အႀကိမ္(၃၀)ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲရဲ႕ အုပ္စုတတိယပြဲစဥ္အျဖစ္ အိမ္ရွင္ ကေမာၺဒီယား နဲ႔ ျမန္မာယူ-၂၂ အသင္းတို႔ယွဥ္ၿပိဳင္ကစားခဲ့ရာ ျမန္မာယူ-၂၂ အသင္းက (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

ဒီပြဲမွာ ျမန္မာအသင္း ႏိုင္ပြဲ မျဖစ္မေနရယူဖို႔ လိုအပ္တဲ့အတိုင္း အႏိုင္ရလဒ္ရယူႏိုင္ခဲ့ေပမယ့္ ေနာက္တန္းႏွင့္ ဂိုးသမားတို႔အၾကား လိုအပ္ခ်က္မ်ားစြာ၊ အမွားေပါင္းမ်ားစြာရွိေနတာကိုေတာ့ ေတြ႕ရပါတယ္။

ယေန႔ (ဒီဇင္ဘာ ၂ရက္ )ညေနပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့ၾကေသာ ျမန္မာယူ-၂၂အသင္း ႏွင့္ ကေမာၺဒီယား ယူ-၂၂အသင္းတို႔ ပြဲစဥ္တြင္ ျမန္မာအသင္းက ပြဲစဥ္အစပိုင္းတြင္၁:၁ျဖင့္ဦးေဆာင္ႏိုင္ခဲ႔သည္။ သို႔ေသာ္လည္း ေနာက္တန္း အားနည္းခ်က္မွတစ္ဆင့္ ပထမပိုင္း ၿပီးခါနီး၌ ေခ်ပဂိုး ျပန္လည္ခြင့္ျပဳ ခဲ့ရသည္။

ဒုတိယပိုင္းပြဲခ်ိန္တြင္လည္း ျမန္မာအသင္းက ကေမာၺဒီးယားအသင္းထက္ အခြင့္အေရး ပိုမိုရွိခဲ့ၿပီး တိုက္စစ္ပိုင္း၌ အဆုံးသတ္ပိုင္း အားနည္းမႈမ်ားေၾကာင့္ လိုအပ္ေနေသာ အႏိုင္ဂိုးမ်ားကို သြင္းယူႏိုင္ျခင္း မရွိခဲ့ေပ။ ထို႔ေနာက္တိုက္စစ္မွဴး ေအာင္ေကာင္းမာန္ကကဒုတိယပိုင္းပြဲခ်ိန္၈၈မိနစ္းတြင္ ဒုတိယေျမာက္အႏိုင္ဂိုးကိုသြင္းယူေပးခဲ႔တာပဲျဖစ္ပါတယ္။

ျမန္မာအသင္းဟာ မေလးရွားအသင္းကို သေရကန္ခဲ႔ၿပီး(၁မွတ္)၊အိမ္ရွင္ဖီလစ္ပိုင္အသင္းကို(၂:၁)နဲ႔ႏိုင္ခဲ႔ၿပီး(၃မွတ္)၊တီေမာပြဲစဥ္အၿပီး(၃:၁)နဲ႔အႏိုင္ရၿပီး(၃မွတ္)၊ယခုကေမာၺဒီးယားပြဲစဥ္အၿပီး(၂:၁)နဲ႔စုစုေပါင္းရမွတ္၁၀နဲ႔ရံႈးပြဲမရွိရလဒ္ေကာင္းေတြနဲ႔ ဆီမီးဖိုင္နယ္ကို အုပ္စုဗိုလ္အျဖစ္တက္လွမ္းသြားတာပဲျဖစ္ပါတယ္။

Via – Aungparsay.co
( Unicode )
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဗောဒီယား နဲ့ မြန်မာယူ-၂၂ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်း နိုင်ပွဲ မဖြစ်မနေရယူဖို့ လိုအပ်တဲ့အတိုင်း အနိုင်ရလဒ်ရယူနိုင်ခဲ့ပေမယ့် နောက်တန်းနှင့် ဂိုးသမားတို့အကြား လိုအပ်ချက်များစွာ၊ အမှားပေါင်းများစွာရှိနေတာကိုတော့ တွေ့ရပါတယ်။

ယနေ့ (ဒီဇင်ဘာ ၂ရက် )ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာယူ-၂၂အသင်း နှင့် ကမ္ဗောဒီယား ယူ-၂၂အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက ပွဲစဉ်အစပိုင်းတွင်၁:၁ဖြင့်ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း နောက်တန်း အားနည်းချက်မှတစ်ဆင့် ပထမပိုင်း ပြီးခါနီး၌ ချေပဂိုး ပြန်လည်ခွင့်ပြု ခဲ့ရသည်။
ဒုတိယပိုင်းပွဲချိန်တွင်လည်း မြန်မာအသင်းက ကမ္ဗောဒီးယားအသင်းထက် အခွင့်အရေး ပိုမိုရှိခဲ့ပြီး တိုက်စစ်ပိုင်း၌ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် လိုအပ်နေသော အနိုင်ဂိုးများကို သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက်တိုက်စစ်မှူး အောင်ကောင်းမာန်ကကဒုတိယပိုင်းပွဲချိန်၈၈မိနစ်းတွင် ဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

မြန်မာအသင်းဟာ မလေးရှားအသင်းကို သရေကန်ခဲ့ပြီး(၁မှတ်)၊အိမ်ရှင်ဖီလစ်ပိုင်အသင်းကို(၂:၁)နဲ့နိုင်ခဲ့ပြီး(၃မှတ်)၊တီမောပွဲစဉ်အပြီး(၃:၁)နဲ့အနိုင်ရပြီး(၃မှတ်)၊ယခုကမ္ဗောဒီးယားပွဲစဉ်အပြီး(၂:၁)နဲ့စုစုပေါင်းရမှတ်၁၀နဲ့ရှုံးပွဲမရှိရလဒ်ကောင်းတွေနဲ့ ဆီမီးဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ်တက်လှမ်းသွားတာပဲဖြစ်ပါတယ်။
Via – Aungparsay.co