ရုရှားထုတ် မျိုးဆက်သစ် Su-57 တိုက်လေယာဉ်များ ပထမဦးဆုံးတင်ပို့သောနိုင်ငံမှာ မြန်မာဖြစ်လာဖွယ်ရှိနေ

Loading...

ရုရှားထုတ် Su-57 မျိုးဆက်သစ်တိုက်လေယာဉ်တွေဟာ၂၀၁၉ ခုနှစ်အတွင်း ပြည်ပနိုင်ငံတွေရဲ့ ၀ယ်ယူဖို့ စိတ်၀င်စားမှုနဲ့အတူ အော်ဒါလက်ခံရရှိမှုမြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံဟာ ရုရှားက Su-57 တွေကို ပြည်ပကို ပထမဦးဆုံးတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်လာနိုင်တယ်လို့ Military Watch Magazine ကဖော်ပြခဲ့ပါတယ်။

၂၀၂၅ မတိုင်ခင် အစီးရေ ၇၀ အထိ ရုရှားစစ်တပ်မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် အစီးရေများများထုတ်လုပ်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်ဖို့ ပြည်ပက၀ယ်ယူဖို့ မှာယူမှုတွေကို ရုရှားက ရှာဖွေနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်၊အယ်ဂျီးရီးယား၊ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ စွမ်းဆောင်ရည်မြင့်မားပြီး သင့်တော်တဲ့ လက်နက်တပ်ဆင်ကာ ဝေဟင်စစ်ဆင်ရေးသာမက ရေပြင်ပိုင်နက်စစ်ဆင်ရေးအတွက်ပါ အသုံးပြုနိုင်တဲ့ Su-57 ရဲ့ ဒီဇိုင်းကို စိတ်၀င်စားလျက်ရှိနေကြပါတယ်။
အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ Su-57 ကို ၀ယ်ယူဖို့အတွက် ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီ လို့လည်းသတင်းထွက်ပေါ်နေပါတယ်။

Loading...

လတ်တလော နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးပိုကောင်းလာနေချိန်မှာ ရုရှားဆိုင်ရာ မြန်မာသံမတ် ဦးကိုကိုရှိန်က Su-57 တွေကို ၀ယ်ယူဖို့ စိတ်၀င်စားကြောင်း ပြောကြားခဲ့ပြီးနောက် အရှေ့တောင်အာရှက မြန်မာနိုင်ငံဟာ Su-57 တွေကို ၀ယ်ယူဖို့ မမျှော်လင့်ဘဲ အလားအလာအရှိဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ Su-57 တိုက်လေယာဉ်တွေအော်ဒါမှာယူမှုဟာ ၂၀၂၀ ခုနှစ် နှစ်၀က်လောက်မှာ ဖြစ်နိုင်ချေရှိနေပြီး မြန်မာသံမတ်ရဲ့ ကာလရှည်ရည်မှန်းထားတဲ့ သုံးသပ်ချက်ကြောင့် အစီးရေ အနည်းငယ်ဖြစ်နိုင်ချေရှိတယ်လို့ Military Watch Magazine မှာ ရေးသားဖော်ပြထားပါတယ်။
Ref; Miliatary Watch Magazine

Loading...