ၿဂိဳလ္သားရွာေဖြမည့္သူမ်ား Area 51 အနားကိုကပ္မလာဖို႔ အေမရိကန္ေလတပ္ သတိေပး

Loading...

အေမရိကန္နိုင္ငံက ကမၻာ့အလၽွို႔ဝွက္ဆုံး ေနရာျဖစ္တဲ့ Area 51 ဆီ ဝင္ေရာက္စီးနင္းဖို႔ လုပ္ေနၾကတဲ့လူေတြကို အေမရိကန္က သတိေပးခ်က္ေတြ ထုတ္ျပန္ထားၿပီ ျဖစ္ပါတယ္။

ထိပ္တန္းလၽွို႔ဝွက္တဲ့ သဲကႏၲရာစစ္အေျခစိုက္စခန္း Area 51 ကို ဝင္စီးနင္းၿပီး ၿဂိဳဟ္သားေတြကို ဝင္ေရာက္ၾကည့္ရွုၾကဖို႔ လုပ္ေဆာင္ေနတဲ့သူေတြကို အေမရိကန္ေလတပ္က သတိေပးၿပီး Area 51 ဆီ ဝင္ေရာက္တာမ်ိဳး မလုပ္ဖို႔ ေဆာ္ၾသလ်က္ ရွိေနပါတယ္။

အြန္လိုင္း ေဖ့ဘုတ္ေပၚမွာ “Area 51 ကို ဝင္စီးနင္း၊ က်ဳပ္တို႔ကို သူတို႔ တားျမစ္နိုင္မွာ မဟုတ္”ဆိုတဲ့ event ကို ကမၻာတစ္လႊားက လူေထာင္ေသာင္းခ်ီကာ လွုပ္ရွားလာခဲ့ရာက ခုလို အေမရိကန္ရဲ့ လၽွို႔ဝွက္ဆန္းျပားတဲ့ Area 51 နယ္ေျမမွာ ဘာေတြ ရွိေနတယ္၊ ဘာေတြ လုပ္ေဆာင္ေနတယ္ဆိုတာ သိရေအာင္ တကယ္ဝင္စီးဖို႔ လုပ္ေဆာင္လာေတာ့တာ ျဖစ္ပါတယ္။

Loading...

ဒါေပမယ့္ အေမရိကန္ေလတပ္ကေတာ့ Area 51 ဟာ ေလ့က်င့္္ေရးစခန္းနယ္ေျမျဖစ္ၿပီး ဝင္စီးနင္းဖို႔ လုပ္တာဟာ တကယ့္ ဆိုးဝါးတဲ့ အေတြးအေခၚပဲလို႔ ေျပာပါတယ္။

“Area 51 ဟာ အေမရိကန္ေလတပ္ရဲ့ ေလ့က်င့္ေရး စခန္းပါ။ အေမရိကန္ လက္နက္ကိုင္တပ္ေတြ စစ္ေရးေလ့က်င့္ေနရာဆီ စီးနင္းဝင္ေရာက္လိုသူ ဘယ္သူကိုမဆို ကၽြန္ေတာ္တို႔ တားျမစ္သြားမွာ ျဖစ္ပါတယ္။”လို႔ ေလတပ္ေျပာခြင့္ရသူ ေလာ္ရာမတ္တအင္ဒ႐ူးက ေျပာပါတယ္။

“အေမရိကန္ဟာ အေမရိကန္နိုင္ငံကို ကာကြယ္ဖို႔ အျမဲရပ္တည္သြားမွာ ျဖစ္ပါတယ္။”လို႔ မတ္အင္ဒ႐ူးက ဆိုပါတယ္။အဆိုပါ ေဖ့ဘုတ္ event ကို စက္တင္ဘာ ၂၀ ေသာၾကာေန႔မွာ စတင္ဖို႔ ရွိေနပါတယ္။ ဒီ enent အရ Area 51 ဆီ ဝင္စီးဖို႔ လက္မွတ္ထိုးထားသူ ၈၆၀၀၀၀ ေက်ာ္ ရွိေနၿပီး ရ၅၄၀၀၀ ကလည္း စိတ္ဝင္စားေၾကာင္း ဆိုထားၾကပါတယ္။

Rf; Lad Bible
ေမာင္သံဆင့္(XYZ News)

( Unicode )

ဂြိုလ်သားရှာဖွေမည့်သူများ Area 51 အနားကိုကပ်မလာဖို့ အမေရိကန်လေတပ် သတိပေး

အမေရိကန်နိုင်ငံက ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာဖြစ်တဲ့ Area 51 ဆီ ဝင်ရောက်စီးနင်းဖို့ လုပ်နေကြတဲ့လူတွေကို အမေရိကန်က သတိပေးချက်တွေ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

ထိပ်တန်းလျှို့ဝှက်တဲ့ သဲကန္တရာစစ်အခြေစိုက်စခန်း Area 51 ကို ဝင်စီးနင်းပြီး ဂြိုဟ်သားတွေကို ဝင်ရောက်ကြည့်ရှုကြဖို့ လုပ်ဆောင်နေတဲ့သူတွေကို အမေရိကန်လေတပ်က သတိပေးပြီး Area 51 ဆီ ဝင်ရောက်တာမျိုး မလုပ်ဖို့ ဆော်သြလျက် ရှိနေပါတယ်။

အွန်လိုင်း ဖေ့ဘုတ်ပေါ်မှာ “Area 51 ကို ဝင်စီးနင်း၊ ကျုပ်တို့ကို သူတို့ တားမြစ်နိုင်မှာ မဟုတ်”ဆိုတဲ့ event ကို ကမ္ဘာတစ်လွှားက လူထောင်သောင်းချီကာ လှုပ်ရှားလာခဲ့ရာက ခုလို အမေရိကန်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ Area 51 နယ်မြေမှာ ဘာတွေ ရှိနေတယ်၊ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာ သိရအောင် တကယ်ဝင်စီးဖို့ လုပ်ဆောင်လာတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်လေတပ်ကတော့ Area 51 ဟာ လေ့ကျင့််ရေးစခန်းနယ်မြေဖြစ်ပြီး ဝင်စီးနင်းဖို့ လုပ်တာဟာ တကယ့် ဆိုးဝါးတဲ့ အတွေးအခေါ်ပဲလို့ ပြောပါတယ်။

“Area 51 ဟာ အမေရိကန်လေတပ်ရဲ့ လေ့ကျင့်ရေး စခန်းပါ။ အမေရိကန် လက်နက်ကိုင်တပ်တွေ စစ်ရေးလေ့ကျင့်နေရာဆီ စီးနင်းဝင်ရောက်လိုသူ ဘယ်သူကိုမဆို ကျွန်တော်တို့ တားမြစ်သွားမှာ ဖြစ်ပါတယ်။”လို့ လေတပ်ပြောခွင့်ရသူ လော်ရာမတ်တအင်ဒရူးက ပြောပါတယ်။

“အမေရိကန်ဟာ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ အမြဲရပ်တည်သွားမှာ ဖြစ်ပါတယ်။”လို့ မတ်အင်ဒရူးက ဆိုပါတယ်။အဆိုပါ ဖေ့ဘုတ် event ကို စက်တင်ဘာ ၂၀ သောကြာနေ့မှာ စတင်ဖို့ ရှိနေပါတယ်။ ဒီ enent အရ Area 51 ဆီ ဝင်စီးဖို့ လက်မှတ်ထိုးထားသူ ၈၆၀၀၀၀ ကျော် ရှိနေပြီး ရ၅၄၀၀၀ ကလည်း စိတ်ဝင်စားကြောင်း ဆိုထားကြပါတယ်။

Rf; Lad Bible
မောင်သံဆင့်(XYZ News)

Loading...