ဘာႏူးဂ်န္ဂစ္ဇ္ဟာ ၾကင္နာသနားတတ္တဲ့ အမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။ သူမဟာ တူရကီႏိုင္ငံက ေဆးေရာင္းသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဘာႏူးဟာ တိရစာၦန္ေလးေတြကို ခ်စ္တတ္ပါတယ္။ ညဘက္ သူမရဲ႕ေဆးအေရာင္းဆိုင္ ပိတ္လို႔ အိမ္ျပန္ခါနီး အခ်ိန္တိုင္းမွာ ဘာႏူးဟာ လမ္းေဘးေခြးေလးေတြအတြက္ အစားအစာ၊ ေရနဲ႔ ၿခဳံထည္ေစာင္ေတြကို ထားေပးေလ့ရွိပါတယ္။

ဒီအတြက္ ေခြးေတြကလည္း ဘာႏူးကို ခ်စ္ပါတယ္။ ေဆးဆိုင္ဖြင့္ဖို႔ ဘာႏူးလာၿပီဆိုတာနဲ႔ ေခြးေတြက သူမနားမွာ ဝိုင္းၿပီး ႀကိဳဆိုတတ္ၾကပါတယ္။ တစ္ေန႔ေတာ့ ထုံးစံအတိုင္း ေဆးဆိုင္ဖြင့္ဖို႔လာရင္း ဘာႏူးက ေခြးတစ္ေကာင္ကို သတိထားမိလိုက္ပါတယ္။ အဲ့ဒီေခြးေလးဟာ သူမကို အကူအညီလိုေနတယ္လို႔ ေဖာ္ျပေနတဲ့ သနားစရာ မ်က္လုံးေတြနဲ႔ ၾကည့္ေနခဲ့တာပါ။ ေခြးေလးဟာ စိတ္လႈပ္ရွားေနပုံရတဲ့အျပင္ ေခြးရဲ႕ လႈပ္ရွားပုံကလည္း နည္းနည္းေတာ့ ထူးဆန္းေနတာေၾကာင့္ ဘာႏူးဟာ ေခြးကို သူမရဲ႕ ေဆးဆိုင္ခန္းထဲ ေခၚသြင္းခဲ့ပါတယ္။
တကယ္ေတာ့ ေခြးေလးရဲ႕ ဖဝါးတစ္ဖက္ဟာ ဒဏ္ရာရၿပီး ေသြးေတြ ယိုထြက္ေနခဲ့တာပါ။ ဒါေၾကာင့္ ဘာႏူးဟာ ခ်က္ျခင္းပဲ အနာကို သန႔္ရွင္းေရးလုပ္၊ ပိုးသတ္ေဆးထည့္ကာ ဒဏ္ရာကို ပတ္တီးနဲ႔ စည္းေပးထားလိုက္ပါတယ္။ ဒါနဲ႔ ေခြးေလးကို ၾကည့္လိုက္ေတာ့ သူဟာ ထြက္သြားခ်င္ပုံမရပါဘူး။ ေနရာမွာပဲ ရပ္ၿမဲတိုင္း ရပ္ေနတာေၾကာင့္ ဘာႏူးဟာ အဲ့ဒီတစ္ေန႔ေတာ့ ေခြးေလးကို သူမေဆးဆိုင္ခန္းထဲက ေနရာလြတ္ေလးတစ္ခုမွာပဲ ထားၿပီး အစာေကြၽး၊ ေရတိုက္ကာ သက္ေတာင့္သက္သာ ေနခိုင္းခဲ့ပါတယ္။

တစ္ေနကုန္လို႔ အိမ္ျပန္ေတာ့မယ့္ အခ်ိန္ေရာက္မွ ဘာႏူးဟာ ဒဏ္ရာရေနတဲ့ ေခြးမေလးကို အျပင္ထုတ္ကာ သူ႔အေပါင္းအသင္းေတြဆီ ျပန္လႊတ္ေပးလိုက္ပါတယ္။ အစပိုင္းေတာ့ ဘာႏူးက ေခြးမေလးကို အိမ္ေခၚသြားမယ္လို႔ စိတ္ကူးခဲ့ပါေသးတယ္။ ဒါေပမယ့္ သူမအိမ္မွာလည္း ေခြးတစ္ေကာင္ေမြးထားတဲ့အတြက္ အခ်င္းခ်င္းကိုက္မွာစိုးလို႔ဆိုကာ လမ္းေပၚကိုပဲ ျပန္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။
“…လမ္းေဘးတိရစာၦန္ေလးေတြနဲ႔ ရင္းႏွီးလာခဲ့တာ ကြၽန္မက ႏွစ္ေပါင္းမ်ားစြာ ၾကာေနပါၿပီ။ ကြၽန္မ သူတို႔ကို အစာေကြၽးတယ္။ ေဆးကုေပးတယ္။ တတ္ႏိုင္သေလာက္ အိမ္ရွာေပးတယ္။ သူတို႔ကို ကြၽန္မနားလည္ေပးတယ္။ ဒီေတာ့ ေခြးေလးေတြက သူတို႔တစ္ခုခုျဖစ္ေတာ့ ကြၽန္မကို အကူအညီလာေတာင္းတာေပါ့။ ကြၽန္မတို႔ လူသားေတြအေနနဲ႔ အကူအညီလိုေနတဲ့ သတၱဝါေလးေတြကို အတတ္ႏိုင္ဆုံး ကူညီေပးသင့္ပါတယ္..” လို႔ ဘာႏူးက တိုက္တြန္းခဲ့တာကိုလည္း heartwarmingthings အရ သိရပါတယ္။

Credit
( Unicode )
ဘာနူးဂျန်ဂစ်ဇ်ဟာ ကြင်နာသနားတတ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ တူရကီနိုင်ငံက ဆေးရောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာနူးဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ညဘက် သူမရဲ့ဆေးအရောင်းဆိုင် ပိတ်လို့ အိမ်ပြန်ခါနီး အချိန်တိုင်းမှာ ဘာနူးဟာ လမ်းဘေးခွေးလေးတွေအတွက် အစားအစာ၊ ရေနဲ့ ခြုံထည်စောင်တွေကို ထားပေးလေ့ရှိပါတယ်။
ဒီအတွက် ခွေးတွေကလည်း ဘာနူးကို ချစ်ပါတယ်။ ဆေးဆိုင်ဖွင့်ဖို့ ဘာနူးလာပြီဆိုတာနဲ့ ခွေးတွေက သူမနားမှာ ဝိုင်းပြီး ကြိုဆိုတတ်ကြပါတယ်။ တစ်နေ့တော့ ထုံးစံအတိုင်း ဆေးဆိုင်ဖွင့်ဖို့လာရင်း ဘာနူးက ခွေးတစ်ကောင်ကို သတိထားမိလိုက်ပါတယ်။ အဲ့ဒီခွေးလေးဟာ သူမကို အကူအညီလိုနေတယ်လို့ ဖော်ပြနေတဲ့ သနားစရာ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာပါ။ ခွေးလေးဟာ စိတ်လှုပ်ရှားနေပုံရတဲ့အပြင် ခွေးရဲ့ လှုပ်ရှားပုံကလည်း နည်းနည်းတော့ ထူးဆန်းနေတာကြောင့် ဘာနူးဟာ ခွေးကို သူမရဲ့ ဆေးဆိုင်ခန်းထဲ ခေါ်သွင်းခဲ့ပါတယ်။

တကယ်တော့ ခွေးလေးရဲ့ ဖဝါးတစ်ဖက်ဟာ ဒဏ်ရာရပြီး သွေးတွေ ယိုထွက်နေခဲ့တာပါ။ ဒါကြောင့် ဘာနူးဟာ ချက်ခြင်းပဲ အနာကို သန့်ရှင်းရေးလုပ်၊ ပိုးသတ်ဆေးထည့်ကာ ဒဏ်ရာကို ပတ်တီးနဲ့ စည်းပေးထားလိုက်ပါတယ်။ ဒါနဲ့ ခွေးလေးကို ကြည့်လိုက်တော့ သူဟာ ထွက်သွားချင်ပုံမရပါဘူး။ နေရာမှာပဲ ရပ်မြဲတိုင်း ရပ်နေတာကြောင့် ဘာနူးဟာ အဲ့ဒီတစ်နေ့တော့ ခွေးလေးကို သူမဆေးဆိုင်ခန်းထဲက နေရာလွတ်လေးတစ်ခုမှာပဲ ထားပြီး အစာကျွေး၊ ရေတိုက်ကာ သက်တောင့်သက်သာ နေခိုင်းခဲ့ပါတယ်။
တစ်နေကုန်လို့ အိမ်ပြန်တော့မယ့် အချိန်ရောက်မှ ဘာနူးဟာ ဒဏ်ရာရနေတဲ့ ခွေးမလေးကို အပြင်ထုတ်ကာ သူ့အပေါင်းအသင်းတွေဆီ ပြန်လွှတ်ပေးလိုက်ပါတယ်။ အစပိုင်းတော့ ဘာနူးက ခွေးမလေးကို အိမ်ခေါ်သွားမယ်လို့ စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် သူမအိမ်မှာလည်း ခွေးတစ်ကောင်မွေးထားတဲ့အတွက် အချင်းချင်းကိုက်မှာစိုးလို့ဆိုကာ လမ်းပေါ်ကိုပဲ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
“…လမ်းဘေးတိရစ္ဆာန်လေးတွေနဲ့ ရင်းနှီးလာခဲ့တာ ကျွန်မက နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ကျွန်မ သူတို့ကို အစာကျွေးတယ်။ ဆေးကုပေးတယ်။ တတ်နိုင်သလောက် အိမ်ရှာပေးတယ်။ သူတို့ကို ကျွန်မနားလည်ပေးတယ်။ ဒီတော့ ခွေးလေးတွေက သူတို့တစ်ခုခုဖြစ်တော့ ကျွန်မကို အကူအညီလာတောင်းတာပေါ့။ ကျွန်မတို့ လူသားတွေအနေနဲ့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို အတတ်နိုင်ဆုံး ကူညီပေးသင့်ပါတယ်..” လို့ ဘာနူးက တိုက်တွန်းခဲ့တာကိုလည်း heartwarmingthings အရ သိရပါတယ်။
Credit