ထိုင်းလေတပ် ဂရစ်ပင် တိုက်လေယာဉ်မှူးဆောင်းထားတဲ့ Cobra ခေါင်းဆောင်း

Loading...

တိုက်ဂရစ်စ် တိုက်လေယာဉ်မှူးဆောင်းထားတဲ့ DASH ခေါင်းဆောင်းနဲ့ MAF မစ်ဂ်-၂၉ တိုက်လေယာဉ်မှာ ပါဝင်တဲ့ Shchel-3UM-1 ခေါင်းဆောင်းစနစ်တွေဖြစ်ပါတယ်။

အကုန်လုံးကတော့ ခေါင်းဆောင်းပစ်မှတ်ချိန်စနစ် (Helmet Mounted Cueing System) တွေပဲဖြစ်ပါတယ်။

MAF သုံးနေတဲ့ Shchel-3UM ကတော့ ပေါ်ပေါက်တာ အတော်လေးကိုကြာနေပြီး ခုလက်မှာရှိနေတဲ့ ဟာတွေက မျိုးဆက်ဟောင်း ပစ်မှတ်ချိန်စနစ်တွေဖြစ်ပါတယ်။
ထိုင်းလေတပ်မှာ DASH နဲ့ Cobra တွေကို သုံးနေပြီး နှစ်မျိုးလုံးက ခေတ်မီပါတယ်။ Cobra စနစ်က ပိုခေတ်မီတယ်လို့ ခံစားရပြီး လေယာဉ် လေယာဉ်မှူး နဲ့ တစ်သားထဲဖြစ်စေပါတယ်။

Loading...

ဒီHMCS စနစ်တွေဟာ တိုက်လေယာဉ်တွေ Dogfight ပြုလုပ်ရင် အရေးပါတဲ့ စနစ်ဖြစ်ပြီး ကိုယ့်လေယာဉ်ရဲ့ Offbore Sight မှာရောက်နေတဲ့ ပစ်မှတ်တွေကို လျှင်လျှင်မြန်မြန်ပစ်ချနိုင်ပါတယ်
Offbore Sight ဆိုတာ ကိုယ့်လေယာဉ်ရှေ့ကနေ ဘေးဘယ်ညာ အပေါ် အောက် စတဲ့ ဒုံးပျံကို တည့်တည့်ပစ်လွှတ်နိုင်တဲ့ ထောင့် ပြင်ပ ဖြစ်ပါတယ်။

ရှေးတုံးက ကိုယ့်ရှေ့က လေယာဉ်ကို AAM နဲ့ ပစ်ဖို့ ရှေ့တည့်တည့်ရောက်အောင် တစ်နည်းပြောရရင် သူများလေယာဉ်ရဲ့ 6 O’clock ရောက်အောင်လုပ်ရပါတယ်။ (6 o’clock ဆိုတာ လေယာဉ်အမောင်းသင်နေတဲ့ သူတွေလောက်ဆိုသိကြမှာပါ ။ သူများလေယာဉ် နောက်မြှီးတည့်တည့် ကိုပြောတာပါ။ နောက်မြှီးမှာ နေရာယူနိုင်တာကို Tail Chase ရတယ် လို့ ခေါ်ပါတယ်။ ) တစ်ခါတစ်ခါမှာ ထွေးလုံးရစ်ပါတ် တိုက်နေတဲ့အခါ ရှေ့က ကိုယ် Tail Chase ရအောင်လုပ်ထားတဲ့ တိုက်လေယာဉ်ဟာ ဘေးကိုရှောင်ထွက်သွားနိုင်ပါတယ်။ အဲ့အခါ သူ့ 6 o’clock နောက်မြှီးကနေ လွတ်ထွက်မသွားအောင် လိုက်ချိန်ရပါတယ်

HMCS ပါလာတဲ့အခါမှာတော့ Tail Chase ရအောင် လုပ်ထားတဲ့အနေအထားက တစ်ဖက်လေယာဉ်က လွတ်ထွက်အောင်ရုန်းနေရင်တောင် ခက်ခက်ခဲခဲနဲ့ နောက်က အတင်းလိုက်နေစရာမလိုပါဘူး ။ HMCS ပါတဲ့ ခေါင်းဆောင်းတွေနဲ့ လေယာဉ်မှူးက သူများလေယာဉ်ကို ခေါင်းလှည့်ကြည့်ပြီးဆက်တိုက်ချိန်ထားလို့ရပါတယ်။ (တအားကွေ့ချိုးတာမြန်တဲ့ တိုက်လေယာဉ်တွေနဲ့ဆိုရင်တော့ လွတ်ထွက်သွားနိုင်ပါတယ်)
HMCS ဟာ Offbore Sight Cueing လုပ်ပေးနိုင်တာကြောင့် ပစ်လိုတဲ့ ပစ်မှတ်ကို လေယာဉ်မှူးက လိုက်ကြည့်ပြီး ပစ်ခတ်ရုံပါပဲ ။ ဥပမာ ဘေးချင်းယှဉ်ပျံနေတဲ့ လေယာဉ်ကို ခေါင်းလှည့်ကြည့်ပြီး ဒုံးပျံပစ်ရင် ဒုံးက အဲ့ခေါင်းဆောင်းမျက်နှာမူထားတဲ့ ဘက်ကို သူ့ဖာသာကွေ့ပြီး သွားပါတယ်။ ဝါသနာပါရင် နောက်ပြန်တောင်လှည့်ကြည့်ပြီးပစ်လို့ရပါတယ်။ ဒါပါပဲ ။ ကျန်တာကတော့ ဒုံးပျံရဲ့ IR Seeker အပိုင်းဖြစ်သွားပါပြီ။

အတိုချုပ်ပြောချင်တာက ကျနော်တို့ MAF ရဲ့ Shchel တွေဟာ နည်းနည်း ခေတ်နောက်ကျနေပြီလို့ခံစားရပါတယ်။ ဘယ်လောက်ထိ အသုံးပြုဖူးလဲဆိုတာလဲ မခန့်မှန်းနိုင်ပါဘူး။
Shchel-3UM နဲ့ R-73 ဒုံးပျံ အတွဲအဖက်ဟာ Mig-29 တိုက်လေယာဉ်ရဲ့ ဖြုံလောက်စရာလက်နက်ဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ကြာလာတဲ့အခါ စွမ်းဆောင်ရည်နိမ့်ပါးသွားတဲ့အတွက် မျိုးဆက်သစ် Shchel-3UM-2/3 လို စနစ်အသစ်တွေနဲ့ အစားထိုးမှကိုက်ညီမှာပါ။
ခုဆိုရင် ထိုင်းလေတပ်ရဲ့ တိုက်ဂရစ်စ် (F-5) တိုက်လေယာဉ်ဟာ အနီးကပ်တိုက်ပွဲတွေမှာ DASH ခေါင်းဆောင်းနဲ့ ဒါဘီ ဒုံးပျံ အတွဲအဖက်ကို သုံးပြီး မစ်ဂ်-၂၉ တွေကို Dogfight လုပ်နိုင်ပါတယ်။ မစ်ဂ် တွေက လှုပ်ရှားမှုမှာပိုသာပေမယ့် DASH ခေါင်းဆောင်းအကူအညီကြောင့် တိုက်ဂရစ်စ်လို တတိယမျိုးဆက်ကြားဖြတ်တိုက်လေယာဉ်ကိုတောင် ပြန်သတိထားရမယ့် အခြေအနေရောက်ရှိနေပါတယ်။

ဂရစ်ပင်တိုက်လေယာဉ်ကတော့ မစ်ဂ် လိုပဲ လှုပ်ရှားမှုစွမ်းရည်ကောင်းတဲ့အပြင် Cobra စနစ်ပါတဲ့အတွက် အနိုင်ယူဖို့ဆို အတော်ကြိုးစားမှ ရမှာပါ။ ကျန်တဲ့ MAF တိုက်လေယာဉ်တွေဖြစ်တဲ့ F-7 မှာ ဒီလိုစွမ်းဆောင်ရည်မျိုးမရှိပါဘူး။ JF-17 မှာလည်း HMCS ပါဝင်ခြင်းရှိမရှိ မသေချာပါဘူး။ ဒီလေယာဉ်နှစ်မျိုးလုံးဟာလည်း ဂရစ်ပင် ထက် စစ်ကစားမှုစွမ်းရည်နိမ့်ပါးတယ်လို့ ယူဆပါတယ်။ MAF မှာ ထင်ရှားတဲ့ HMCS ဆိုလို့ Shchel-3UM ပဲရှိတာတွေ့ရမှာပါ။ နောက်လာမယ့် ဆူခွိုင်း-၃၀ မှာလဲ ဒါပဲ ပါလာဦးမှာပါ။

စစ်ပွဲတစ်ခုအောင်နိုင်ဖို့ဆို မိမိမှာရှိတဲ့ လက်နက်တွေအကြောင်း အစအဆုံး အရင် သိနေအောင်လုပ်ထားရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ စစ်ဖြစ်မှ ဒါတွေလေ့လာနေဖို့ အချိန်မရှိပါဘူး။ စစ်ပွဲဖြစ်ချိန်တန်လို့ ရန်သူက ဒီလို HMCS တွေပါပြီး ကိုယ့်လေယာဉ်ကမပါရင် ။ ရန်သူက အသုံးပြုပုံတွေကို သေချာသိရှိပြီ ကိုယ့်ဘက်ကမသိရှိဘူးဆိုရင် အချိန်တန် ကိုယ်ပဲ လေပေါ်မှာ Eject ခလုပ်ပြေးဆွဲ နေရမှာပါ ။

ဗဟုသုတရအောင် ဒီ Cueing System တွေ အရေးကြီးပုံအကြောင်းတင်ပေးတာဖြစ်ပြီး မိမိနယ်ပါယ်မဟုတ်လို့ မှားတယ်ဆိုလဲ ကျွမ်းကျင်သူတွေဆို ဖြည့်သာဖတ်ပေးပါ။

credit -Metatron

Loading...