Khit Lunge

News & Media Website

Menu
  • ျပည္တြင္းသတင္း
  • ႏိုင္ငံတကာသတင္း
  • အႏုပညာရွင္ရပ္ဝန္း
  • အားကစားသတင္း
  • သိမွတ္ဖြယ္ရာ ဗဟုသုတ
  • က်န္းမာေရး
Menu

ဆီးဂိမ္းစ္အမ်ိဳးသမီးေဘာလုံးဆီမီးဖိုင္နယ္မွာ ျမန္မာနဲ႔ထိုင္း ထိပ္တိုက္ေတြ႕ၿပီ

Posted on December 2, 2019December 2, 2019 by KL

ျမန္မာအသင္းအေနနဲ႔ အုပ္စု(က)ပထမေနရာကို ရယူႏိုင္ခဲ့ေပမယ့္ ထိုင္းအသင္းကေတာ့ အုပ္စု(ခ)ရဲ႕ ဒုတိေယနရာသာရရွိခဲ့တာပါ။

က်င္းပလ်က္ရွိတဲ့ ဆီးဂိမ္းစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲရဲ႕ အုပ္စုပြဲစဥ္ေတြအားလုံးၿပီးဆုံးခဲ့ခ်ိန္မွာ ဆီမီးဖို္င္နယ္အ ဆင့္ပြဲစဥ္ေတြထြက္ေပၚလာခဲ့ၿပီး အိမ္ရွင္ဖိလစ္ပိုင္က ဗီယက္နမ္နဲ႔ရင္ဆိုင္ရမွာျဖစ္သလို ျမန္မာအသင္းကေတာ့ ထိုင္းအသင္းကို ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းအေနနဲ႔ အုပ္စု(က)တြင္ အိမ္ရွင္ဖိလစ္ပိုင္အသင္းနဲ႔ ရမွတ္၊ သြင္းဂိုးေတြတူညီခဲ့ေပမယ့္ Fair Play သတ္မွတ္ခ်က္အရ အုပ္စုပထမေနရာကို ရယူႏိုင္ခဲ့ၿပီး ထိုင္းအသင္းကေတာ့အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အင္ဒိုနီးရွားအသင္းကို ၅-၁ ဂိုးနဲ႔သာအႏိုင္ရခဲ့လို႔ ဂိုးကြာျခားခ်က္အရ ဗီယက္နမ္ေအာက္ အုပ္စုဒုတိယေနရာကို သာရယူႏိုင္ခဲ့တာပါ။

“ ပြဲကစားေနရင္းနဲ႔ တဖက္မွာ ကစားေနတဲ့ ထိုင္း-အင္ဒိုပြဲကို ေစာင့္ၾကည့္ျဖစ္တယ္။ လိုအပ္တဲ့ ဂိုးအေရအတြ က္ ရဖို႔အတြက္လည္း ခ်ိန္ကစားခဲ့တယ္။ အဓိကေတာ့ ထိုင္းနဲ႔ေတြ႕ခ်င္တယ္။ ဂိုး ၄ဂိုးရၿပီးတဲ့အခ်ိန္ ဂိုးထပ္ရဖို႔ တင္ကစားခဲ့တာပါ ” လို႔ ျမန္မာအမ်ိဳးသမီးအသင္းနည္းျပခ်ဳပ္ဦးဝင္းသူမိုးက DuwunSports ရဲ႕ေမးခြန္းကိုေျဖ ဆိုခဲ့ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းနဲ႔ထိုင္းအမ်ိဳးသမီးအသင္းတို႔ဟာ အစဥ္အလာအရ ၿပိဳင္ဘက္ေကာင္းေတြျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၆ ေျခစမ္းပြဲစဥ္တုန္း အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း အဓိကၿပိဳင္ပြဲႀကီးေတြမွာ ထိုင္းအသင္းကို ျမန္မာကအ ႏိုင္ရရွိခဲ့ျခင္းမရွိတာပါ။

ဆီမီးဖိုင္နယ္ပထမပြဲစဥ္ကိုလာမယ့္ဒီဇင္ဘာ၅ရက္ေန႔မွာယွဥ္ၿပိဳင္ကစားေစမွာျဖစ္ၿပီးျမန္မာအသင္းအေနနဲ႔ ေနာက္ဆုံးေတြ႕ခဲ့တဲ့ ၂၀၁၇ မေလးရွားဆီးဂိမ္းစ္မွာေတာ့ ထိုင္းအသင္းက ျမန္မာအသင္းကို ၃-၂ ဂိုးနဲ႔အႏိုင္ရရွိထား ခဲ့တာလည္းျဖစ္ပါတယ္။

( Unicode )

မြန်မာအသင်းအနေနဲ့ အုပ်စု(က)ပထမနေရာကို ရယူနိုင်ခဲ့ပေမယ့် ထိုင်းအသင်းကတော့ အုပ်စု(ခ)ရဲ့ ဒုတိယေနရာသာရရှိခဲ့တာပါ။

ကျင်းပလျက်ရှိတဲ့ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေအားလုံးပြီးဆုံးခဲ့ချိန်မှာ ဆီမီးဖိုင်နယ်အ ဆင့်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်က ဗီယက်နမ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို မြန်မာအသင်းကတော့ ထိုင်းအသင်းကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စု(က)တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ရမှတ်၊ သွင်းဂိုးတွေတူညီခဲ့ပေမယ့် Fair Play သတ်မှတ်ချက်အရ အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပြီး ထိုင်းအသင်းကတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းကို ၅-၁ ဂိုးနဲ့သာအနိုင်ရခဲ့လို့ ဂိုးကွာခြားချက်အရ ဗီယက်နမ်အောက် အုပ်စုဒုတိယနေရာကို သာရယူနိုင်ခဲ့တာပါ။

“ ပွဲကစားနေရင်းနဲ့ တဖက်မှာ ကစားနေတဲ့ ထိုင်း-အင်ဒိုပွဲကို စောင့်ကြည့်ဖြစ်တယ်။ လိုအပ်တဲ့ ဂိုးအရေအတွ က် ရဖို့အတွက်လည်း ချိန်ကစားခဲ့တယ်။ အဓိကတော့ ထိုင်းနဲ့တွေ့ချင်တယ်။ ဂိုး ၄ဂိုးရပြီးတဲ့အချိန် ဂိုးထပ်ရဖို့ တင်ကစားခဲ့တာပါ ” လို့ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဦးဝင်းသူမိုးက DuwunSports ရဲ့မေးခွန်းကိုဖြေ ဆိုခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းနဲ့ထိုင်းအမျိုးသမီးအသင်းတို့ဟာ အစဉ်အလာအရ ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခြေစမ်းပွဲစဉ်တုန်း အနိုင်ရခဲ့ပြီးနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေမှာ ထိုင်းအသင်းကို မြန်မာကအ နိုင်ရရှိခဲ့ခြင်းမရှိတာပါ။

ဆီမီးဖိုင်နယ်ပထမပွဲစဉ်ကိုလာမယ့်ဒီဇင်ဘာ၅ရက်နေ့မှာယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီးမြန်မာအသင်းအနေနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်မှာတော့ ထိုင်းအသင်းက မြန်မာအသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရရှိထား ခဲ့တာလည်းဖြစ်ပါတယ်။

Loading…

©2019 Khit Lunge | Design: Newspaperly WordPress Theme