Khit Lunge

News & Media Website

Menu
  • ျပည္တြင္းသတင္း
  • ႏိုင္ငံတကာသတင္း
  • အႏုပညာရွင္ရပ္ဝန္း
  • အားကစားသတင္း
  • သိမွတ္ဖြယ္ရာ ဗဟုသုတ
  • က်န္းမာေရး
Menu

ကုလားအုတ္ေတြက သူတို႔ရဲ႕ဘို႔ထဲတြင္ ေရကို တစ္ကယ္ပဲ သိုေလွာင္ထားႏိုင္သလား

Posted on December 3, 2019December 3, 2019 by KL

ပရိသတ္ႀကီးတို႔ေရ…..ပူေလာင္ေျခာက္ေသြ႕တဲ့ သဲကႏၲာရထဲမွာ သြားလာလႈပ္ရွားေနၾကတဲ့ ကုလားအုတ္ေတြက သူတို႔ရဲ႕ ဘို႔ထဲတြင္ ေရကိုသိုေလွာင္ထားတတ္ၾကတယ္လို႔ ၾကားဖူးၾကမွာျဖစ္ပါတယ္…။ ထိုကဲ့သို႔ သိုေလွာင္ထားတာက တစ္ကယ္ပဲလား ဒါမွမဟုတ္ လူေတြရဲ႕ ပါးစပ္ေျပာကေန ေပါက္ဖြားလာတာလားဆိုတာကို တိရိစာၦန္ေတြနဲ႔ ပတ္သက္ၿပီး တိက်မွန္ကန္တဲ့ ဗဟုသုတရရွိေစရန္ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္….။ အႏုပညာသတင္း၊ အားကစားသတင္း၊ ဗဟုသုတသတင္းအစရွိတဲ့ က႑ေပါင္းစုံကို စာဖတ္သူတို႔ မ႐ိုးသြားဘဲ စိတ္ဝင္စားမႈရွိေစရန္ တင္ဆက္ေပးေနတဲ့ ကြၽႏ္ုပ္တို႔ Myanmarload page ကို like and follow လုပ္ထားဖို႔ေတာ့ လိုပါလိမ့္မယ္…။

ကဲ….ကုလားအုတ္တို႔ဆီ admin နဲ႔အတူသြားလိုက္ၾကရေအာင္….။ လူတို႔သည္ တိရိစာၦန္တို႔ကို ယာဥ္မ်ားျဖင့္ အသုံးျပဳခဲ့ၾကသည္မွာ ေရွးေခတ္ကာလထဲက စ၍ အခုအခ်ိန္ထိလို႔ ေျပာရမွာျဖစ္ပါတယ္…။ စက္မႈနည္းပညာေတြ ဘယ္ေလာက္ပဲတိုးတက္သည္ျဖစ္ေစ ဆင္၊ ျမင္း အစရွိတဲ့ သတၱဝါတို႔ကို စီးေတာ္ယာဥ္အျဖစ္ စီးပြားရွားတဲ့ေနရာမွာ၎၊ အပန္းေျဖဥယ်ာဥ္စခန္းေတြမွာ၎…အစရွိသျဖင့္ ခိုင္းေစသုံးစြဲၾကေနသည္မွာ ကမာၻ႔ေနရာ အႏွံ႔လို႔ပင္ဆိုလို႔ရပါတယ္…။ ေရရွားပါၿပီး ပူျပင္းတဲ့ သဲကႏၲာရလို ေနရာမ်ိဳးတြင္ေတာ့ ကုလားအုတ္ေတြကိုသာ စီးေတာ္ယာဥ္အျဖစ္ ခိုင္းေစၾကတာျဖစ္ပါတယ္…။ ကုလားအုတ္မ်ားသည္ ေရမေသာက္ဘဲ ၇ ရက္ေလာက္ ၾကာသည္အထိ အသက္ရွင္ေနႏိုင္လို႔ပဲျဖစ္ပါတယ္…။

ကႏၲာရ ခရီးရွည္ႀကီးကို ႏွင္ႏိုင္ၾကေသာ္လည္း ကုလားအုတ္တို႔သည္ သူတို႔ ခႏၶာကိုယ္အတြက္လိုအပ္သည့္ေရကို သူတို႔ ၏ဘို႔ အတြင္း သိုေလွာင္ထားသည္ဆိုသည့္ အခ်က္သည္ကား လုံးဝမမွန္ကန္ပါဘူးေနာ္…။ ကုလားအုတ္တို႔၏ ေသြးနီဥဆဲလ္တို႔သည္ ဘဲဥပုံ သ႑ာန္ ရွည္ေမ်ာေမ်ာရွိေနၾကၿပီး ယင္းေသြးဆဲလ္မ်ားကည္ ကုလားအုတ္တို႔အားေရဓာတ္ခန္းေျခာက္မႈကို ကာကြယ္ေပးလို႔သာျဖစ္ပါတယ္…။ကုလားအုတ္တို႔၏ ေက်ာက္ကပ္ႏွင့္ အူမ်ားက ေရကိုမ်ားစြာ ထိန္းထားႏိုင္ၾကပါတယ္…။ ထို႔ေၾကာင့္ ကုလားအုတ္တို႔၏ က်င္ငယ္ရည္သည္ သကာရည္ကဲ့သို႔ ျပစ္ခြၽဲေနေလ့ရွိၿပီး ယင္းတို႔စြန႔္ပစ္ေသာ က်င္ႀကီးသည္လည္း မီးရႈိ႕၍ရေလာက္ေအာင္ ေျခာက္ေသြ႕ေနပါတယ္…။ ကုလားအုတ္တို႔၏ ဘို႔ထဲတြင္ကား ယင္းတို႔ ခႏၶာကိုယ္အတြက္လိုအပ္ေသာ စြမ္းအင္ကို ထုတ္ေပးသည့္ အဆီမ်ားသာရွိေနတာျဖစ္ပါတယ္…။

Source ေမာင္သာ ေရွးေဟာင္းသုေတသန

Photo credit pngtree

( Unicode )

ပရိသတ်ကြီးတို့ရေ…..ပူလောင်ခြောက်သွေ့တဲ့ သဲကန္တာရထဲမှာ သွားလာလှုပ်ရှားနေကြတဲ့ ကုလားအုတ်တွေက သူတို့ရဲ့ ဘို့ထဲတွင် ရေကိုသိုလှောင်ထားတတ်ကြတယ်လို့ ကြားဖူးကြမှာဖြစ်ပါတယ်…။ ထိုကဲ့သို့ သိုလှောင်ထားတာက တစ်ကယ်ပဲလား ဒါမှမဟုတ် လူတွေရဲ့ ပါးစပ်ပြောကနေ ပေါက်ဖွားလာတာလားဆိုတာကို တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ ဗဟုသုတရရှိစေရန် ဖော်ပြပေးသွားမှာဖြစ်ပါတယ်….။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းအစရှိတဲ့ ကဏ္ဍပေါင်းစုံကို စာဖတ်သူတို့ မရိုးသွားဘဲ စိတ်ဝင်စားမှုရှိစေရန် တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ လိုပါလိမ့်မယ်…။

ကဲ….ကုလားအုတ်တို့ဆီ admin နဲ့အတူသွားလိုက်ကြရအောင်….။ လူတို့သည် တိရိစ္ဆာန်တို့ကို ယာဉ်များဖြင့် အသုံးပြုခဲ့ကြသည်မှာ ရှေးခေတ်ကာလထဲက စ၍ အခုအချိန်ထိလို့ ပြောရမှာဖြစ်ပါတယ်…။ စက်မှုနည်းပညာတွေ ဘယ်လောက်ပဲတိုးတက်သည်ဖြစ်စေ ဆင်၊ မြင်း အစရှိတဲ့ သတ္တဝါတို့ကို စီးတော်ယာဉ်အဖြစ် စီးပွားရှားတဲ့နေရာမှာ၎င်း၊ အပန်းဖြေဥယျာဉ်စခန်းတွေမှာ၎င်း…အစရှိသဖြင့် ခိုင်းစေသုံးစွဲကြနေသည်မှာ ကမ္ဘာ့နေရာ အနှံ့လို့ပင်ဆိုလို့ရပါတယ်…။ ရေရှားပါပြီး ပူပြင်းတဲ့ သဲကန္တာရလို နေရာမျိုးတွင်တော့ ကုလားအုတ်တွေကိုသာ စီးတော်ယာဉ်အဖြစ် ခိုင်းစေကြတာဖြစ်ပါတယ်…။ ကုလားအုတ်များသည် ရေမသောက်ဘဲ ၇ ရက်လောက် ကြာသည်အထိ အသက်ရှင်နေနိုင်လို့ပဲဖြစ်ပါတယ်…။

ကန္တာရ ခရီးရှည်ကြီးကို နှင်နိုင်ကြသော်လည်း ကုလားအုတ်တို့သည် သူတို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့်ရေကို သူတို့ ၏ဘို့ အတွင်း သိုလှောင်ထားသည်ဆိုသည့် အချက်သည်ကား လုံးဝမမှန်ကန်ပါဘူးနော်…။ ကုလားအုတ်တို့၏ သွေးနီဥဆဲလ်တို့သည် ဘဲဥပုံ သဏ္ဍာန် ရှည်မျောမျောရှိနေကြပြီး ယင်းသွေးဆဲလ်များကည် ကုလားအုတ်တို့အားရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးလို့သာဖြစ်ပါတယ်…။ကုလားအုတ်တို့၏ ကျောက်ကပ်နှင့် အူများက ရေကိုများစွာ ထိန်းထားနိုင်ကြပါတယ်…။ ထို့ကြောင့် ကုလားအုတ်တို့၏ ကျင်ငယ်ရည်သည် သကာရည်ကဲ့သို့ ပြစ်ချွဲနေလေ့ရှိပြီး ယင်းတို့စွန့်ပစ်သော ကျင်ကြီးသည်လည်း မီးရှို့၍ရလောက်အောင် ခြောက်သွေ့နေပါတယ်…။ ကုလားအုတ်တို့၏ ဘို့ထဲတွင်ကား ယင်းတို့ ခန္ဓာကိုယ်အတွက်လိုအပ်သော စွမ်းအင်ကို ထုတ်ပေးသည့် အဆီများသာရှိနေတာဖြစ်ပါတယ်…။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Loading…

©2019 Khit Lunge | Design: Newspaperly WordPress Theme