“ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ရုပ်တုများ တည်ဆောက်နေခြင်းဖြစ်ကြောင်း” နေပြည်တော် ဒုမြို့တော်ဝန်ပြော

Loading...

နေပြည်တော် ၊သပြေကုန်းအဝိုင်းမှာ ထားမယ့်ကြေးတန်ချိန် ၇ တန်နဲ့သွန်းပြီး ကျပ်သိန်းပေါင်း သုံးထောင်ဝန်းကျင် ကုန်ကျမယ့် မြန်မာ့အကြီးဆုံး ဗိုလ်ချုပ် မြင်းစီးကြေးရုပ် တည်ဆောက်မှု အခြေအနေနဲ့ပတ်သက်လို့ ရှင်းလင်းပွဲတွင် နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးမှ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးရယူပေးခဲ့သူ အားလုံးရဲ့ စိတ်ဓာတ်တွေကို လေးစားအသိ အမှတ်ပြုတဲ့အနေဖြင့် ဗိုလ်ချုပ်ရုပ်တုများ တည်ဆောက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်မှာထားမယ့် မြင်းစီးကြေးရုပ်ဟာ လက်ရှိမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး အလှူငွေစုစုပေါင်း သိန်း၇၉၀ ရရှိထားပြီလို့လည်း သိရသည်။

Loading...

အဆိုပါ မြင်းစီးကြေးရုပ်ကို ၁၉၆၂ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ရုပ်တုဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးစီးတဲ့ အခါနိုင်ငံတော်ပိုင်အနေဖြင့်ရှိနေမှာ ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းဖို့အတွက် ပြည်သူ့လှူဒါန်းငွေအပြင် နိုင်ငံတော် ဘက်ဂျက်ကိုလည်း တောင်းခံသုံးစွဲမယ်ဟု နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ပြောကြားခဲ့သည်။

လက်ရှိတွင်မူ တိုင်းရင်းသားဒေသများမှာ ထားရှိသော ဗိုလ်ချုပ်ကြေးရုပ်တုများနှင့်ပတ်သက်၍ ဝေဖန်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

Loading...