မြန်လိုက်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဂုတ်တွင်းတံတား ၃ ရက်အတွင်း ပြန်ကောင်းပါမည်

မန္တလေး – နောင်ချို လားရှိုးလမ်း ဂုတ်တွင်းတံတား စတင်ပြင်ဆင်ပြီ ယနေ့ (၁၇-၈-၂၀၁၉)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဘေလီသံဘောင်များ သယ်ယူလာသည့် ပထမအသုတ် မော်တော်ယာဉ်မှာ ဂုတ်တွင်းတံတား လုပ်ငန်းခွင်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်း/တံတား အင်ဂျင်နီယာများက နယ်မြေခံ ဒေသအာဏာပိုင် နှင့် လုံခြုံရေးအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် (၃)လွှာ တစ်ထပ် အရှည် (၂၁၀ ပေ) ဘေလီသံဘောင် တံတားထိုးခြင်း လုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ယမန်နေ့ကဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှု့ကြောင့် တပ်မတော်သားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သလို ပြည်သူများလည်း သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့မှု့များဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ဂုတ်တွင်းလမ်းပိုင်းအတွင်းရှိ ဂုတ်တွင်းတံတားကိုလည်း မိုင်းဖောက်ခွဲခဲ့မှု့ကြောင့် ကြမ်းခင်းများပေါက်ပြဲခဲ့ကာ မည်သည့်ကားမှ ဖြတ်သန်းသွားလာ၍မရအောင် ဆိုးရွားစွာပျက်စီးခဲ့သည်။ ထို့ကြောင့် မန္တလေး – ပြင်ဦးလွင် – နောင်ချို လမ်းပိုင်းအတွင်း ယာဉ်များပိတ်ဆို့နေသလို သီပေါ – ဂုတ်တွင်းလမ်းပိုင်းတွင်လည်း အလားတူယာဉ်များပိတ်ဆို့နေခဲ့သည်။

တ်တွင်းတံတားပြန်လည်ပြင်ဆင်ရေးလုပ်ငန်းအား အချိန်နှင့်တပြေးညီပြန်လည်ပြင်ဆင်နေသလို ပြန်လည်ပြင်ဆင်မှု့နှင့် ပတ်သက်၍ OHC (အော်ရီရမ်တယ်လ်ဟိုင်းဝေးကုမ္ပဏီ)မှ ဂုတ်တွင်းလမ်းပိုင်းတာဝန်ခံ ဦးသက်ဆွေက ” အမှန်က ဒီနေ့မှာ ယာယီသံပြားခင်းပြီး ယာဉ်ငယ်တွေဖြတ်သန်းလို့ရအောင်စီစဉ်ပေးမလို့ဖြစ်ပါတယ် ဒါပေမယ့် မိုင်းရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်နေဆဲဖြစ်တာကြောင့် မပေးဖြတ်တော့ပါဘူး။ နောက်ထပ် ၃ ရက်လောက်ကြာရင်တော့ တူးဝေးလမ်း လုပ်ပြီး သွားရင် တွဲကားအပါအဝင် ယာဉ်အားလုံးပြန်လညိဖြတ်သန်းနိုင်ဖို့ ရှိပါတယ်” ဟု လားရှိုးနယူးစ်အေဂျင်စီသို့ ပြောသည်။

သီပေါ – နမ့်လန် – ကျောက်ဂူ – နောင်ချိုလမ်းပိုင်းမှ အတက်/အဆင်းကားငယ်များဖြတ်သန်းသွားလာနေကြသည်ကိုလည်း သိရသည်။

Credit to shwe yoe media