



( Unicode )
အနုပညာလောကမှာ ဆယ်စုနှစ်တွေ များစွာတိုင်အောင် အောင်မြင်မှုတွေများစွရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် လွင်မိုးပါ။ သူဟာ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်နေတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို ယနေ့ထိတိုင်အားပေးနေကြဆဲပါ။

လွင်မိုးဟာ ကြည်နူးပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သူတို့ဇနီးမောင်နှံဟာ မြေးလေး လွင်ထက်လေးကိုလည်း မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို ချစ်ကြတာပါ။ သူတို့ဇနီးမောင်နှံဟာ ဘာသာရေးလည်း ကိုင်းရှိုင်းကြသူတွေပါ။
ဟဲဟိုးမြို့မှာရှိတဲ့ သရုပ်ဆောင် လွင်မိုးရဲ့ လီလီပန်း စိုက်ခင်းကို နိုင်ငံတကာမှ လီလီပန်း စိုက်ပျိုးရေး ပညာရှင်များက နိုဝင်ဘာလ (၂၇) ရက်နေ့က လာရောက်လေ့လာခဲ့တဲ့ ပုံရိပ်တွေပါ။
Crd – Photo – MC