တပ်မတော်က ရုရှားထုတ် SU-57E တိုက်လေယာဉ်၀ယ်ယူဖို့ ဘာကြောင့်နီးစပ်သလဲ

Loading...

Unicode
■ ရုရှားရဲ့နောက်ဆုံးထုတ် SU-57E တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေကို တပ်မတော်က ၀ယ်ယူနိုင်ခြေရှိတယ်လို့ ထုတ်ပြောလာတဲ့အတွက် နိုင်ငံတကာ စစ်ဖက်လေ့လာရေးရှိ သူတွေအနေနဲ့ အံ့သြနပန်းဖြစ်ရတယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး (IISS) အဖွဲ့ရဲ့ နောက်ဆုံးထုတ် The Military Balance 2019 အစီရင်ခံစာကို ကိုးကားပြီးတော့ National Interest ဆိုတဲ့ သတင်းစာမျက်နှာမှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

နောက်ထပ် ရုရှားထုတ် Su-57 E တွေ အာရှကို ရောက်လာတော့မယ် သတိ၊ မှာယူသူက မြန်မာ့တပ်မတော်က ဖြစ်တယ်လို့ ဆောင်းပါးမှာ အစချီထားပါတယ်။ ပြီးခဲ့တဲ့လ စက်တင်ဘာ ၁ ရက်နေ့ ရုရှနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ စစ်လက်နက်အရောင်းပြပွဲ MAKS 2019 အပြီးမှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ ဒီလို ထုတ်ဖော် ပြောကြားလိုက်တာကို စစ်ဖက်ရေးရာလေ့လာသူတွေက အံသြသင့်ကြတယ်လို့လည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဆောင်းပါးရှင်ကတော့ မြန်မာမှာ SU-30 SMS တွေကို ရုရှားဆီကနေ မှာယူထားပြီးတော့၊ တစ်စင်းတန်ဖိုးဟာ ဒေါ်လာ သန်း ၅၀ နီးပါးရှိတာမို့ SU-57E ရောင်းစျေးနဲ့ သိပ်မကွာတာကြောင့် ၀ယ်နိုင်ခြေ အများကြီးရှိတယ်လို့ သုံးသပ်ကြပါတယ်။

Loading...

ရုရှားစစ်ဖက်ဆိုင်ရာ ကျွမ်းကျင်သူ မိုက်ကယ် ကော့ဖ်မန် Micheal Kofman က SU-57 စျေးဟာ ဒေါ်လာ ၄၅ သန်း ကနေ အမြင့်ဆုံး ၅၄ သန်းသာရှိပေမယ့် အဆင့်မြင့်နည်းပညာတွေ အများကြီးသုံးထားတာကြောင့်၊ မြန်မာမှာသာ ဘတ်ဂျက်ငွေရှိမယ်ဆိုရင် နောက်ဆုံးထုတ် Su-57 ၀ယ်နိုင်ခြေအများကြီးရှိတယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လက်နက်ရေးရာ ကျွမ်းကျင်သူတွေ၊ တပ်မတော်ရဲ့သဘောထားတွေကို တင်ပြနိုင်ဖို့ RFA က ဆက်သွယ်မေးမြန်းနေပါတယ်။
Photo: ASSOCIATED PRESS
(Sukhoi Su-57 တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေကို တွေ့ရစဉ်)

Zawgyi