ရွံစရာကောင်းပြီး ရောဂါဖြစ်စေနိုင်တဲ့ ပိုးဟပ်တွေကို အလွယ်ကူဆုံး နှိမ်နင်းနည်း

ပိုးဟပ်ကြောက်တဲ့သူငယ်ချင်းကိုလက်တို့လိုက်ပါဦး။ ပိုးဟပ်ဆိုတဲ့သတ္တဝါကိုတော့ ဘယ်သူမှသဘောကျကျမယ်မထင်ပါဘူး။ဘာကြောင့်လည်းဆိုတဲ့ ဒီသတ္တဝါတွေဟာ ညစ်ပတ်လွန်းတဲ့အပြင်ရောဂါမျိူးစုံကိုသယ်ဆောင်ထားတဲ့အကောင်တွေဖြစ်လို့ပါပဲ။ပိုးဟပ်တွေတောင်ပျံဖြန့်ပြီးပျံသန်းပြီဆိုရင်အိမ်မက်ဆိုးတွေ ပျံသန်းလာပြီလို့ထင်ကြတယ်မလား။

ဒီရွံစရာကောင်းတဲ့အကောင်တွေကို နှိမ်နင်းတဲ့ ဖြန်းဆေးကတော့ ထိရောက်မှုရှိပေမယ့် အဆိပ်တွေဖြစ်တဲ့အတွက် လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်။

အခုပြောပြမယ့် ဖြန်းဆေးကတော့ ဖော်စပ်ဖို့အလွန်လွယ်ကူတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။ သင်လိုအပ်မယ့်ပါဝင်ပစ္စည်းနှစ်ခုကတော့ မုန့်ဖုန်ဆော်ဒါနဲ့ ကြက်သွန်နီပဲ ဖြစ်ပါတယ်။ကြက်သွန်ကို ပါးပါးလှီးပြီး မုန့်ဖုတ်ဆော်ဒါကိုဖျော်ထားတဲ့ရေထဲထည့်ကာ ဒီပျော်ရည်ကို ပိုးဟပ်ရှိနိုင်မယ့်နေရာတွေနဲ့ အိမ်ထောင့်တွေကိုဖြန်းပါ။

ဒီပျော်ရည်ဟာ အလွန်အစွမ်းထက်လွန်းတဲ့အတွက် နာရီပိုင်းအတွင်းမှာ ပိုးဟပ်တွေ ပက်လက်လန်ကုန်တာကိုမြင်ရပါလိမ့်မယ်။ဒီဖြန်းဆေးကို အမြဲသုံးစွဲမယ်ဆိုရင် သင့်အိမ်လေးဟာ ပိုးဟပ်ကင်းစင်တဲ့ အိမ်လေးတစ်လုံးဖြစ်သွားပါလိမ့်မယ်။

Writer – Min Thu ( XYZ News)