Loading...

အစ်မကို ဂိမ်းဆော့ဖို့ ဖုန်းငှားတာ၊ မငှားလို့ သတ်ပြီး ကိုယ့်ကိုကိုယ်ပါ သတ်သေခဲ့တဲ့ သူ

Loading...







Source: Oriental Daily



(၁၆) နှစ်အရွယ် ကောင်လေး တစ်ဦးဟာ (၂၁) နှစ်အရွယ် သူ့ရဲ့ အစ်မကို ဖုန်းငှားပြီး သူ့ရဲ့အစ်မက ဖုန်းမငှားတာကြောင့် သူ့ရဲ့အစ်မကို သတ်ခဲ့ပါတယ်။ ကောင်းလေဟာ သူ့ရဲ့အစ်မကို သတ်ပြီးနောက် သူကိုယ်သူလည်း သတ်သေခဲ့ပါတယ်။

တရုတ်နိုင်ငံက ကောင်လေး တစ်ဦးဟာ ဂိမ်းဆော့ဖို့အတွက် သူ့ရဲ့ အစ်မကို ဖုန်းငှားပြီး သူ့ရဲ့ အစ်မက ဖုန်းမငှားလို့ သူ့ရဲ့ အစ်မကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်။ကောင်လေးဟာ သူ့ရဲ့ အစ်မက ဖုန်းမငှားတာကြောင့် အလွန် ဒေါသထွက်ပြီး ဓါးကို ယူလျက် သူ့ရဲ့ အစ်မကို မသေမချင်း ထိုးသတ်ခဲ့ပါတယ်။

သူ့ရဲ့ အစ်မကို ဓါးနဲ့ ထိုးသတ်ပြီးတဲ့ အချိန်မှာ သူလည်းပဲ သူတို့ရဲ့ အိမ်၊ တိုက် (၂၃) ထပ်ရဲ့ ပြတင်းပေါက်ကနေ ခုန်ချခဲ့တာပါ။ ကောင်လေးဟာ တိုက်ပေါ်က ခုန်ချပြီး အလွန်မြင့်တာကြောင့် မြေပြင်ကျသွားတဲ့ အချိန်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့ အဘိုး အပါအဝင် မိသားစုဝင်တွေဟာ အိမ်ထဲမှာ ရှိနေကြပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အမေ တစ်ဦးတည်းသာ ခုန်ချသံကို ကြားပြီး အခန်းထဲကို သွားကြည့်ခဲ့ပါတယ်။ မိခင်ဖြစ်သူက သူ့ရဲ့ သားက သူ့ရဲ့ သမီးကို ဓါးနဲ့ ထိုးသတ်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ မိခင်ဖြစ်သူရဲ့ မွေးနေ့ မတိုင်ခင် (၁) ရက်အလိုလေးမှာ ဖြစ်သွားခဲ့ပါတယ်။ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ဟာ မိခင်ဖြစ်သူရဲ့ မွေးနေ့ မတိုင်ခင် (၁) ရက်အလိုမှာ ဖြစ်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သူ့ရဲ့ မွေးနေ့ကို သမီး နဲ့ သား၊ နှစ်ဦးစလုံး မပါဘဲ ဝမ်းနည်းစွာနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

အခုဖြစ်စဉ်ဟာ မိသားစုအတွင်းမှာ တစ်ဦး နဲ့ တစ်ဦး မျှဝေကြဖို့ နဲ့ ချစ်ခင်ကြဖို့ သင်ကြားပေးပါတယ်။ သွေးသားချင်းတောင် မချစ်ရင် ဘယ်သူမှ မချစ်မှာ မို့လို့ ချစ်ခင်ကြဖို့ လိုအပ်ပါတယ်။

Ko Khant ( D Nae Khit Media )

ယခုသတင်းသည် ဒီနေ့ခေတ် မီဒီယာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်

Loading...