Loading...

သင့််မှာ အဖေရှိသေးရင် (selfie)ဆက်ဖီဆွဲပြီး လိုင်းပေါ်တင်ဖို့ မရှက်ပါနဲ့…

Loading...

ခင်ဗျားမှာ အဖေရှိသေးတယ် ဆိုရင် …သူနဲ့ အတူတူ ဓါတ်ပုံတွေ ရိုက်ပစ် selfie တွေ ဆွဲပစ်ဗျာ…

ပြောင်တိပြောင်စပ်ပုံတွေ ရိုက်ပစ်လိုက်….

ခင်ဗျာ အဖေအတွက် မွေးနေ့ကိတ်လေး suppriseလုပ်ပီး ပေးလိုက်စမ်းပါ …ပုဆိုးတထည်လောက် ဖြစ်ဖြစ်မွေးနေ့လက်ဆောင် ပေးလိုက်ပါ….

ခင်ဗျာအဖေ မစားဘူးတဲ့အစားစာတွေ ဥပမာ ဂျေဒိုးနတ်တို့ hotpopတို့ မြို့မှာပဲ ဝယ်လို့ရတဲ့အစားစာတွေ ပြန်ရင်ဝယ်သွား ဒါမှမဟုတ် လုပ်ကျွေးစမ်းဗျာ

ခင်ဗျာအဖေရဲ့ အိတ်ကပ်ထဲကို လဘက်ရည်ဖိုးဆိုပီး ကိုယ့်လစာထဲက တလတခါ လေးငါးသောင်းလောက် အမေ မသိအောင် ထည့်ပေးစမ်းပ ါ သူသုံးချင်ရာ သုံးရအောင်လို့

social media ခေတ်ကြီးမှာ touch screenတလုံးလောက် ဝယ်ပေးပီး fb viber internetတွေ သုံးတတ်အောင် သင်ပေးလိုက်ပါဗျာ

သားသမီးကို ခေတ်မှီအောင် ကြိုးစားခဲ့တဲ့ အဖေလည်း ခေတ်မှီသင့်တယ်လေ

နာမည်ကြီးတဲ့နေရာတွေ တန်ခိုးကြီး ဘုရားတွေ အဖေမရောက်ဘူးသေးတဲ့ နေရာတွေ တစ်နှစ်တခါ လိုက်ပို့ နိုင်အောင် ပို့စမ်းပါ

နောက်ဆံုံးတခုကဗျာ ခင်ဗျာအဖေရှိနေသခိုက်မှာ ခင်ဗျား အကြောင်းတွေ ရပ်ကွက်ထဲ လဘက်ရည်ဆိုင်ထဲ အာဘောင်ရင်းသန်သန် ကြွားလို့ရအောင်ခင်ဗျား ကြိုးစားလိုက်စမ်းပါဗျာ့တော်အောင် တက်အောင် ထက်အောင် အဖေ ဂုဏ်ယူလို့ ကောင်းအောင်

အခုအချိန်မှာ အပေါ်မှာ ကျမ‌ရေးခဲ့တာတွေ ကျမ အကုန်လုပ်နိုင်တယ်။ဒါပေမဲ့ အဖေမရှိတော့ဘူး့။

လေစားစွာ ခရက်ဒစ် ပေးပါတယ်

Loading...