နာဇီ လက္ခ်က္နဲ႔ ေသၿပီလုိ႔ ထင္ခဲ့တဲ့ ညီအစ္ကိုႏွစ္ဦး (၇၅) ႏွစ္အၾကာမွာ အသက္ရွင္လွ်က္ ျပန္ဆုံဆည္း (ရုပ္သံ)

Loading...

အသက္ (၈၇) ႏွစ္နဲ႔ (၈၅) ႏွစ္ အသီးသီးကို ေရာက္ရွိေန ၾကတဲ့ ညီအစ္ကို ဝမ္းကြဲ ႏွစ္ေယာက္ဟာ ဒုတိယ ကမာၻစစ္ အတြင္းမွာ နာဇီေတြ လက္ခ်က္နဲ႔ ေသဆုံးခဲ့ၿပီလုိ႔ သူတုိ႔ အခ်င္းခ်င္း ေတြးမိခဲ့ ၾကၿပီး၊ ကြဲကြာခဲ့ ၾကပါတယ္။ ထုိစဥ္က သူတုိ႔ႏွစ္ေယာက္ဟာ အသက္(၁၀)ႏွစ္ ဝန္းက်င္ေတြပါ။

ဒါေပမယ့္ ေနာက္ (၇၅) ႏွစ္ ၾကာတဲ့အခါမွာ သူတုိ႔ ညီအစ္ကို ႏွစ္ေယာက္ အသက္ရွင္လွ်က္ ျပန္ဆုံ ခဲ့ၾကပါတယ္။ သူတုိ႔နာမည္ေတြ ကေတာ့ Morris Sana နဲ႔ Simon Mairowitz တုိ႔ ျဖစ္ၾက ပါတယ္။ ဂ်ဴးလူမ်ိဳးေတြ ျဖစ္ၾကၿပီး၊ အစၥေရးႏုိင္ငံ၊ Tel Aviv မွာ ျပန္ဆုံခဲ့ၾက တာပါ။

သူတုိ႔ကုိ ေဆြမ်ိဳးသားခ်င္းေတြက ျပန္ဆုံေတြ႕ႏုိင္ေအာင္ စီစဥ္ေပးခဲ့ၾက တာျဖစ္ၿပီး၊ ငယ္ငယ္ကတည္း ဒီညီအစ္ကို ႏွစ္ေယာက္ဟာ ကစားေဖာ္ ကစားဖက္ ျဖစ္တယ္လုိ႔ ဆုိၾက ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျပန္ဆုံမႈမွာ ညီအစ္ကို ႏွစ္ေယာက္ဟာ မ်က္ရည္ေတြနဲ႔ ဝမ္းသာေနၾက ပါတယ္။

Loading...

Sana ဟာ အစၥေရးမွာ စစ္ေရွာင္ရင္း က်န္ေနခဲ့တာ ျဖစ္ၿပီး၊ Simon ကေတာ့ အစၥေရး ကေန ယူေကကို ေရာက္လာခဲ့ တာပါ။ အစၥေရးကို နာဇီေတြ ဝင္လာေတာ့ ၿမိဳ႕ႀကီးေတြကို စြန္႔ၿပီး ေျပးၾက ပါတယ္။ Simon တုိ႔ မိသားစုလည္း နာဇီရန္ကို ေၾကာက္တာေၾကာင့္ (၁၉၄၀) မွာ ႐ုိေမးနီးယားကုိ ထြက္ေျပးၾက ပါတယ္။

ဒီလုိနဲ႔ တဆင့္ ယူေကကုိ မိသားစုလုိက္ လွ်ိဳ႕ဝွက္ ထြက္ေျပးခဲ့ၾကရာ၊ (၇၅) ႏွစ္တုိင္ ၾကာသည္ အထိ အစ္ကိုျဖစ္သူ Sana တစ္ေယာက္ အသက္ ရွင္ မရွင္ မသိခဲ့ပါဘူး။ ဒါေပမယ့္ ေဆြမ်ိဳး အခ်င္းခ်င္း ျပန္ဆက္သြယ္ မိၿပီး အခုလုိ ျပန္ေတြ႕ခဲ့ရ တာပါ။

ရုပ္သံ

ခရစ္ဒက္စ္ ApannPyay

Unicode

နာဇီ လက်ချက်နဲ့ သေပြီလို့ ထင်ခဲ့တဲ့ ညီအစ်ကိုနှစ်ဦး (၇၅) နှစ်အကြာမှာ အသက်ရှင်လျှက် ပြန်ဆုံဆည်း

အသက် (၈၇) နှစ်နဲ့ (၈၅) နှစ် အသီးသီးကို ရောက်ရှိနေ ကြတဲ့ ညီအစ်ကို ဝမ်းကွဲ နှစ်ယောက်ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ နာဇီတွေ လက်ချက်နဲ့ သေဆုံးခဲ့ပြီလို့ သူတို့ အချင်းချင်း တွေးမိခဲ့ ကြပြီး၊ ကွဲကွာခဲ့ ကြပါတယ်။ ထိုစဉ်က သူတို့နှစ်ယောက်ဟာ အသက်(၁၀)နှစ် ဝန်းကျင်တွေပါ။

ဒါပေမယ့် နောက် (၇၅) နှစ် ကြာတဲ့အခါမှာ သူတို့ ညီအစ်ကို နှစ်ယောက် အသက်ရှင်လျှက် ပြန်ဆုံ ခဲ့ကြပါတယ်။ သူတို့နာမည်တွေ ကတော့ Morris Sana နဲ့ Simon Mairowitz တို့ ဖြစ်ကြ ပါတယ်။ ဂျူးလူမျိုးတွေ ဖြစ်ကြပြီး၊ အစ္စရေးနိုင်ငံ၊ Tel Aviv မှာ ပြန်ဆုံခဲ့ကြ တာပါ။

သူတို့ကို ဆွေမျိုးသားချင်းတွေက ပြန်ဆုံတွေ့နိုင်အောင် စီစဉ်ပေးခဲ့ကြ တာဖြစ်ပြီး၊ ငယ်ငယ်ကတည်း ဒီညီအစ်ကို နှစ်ယောက်ဟာ ကစားဖော် ကစားဖက် ဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြန်ဆုံမှုမှာ ညီအစ်ကို နှစ်ယောက်ဟာ မျက်ရည်တွေနဲ့ ဝမ်းသာနေကြ ပါတယ်။

Sana ဟာ အစ္စရေးမှာ စစ်ရှောင်ရင်း ကျန်နေခဲ့တာ ဖြစ်ပြီး၊ Simon ကတော့ အစ္စရေး ကနေ ယူကေကို ရောက်လာခဲ့ တာပါ။ အစ္စရေးကို နာဇီတွေ ဝင်လာတော့ မြို့ကြီးတွေကို စွန့်ပြီး ပြေးကြ ပါတယ်။ Simon တို့ မိသားစုလည်း နာဇီရန်ကို ကြောက်တာကြောင့် (၁၉၄၀) မှာ ရိုမေးနီးယားကို ထွက်ပြေးကြ ပါတယ်။

ဒီလိုနဲ့ တဆင့် ယူကေကို မိသားစုလိုက် လျှို့ဝှက် ထွက်ပြေးခဲ့ကြရာ၊ (၇၅) နှစ်တိုင် ကြာသည် အထိ အစ်ကိုဖြစ်သူ Sana တစ်ယောက် အသက် ရှင် မရှင် မသိခဲ့ပါဘူး။ ဒါပေမယ့် ဆွေမျိုး အချင်းချင်း ပြန်ဆက်သွယ် မိပြီး အခုလို ပြန်တွေ့ခဲ့ရ တာပါ။

ခရစ်ဒက်စ် ApannPyay

Loading...