖြစ်လာဖို့ကနည်းပါတယ်”လို့ ဖြေကြားသွားပါတယ်။

CRD_everytimestory