Loading...

စုံတွဲတွေမှာ အမျိုးသားတွေရရှိနိုင်တဲ့အကျိုးအမြတ်များ

Loading...

ချစ်သူစုံတွဲပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှာပဲ ဖြစ်ဖြစ်ဦးစီးဦးဆောင်ပြုရတဲ့အတွက် ယောကျ်းလေးအများစုကသူတို့မှာ နစ်နာမှုတွေအများအပြားရှိတယ်လို့တွေးတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပေးဆပ်ချစ် တတ်တဲ့ ယောက်ျားလေး ပဲဖြစ်ပါစေ relationshipရှိခြင်းကြောင့် သူတို့အတွက် အကျိုး အမြတ်တွေအများကြီးရှိနေပါတယ်။

ဒါက ကျား၊ မရေးရာခွဲခြားမှု gender equality နဲ့ မဆိုင်ပါဘူး။singleယောက်ျားလေးတစ်ယောက်ထက် ချစ်သူ ရှိတဲ့ ယောက်ျားလေး ဒါမှမဟုတ် လက်ထပ်ထားတဲ့ယောက်ျားလေးတစ်ယောက်မှာ ကျန်းမာရေးအရရော ၊စိတ်ပိုင်း ဆိုင်ရာမှာပါ ပိုပြီးကောင်းမွန်တဲ့အကျိုးရလဒ်တွေရှိနေပါတယ်။

ကျန်းမာရေးကောင်းခြင်း

ယောကျ်ား လေးတွေမှာ လူမှုရေး၊စီးပွားရေး စတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိတတ်ပါတယ်။ဒီလိုစိန်ခေါ်မှုတွေက သူတို့ရဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေမှာ ဖိအားဖြစ်စေပါတယ်။ချစ်သူ/ဇနီးရှိတဲ့ ယောက်ျားလေးတွေမှာတော့ ဒီလို စိန်ခေါ်မှုအခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကို မိသားစုရဲ့ပံ့ပိုးမှုကနေရနိုင်ပါတယ်။တနည်း အားဖြင့် ဇနီးတစ်ယောက်က ခင်ပွန်းတစ်ယောက်အတွက် အကောင်းဆုံးဂရုစိုက်မှုဖြစ်စေလို့ပါပဲ။ဒါကြောင့် ဖိအားတွေ ကြောင့်ကျန်းမာရေးထိခိုက်မှုမရှိနိုင်တော့ပါဘူး။

အသက်ရှည်ခြင်း

ချစ်သူစုံတွဲ၊ လင်မယားတွေကို ကိုးနှစ်ကြာလေ့လာမှုလုပ်ခဲ့တဲ့ တွေ့ရှိချက်တစ်ခုမှာတော့ ချစ်သူ ဒါမှမဟုတ် လက်ထပ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့အသက်ဟာ singleယောက်ျားလေးတစ်ယောက်အသက်ထက်ပိုရှည်တယ် ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။တဆက်တည်းမှာပဲ ဖြစ်နိုင်ချေအများဆုံးက ချစ်သူ/ဇနီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ က သူတို့ကို အသက်ပိုရှည်စေပါတယ်။ဒါ့အပြင် ပညာပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ထားပါက သူတို့ဟာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေနဲ့ မိသားစုရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်ဖို့စဉ်ဆက်မပြတ် လေ့ လာအကဲခတ်နေပါလိမ့်မယ်။

ကင်ဆာဖြစ်နိုင်ခြေနည်းခြင်း

ကင်ဆာရောဂါ ဝေဒနာရှင်ပါင်း ၂၇,၇၇၉ဦးကိုလေ့လာကြည့်ရာမှာတော့ ရောဂါအခြေအနေတိုးတက်ကောင်းမွန်မှုကို single အမျိုးသားတွေထက် လက်ထပ်ထားတဲ့ အမျိုးသားတွေမှာပိုပြီး တွေ့ရတယ်လို့ဆိုပါတယ် ။နောက်ထပ်အကြံပြုချက် တစ်ခုကတော့ ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ပျော်ရွှင်တဲ့ relationshipပိုင်ဆိုင်ထားတဲ့သူဆိုရင်တော့ ကောင်းမွန် တဲ့ကျန်းမာရေးအခြေအနေကိုရရှိတဲ့အပြင် ပိုမိုပြည့်ဝတဲ့ ခနကိုယ် အားအင်ဓာတ်တွေပါရရှိနိုင်တယ်လို့ဆိုပါတယ်။

စိတ်ဓာတ်ကျမှုလျော့ကျစေခြင်း

ချစ်သူစုံတွဲ ဒါမှမဟုတ် လင်မယားတွေမှာ သက်တမ်းရင့်လာတာနဲ့အမျှ လူလွတ်တွေထက် ပျော်ရွှင်မှုကို ပိုမိုခံစားလာ ရတတ်ပါတယ်။ဒါ့အပြင် စိတ်ဓာတ်ကျခြင်းလည်း လျော့နည်းလာနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မိသားစုကရရှိတဲ့ ပံ့ပိုးမှု နွေးထွေးတဲ့ဆက်ဆံရေးတွေက အမျိုးသားတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို လျော့နည်းစေတဲ့ အပြင် လူမှုဆက်ဆံရေးအောင်မြင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

မှုခင်းဖြစ်မှုကို လျော့နည်းစေခြင်း

အမျိုးသားအများစုဟာ ဥပဒေ၊စည်းမျဉ်းစည်းကမ်းသတ်မှတ် နယ်ပယ်တွေမှာ အငြင်းပွားမှု၊ ပြသနာတွေ မကြာခဏ ဆိုသလို ကြုံရတတ်ပါတယ်။ဒါပေမယ့် မိသားစုကို ဦးဆောင်တာဝန်ယူနေရတဲ့ လက်ထပ်ထားသူ အမျိုးသား တစ်ယောက် အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့အချက်ကို အကျွမ်းတဝင်ရှိနေပြီးဖြစ်တဲ့အတွက် အဲဒီလို ပြသနာတွေ ကို အကောင်းဆုံးဖြေရှင်းနိုင်စေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အပြစ်ကျူးလွန်ခြင်း၊ပြသနာဖြစ်ပွားခြင်းတွေ မှာ သူတို့ချစ်ရတဲ့သူတွေပါဝင်ပတ်သက်မိအောင် လုပ်မိမှာစိုးလို့ပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

Loading...