လယ္သမားႀကီးတစ္ေယာက္ဟာ သူရဲ႕လယ္ကြင္းေတြကို လာေရာက္ဖ်က္ဆီးတဲ့ ေမ်ာက္ေတြကို ဘယ္လုိမွ မႏုိင္တဲ့အတြက္ ေနာက္ဆုံးအႀကံဉာဏ္ကုိ ထုတ္သုံးခဲ့ပါတယ္။ အဲဒါကေတာ့ သူရဲ႕ အိမ္ေမြးေခြးကို က်ားပုံစံျဖစ္ေအာင္ အစင္းအေၾကင္းေတြ ျခယ္ေပးလုိက္တာပါ။
ဒီအျဖစ္အပ်က္ဟာ အိႏၵိယက ေက်းရြာတစ္ခုမွာ ျဖစ္ခဲ့တာပါ။ ဒီအႀကံအစည္က သူ႕ကုိယ္ပုိင္ အႀကံအစည္ေတာ့ မဟုတ္ပါဘူးလုိ႔ ကာယကံရွင္ လယ္သမားႀကီးက ဝန္ခံခဲ့ပါတယ္။ အျခားလယ္သမားတစ္ေယာက္က ဒီနည္းနဲ႔ ေအာင္ျမင္ေနခဲ့တဲ့အတြက္ သူလည္း စမ္းသပ္ၾကည့္တာပါတဲ့။

တကယ္လည္း ထိေရာက္တယ္လုိ႔ အဲဒီလယ္သမားႀကီးက ေဒသခံသတင္းစာကို ေျပာပါတယ္။ သူဟာ ဆံပင္ဆုိးေဆးတစ္ခ်ိဳ႕ကုိ အသုံးျပဳၿပီး၊ ေခြးကို က်ားအျဖစ္ အသက္သြင္းလုိက္တာပါ။ သူရဲ႕လုပ္ပ္ေၾကာင့္ ေမ်ာက္ေတြအေပၚ သက္ေရာက္မႈ ရွိမရွိ မေသခ်ာေပမယ့္၊ ေတာ္႐ုံလူဆုိ လန္႔ေျပးႏုိင္တဲ့ကိန္းပါ။
မၾကာေသးခင္တုန္းကလည္း လူေနာက္တစ္ဦးဟာ ေခြးတစ္ေကာင္ကို အခုလုိ ေဆးဆုိးခဲ့တာေၾကာင့္၊ အဲဒီေခြးကိုျမင္ၿပီး လူေတြ လန္႔ျဖန္႔ခဲ့ရတယ္ဆုိတဲ့ ရယ္စရာ သတင္းတစ္ပုဒ္လည္း ထြက္ေပၚခဲ့ဖူးပါတယ္။ တ႐ုတ္နုိင္ငံမွာ လက္ဖက္ရည္ဆုိင္တစ္ခုကလည္း ေခြးေပါက္ေလးေတြကို ပန္ဒါနဲ႔တူေစဖုိ႔ ေဆးဆုိးခဲ့ပါေသးတယ္။

လင္းေဇာ္ကို D Nae Khit Media
ယခုသတင္းသည္ ဒီေန႔ေခတ္ မီဒီယာ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ကူးယူ ေဖာ္ျပျခင္းျဖစ္ပါသည္
( Unicode )
လယ်သမားကြီးတစ်ယောက်ဟာ သူရဲ့လယ်ကွင်းတွေကို လာရောက်ဖျက်ဆီးတဲ့ မျောက်တွေကို ဘယ်လိုမှ မနိုင်တဲ့အတွက် နောက်ဆုံးအကြံဉာဏ်ကို ထုတ်သုံးခဲ့ပါတယ်။ အဲဒါကတော့ သူရဲ့ အိမ်မွေးခွေးကို ကျားပုံစံဖြစ်အောင် အစင်းအကြေင်းတွေ ခြယ်ပေးလိုက်တာပါ။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယက ကျေးရွာတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဒီအကြံအစည်က သူ့ကိုယ်ပိုင် အကြံအစည်တော့ မဟုတ်ပါဘူးလို့ ကာယကံရှင် လယ်သမားကြီးက ဝန်ခံခဲ့ပါတယ်။ အခြားလယ်သမားတစ်ယောက်က ဒီနည်းနဲ့ အောင်မြင်နေခဲ့တဲ့အတွက် သူလည်း စမ်းသပ်ကြည့်တာပါတဲ့။
တကယ်လည်း ထိရောက်တယ်လို့ အဲဒီလယ်သမားကြီးက ဒေသခံသတင်းစာကို ပြောပါတယ်။ သူဟာ ဆံပင်ဆိုးဆေးတစ်ချို့ကို အသုံးပြုပြီး၊ ခွေးကို ကျားအဖြစ် အသက်သွင်းလိုက်တာပါ။ သူရဲ့လုပ်ပ်ကြောင့် မျောက်တွေအပေါ် သက်ရောက်မှု ရှိမရှိ မသေချာပေမယ့်၊ တော်ရုံလူဆို လန့်ပြေးနိုင်တဲ့ကိန်းပါ။
မကြာသေးခင်တုန်းကလည်း လူနောက်တစ်ဦးဟာ ခွေးတစ်ကောင်ကို အခုလို ဆေးဆိုးခဲ့တာကြောင့်၊ အဲဒီခွေးကိုမြင်ပြီး လူတွေ လန့်ဖြန့်ခဲ့ရတယ်ဆိုတဲ့ ရယ်စရာ သတင်းတစ်ပုဒ်လည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တစ်ခုကလည်း ခွေးပေါက်လေးတွေကို ပန်ဒါနဲ့တူစေဖို့ ဆေးဆိုးခဲ့ပါသေးတယ်။
လင်းဇော်ကို D Nae Khit Media
ယခုသတင်းသည် ဒီနေ့ခေတ် မီဒီယာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်