ဆီးရီးယားကို ကျုးကျော်ဖို့ တူရကီကို မီးစိမ်းမပြခဲ့ဟု အမေရိကန် ပြော

Loading...

Unicode


Loading...





Rf; Arutz Sheva 7
Zawgyi
ဆီးရီးယားကို ကျုးကျော်ဖို့ တူရကီကို မီးစိမ်းမပြခဲ့ဟု အမေရိကန် ပြော

ဆီးရီးယားကို တူရကီ ကျုးကျော်တာမှာ အမေရိကန်က မီးစိမ်းပြ ခွင့်ပြုခဲ့တာ မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုက ပြောပါတယ်။

ကာ့ဒ်ပြည်သူ့စစ်တွေကို တိုက်ထုတ်ဖို့ ဆီးရီးယားမြောက်ပိုင်းဆီ တူရကီက ကျုးကျော်တိုက်ခိုက်မှုတွေ စတင်တဲ့ နာရီပိုင်းမှာပဲ PBS ရုပ်သံနဲ့ အင်တာဗျုးမှာ ပွန်ပဲယိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်းက အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာဟာ အဲဒီ ဒေသကို တူရကီ ကျုးကျော်တိုက်ခိုက်ဖို့ အခွင့်ပေးလိုက်တာမျိုးဆိုတာ မဟုတ်ကြောင်းလည်း ပွန်ပဲယိုက ငြင်းပါတယ်။

ဒါပေမယ့် တူရကီအနေနဲ့ ၎င်းရဲ့ နယ်စပ် လုံခြုံရေးစိုးရိမ်မှုအတွက် စိုးရိမ်တာဟာ တရားနည်းလမ်းကျပြီး နိုင်ငံတွင်း ဝင်ရောက်လာမယ့် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးရာမှာ တူရကီကို အမေရိကန်က ပံ့ပိုးထောက်ခံနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဆီးရီးယားက အိုင်အက်စ်တွေကို တိုက်ခိုက်ရာမှာ အမေရိကန်ဖက်က အကူအညီပေးခဲ့တဲ့ ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ကို အကာအကွယ်မပေးနိုင်တော့ပေမယ့် အမေရိကန်ဟာ အကြမ်းဖက်ဝါဒကို ချေမှုန်းရေး အဓိကထားတယ်လို့ ပွန်ပဲယိုက ခုခံပြောဆိုပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေဟာ တူရကီက PKK သူပုန်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ် တူရကီက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန် တပ်တွေကို မရုပ်သိမ်းခင် တူရကီ သမ္မတကို ထရမ့်က ဖုန်းခေါ်ဆိုခဲ့တာဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ အန္တရာယ်ရှိတာကြောင့် အကာအကွယ်ပေးဖို့ တပ်ပြန်ရုပ်သိမ်းတာလို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ ပွန်ပဲယိုက ရှင်းလင်းပြောဆိုပါတယ်။

Rf; Arutz Sheva 7
Writer_ မောင်သံဆင့်(XYZ News)
Zawgyi

Loading...