Khit Lunge

News & Media Website

Menu
  • ျပည္တြင္းသတင္း
  • ႏိုင္ငံတကာသတင္း
  • အႏုပညာရွင္ရပ္ဝန္း
  • အားကစားသတင္း
  • သိမွတ္ဖြယ္ရာ ဗဟုသုတ
  • က်န္းမာေရး
Menu

သရဏဂံု သံုးပါးကို အျမဲမပ်က္ရြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္ ရရွိႏိုင္ေသာအက်ိဳးတရားမ်ား

Posted on December 1, 2019December 1, 2019 by KL

မိမိ၏ အေဆြ ခင္ပြန္း မ်ားကို မည္သူကမွ် ပ်က္စီးေအာင္မျပဳလုပ္ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စံုႏိုင္ပါသည္။

ထုိ႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္အတြက္ အခ်ိန္မရေသာသူမ်ားသည္ သရဏဂုံသံုးပါးကုိ အျမဲမျပတ္ ရြတ္ ဆုိပြားမ်ားသင့္ပါသည္။

သရဏဂံု သံုးပါးကို အျမဲမပ်က္ရြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္သည္ ေအာက္ပါ အက်ိဳးတရားမ်ားကို ရရွိႏိုင္ပါသည္။

၁။ ဒိ သာသု ပူဇိေတာ ေဟာမိ။ သြားေလရာ အရပ္တိုင္း၌ေလးစားျမတ္ႏိုးျခင္းခံရမည္

၂ ။ တိကၡပေညာ။ ဉာဏ္အလြန္ထက္ျမက္မည္။

၃။ သေဗၺ ေဒဝါႏုဝတၱႏၲိ။ နတ္တို႔၏ ေစာင့္ေရွာက္ျခင္းခံရမည္။

၄။ အမိတေဘာဂံ လဘာမဟံ။ စီးပြားေရး အဆင္ေျပမည္။

၅။ သုဝဏၰဝေဏၰာ သဗၺတၳ။ ျဖစ္ေလရာဘဝတိုင္း၌ ရုပ္အဆင္းအလြန္လွပမည္။

၆။ ပဋိကေႏၲာ ဘဝါမဟံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူခ်စ္လူခင္ အလြန္ေပါမည္။

၇။ မိတၱာနံ အစေလာ ေဟာမိ။ ျဖစ္ေလရာဘဝတိုင္း၌ မိတ္ေကာင္းေဆြေကာင္းခိုင္ျမဲမည္။

၈။ ယေသာ အဗၻဳဂၢေတာ မမံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူအမ်ား၏ ေလးစားျခင္းခံရမည္။ ေကာင္းေသာစကားမ်ားကိုသာေျပာၾကမည္။

ေကာင္းသတင္းမ်ားသာေက်ာေဇာလိမ့္မည္ဟု တိသရဏမေထရ္ ရဟႏၲာအရွင္ျမတ္က ေဟာၾကားခဲ့သည္။

ဒီဃနိကာယ္(ႏွာ-၃၃၂) သံယုတၱနိကာယ္(ႏွာ-၃၄၁) တို႔၌ လာေသာ သရဏံ၏အက်ိဳးတရားမ်ားမွာ –

၁။ ယခုပစၥဳပၸန္ဘဝ၌ က်ေရာက္ဆဲ က်ေရာက္လတၱံ႕ေသာ အႏၲရာယ္မ်ားရွိျခင္း၊ေၾကာက္ရြံ႕ျခင္း၊ ထိတ္လန္႔ျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ အပါယ္ေလးပါးသို႔ လားေရာက္ရျခင္းစသည္ တို႔ကို တားျမစ္ဖ်က္ဆီး ေပးတတ္၏။

၂။ေနာင္ဘဝ နတ္ျပည္သို႔ ေရာက္သည့္ အခါတြင္လည္း သရဏဂံု တည္ေသာနတ္သည္ သရဏဂံု မတည္ေသာ နတ္ထက္အသက္ရွည္ျခင္း၊

ဆင္းလွျခင္း၊ အေႁခြအရံေပါမ်ားျခင္း၊ အပူေဇာ္ခံရျခင္း ထက္ျမက္ေသာ ဉာဏ္ပညာရွိျခင္း၊ မႏိႈင္းယွဥ္ႏိုင္ေသာ စည္းစိမ္ခ်မ္းသာကိုရရွိျခင္း၊ ေရႊ

ဆင္းႏွင့္တူေသာ အဆင္းရွိျခင္း၊ ခ်စ္ခင္ ႏွစ္သက္မႈကို ရရွိျခင္း၊ ေက်ာ္ေစာထင္ရွားျခင္း၊ အစိုးရျခင္း၊ နတ္တို႔၏ အာရံုငါးပါးတြင္ သာလြန္ျခင္း

မိမိ၏အလိုကို အျခားေသာ နတ္မ်ားက လိုက္ေလ်ာၾကရျခင္း၊

မိမိ၏ အေဆြခင္ပြန္းမ်ားကို မည္သူကမွ် ပ်က္စီးေအာင္ မျပဳလုပ္ ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စံုႏိုင္ပါသည္။

ထုိ႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္ အတြက္ အခ်ိန္မရေသာ သူမ်ားသည္ သရဏဂုံသံုးပါးကုိ အျမဲမျပတ္ ရြတ္ ဆုိပြားမ်ား သင့္ပါသည္ ။

ထုိသုိ႔ ရြတ္ဆုိပြားမ်ားရျခင္း အက်ိဳးေၾကာင့္ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္တြင္ နိဗၺာန္ကို မ်က္ေမွာက္ၿပဳ ၾကရ ပါမည္ ။

သံသရာ၌ က်င္လည္ ရလွ်င္လည္း ေဖၚျပခ့ဲေသာ အက်ဳိးတရား မ်ားကို ရရွိပါ လိမ့္မည္။

ထုိ႔ေၾကာင့္ သရဏဂုံ သံုးပါးကို သတိရတုိင္း အမွတ္ရတိုင္း စိတ္ထဲမွာ ရြတ္ဆိုပြားမ်ာ းၾကပါဟု တုိက္တြန္း အပ္ပါသည္။

Credit to original writer

( Unicode )

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သောအကျိုးတရားများ
မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။

၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်

၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။

၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။

ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။

ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –

၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီး ပေးတတ်၏။

၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့် အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊

ဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေ

ဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း

မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊

မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ် နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန် အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများ သင့်ပါသည် ။

ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြု ကြရ ပါမည် ။

သံသရာ၌ ကျင်လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရား များကို ရရှိပါ လိမ့်မည်။

ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားမျာ းကြပါဟု တိုက်တွန်း အပ်ပါသည်။

Credit to original writer

Loading…

©2019 Khit Lunge | Design: Newspaperly WordPress Theme